အဲ့တုန်းက ကျနော် အမေစုအိမ်မှာ တာဝန်ကျနေတာ။ အာဏာသိမ်းကာစပေါ့။ တပ်ထဲက သူငယ်ချင်းတစ်ယောက် ဆေးရုံတက်ရတာနဲ့ သူ့ကိုအကူလိုက်သွားပေးရင်း အခွင့်အရေးရတာနဲ့ ဒီဘက်ချက်ချင်းထွက်လာလိုက်တာပါ။ နောက်တစ်ခါ အခွင့်အရေးဆိုတာ မသေချာဘူး။လို့ ကိုအောင်ကျော်ထက်က သူ CDM လုပ်လာတဲ့အကြောင်း ပြောပြပါတယ်။

ကိုအောင်ကျော်ထက်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အနီးကပ်လုံခြုံရေး ယူပေးရတဲ့ ကိုယ်ရံတော်တွေထဲက တစ်ယောက်ဖြစ်ပြီး စစ်ခေါင်းဆောင်အနားမှာ ၆နှစ်ကျော် ၇နှစ်နီးပါးတာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် CDM လုပ်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အနီးကပ် လုံခြုံရေးယူပေးရင်း အာဏာသိမ်းကာလ တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာပဲ ရလာတဲ့အခွင့်အရေးတစ်ခုကို အသုံးချပြီး စစ်ကောင်စီတပ်ကို အပြီးတိုင် စွန့်ခွာခဲ့သူဖြစ်ပါတယ်။

အဲ့တုန်းက ကျနော် အမေစုအိမ်မှာ တာဝန်ကျနေတာ။ အာဏာသိမ်းကာစပေါ့။ တပ်ထဲက သူငယ်ချင်းတစ်ယောက် ဆေးရုံတက်ရတာနဲ့ သူ့ကိုအကူလိုက်သွားပေးရင်း အခွင့်အရေးရတာနဲ့ ဒီဘက်ချက်ချင်းထွက်လာလိုက်တာပါ။ နောက်တစ်ခါ အခွင့်အရေးဆိုတာ မသေချာဘူး။လို့ ကိုအောင်ကျော်ထက်က သူ စစ်တပ်ကနေ CDM လုပ်လာပုံကို ပြောပြပါတယ်။

ကိုအောင်ကျော်ထက်က ၂၀၁၀ ခုနှစ်မှာ အခြေခံစစ်သင်တန်းဆင်းခဲ့ပြီး ကယားပြည်နယ် ဘောလခဲအခြေစိုက် ခမရ ၄၂၉ ကို ၂၀၁၄ခုနှစ်မှာပြောင်းရွှေ့ခဲ့ကာ အဲ့ဒီကနေမှ ၂၀၁၅ ခုနှစ်မှာ မင်းအောင်လှိုင်ရဲ့ လုံခြုံရေးတပ်ထဲရောက်ရှိခဲ့တာလို့ ပြောပါတယ်။

လခတထဲရောက်တာက ၂၀၁၅ ပေါ့။ ကြားထဲ သင်တန်းတက်ရသေးတယ်။ လေထိီးခုန်တို့ လုံခြုံရေးသင်တန်းတို့ဘာတို့ပေါ့။ အဲ့ကနေမှ မင်းအောင်လှိုင်ရဲ့အနီးကပ်လုံခြုံရေးအဖြစ် လုပ်ရတယ်ပေါ့။ မင်းအောင်လှိုင် ပြည်ပ သွားမယ်ဆို ကနတ ဆိုတဲ့အဖွဲ့က တာဝန်ယူတယ်။ ကျနော်တို့က ပြည်တွင်းလုံခြုံရေးအတွက်ပါ။ ဥပမာ စစ်ခေါင်းဆောင် ဒီနေ့ နေပြည်တော်ထဲကနေ ဘယ်ကိုသွားမယ်။ ဘာလုပ်မယ်။ ကျနော်တို့ဆီ အမိန့်ရောက်တာနဲ့ စင်ဝင်အောက် အသင့်စောင့်နေရတာပေါ့။

ကိုအောင်ကျော်ထက်က သူတာဝန်ထမ်းဆောင်ခဲ့တဲ့ ၁၃နှစ်တာ အချိန်အတွင်း တပ်တွင်းဖိနှိပ်မှုမျိုးစုံကိုအများနည်းတူ ခံစားခဲ့ရကြောင်းနဲ့ အိမ်ထောင်ရေးအပေါ် အရာရှိဖြစ်သူရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်တာကိုလည်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။

တပ်ထဲမှာ ခံစားနေရတာတွေကို အပြင်သွားရင် ပြည်သူတွေမြင်ပြီး တစ်မျိုးမထင်သွားအောင် အားတင်းထားရတယ်။ အထူးသဖြင့် တပ်ထဲမှာ ကိုယ့်ရဲဘော်အချင်းချင်းရော ရာထူးအဆင့်တွေကြားမှာ မနာလို မစ္ဆရိယာစိတ်တွေများကြတယ်။ ကျနော့်အမျိုးသမီးက စုတက်ဆောင်းတက်တော့ အမြင်မကြည်ကြဘူးပေါ့။ အမျိုးသမီးက ဥပဒေ တတိယနှစ်အထိပြီးခဲ့တော့ တပ်ရင်းမှူး၁ယောက်ကဆိုမင်းမိန်းမက မျက်စိမမြင်ဘူးထင်တယ်။ ဘာကြည့်ပြီးယူတာလဲဆိုပြီး ကျနော့်ရှေ့မှာပဲ ပေါ်ပေါ်ထင်ထင် ထိုးနှက်ခဲ့ပါတယ်။ အဲ့တုန်းကကိုယ့်အထက်အရာရှိမို့ ဘာမှပြန်မပြောနိုင်ခဲ့ပေမယ့် စိတ်ထဲတော့ တနုံ့နုံ့ပဲ။ ဘယ်နှယ့် ကိုယ့်လက်အောက်ငယ်သား အချင်းချင်း အခုလိုပညာတော်တဲ့ အိမ်ထောင်ဖက်ရတာ ဝမ်းသာဂုဏ်ပြုရမယ့်အစား သူတို့လုပ်တဲ့ပုံကြီးက တော်တော်ကို မနာလိုရာရောက်ပါတယ်။ နောက်ပြီး တပ်ထဲမှာ အရာရှိကတော်ဆိုတာနဲ့ ပညာတတ်၊  ဆယ်တန်းအောင်ရမယ်တို့ဆိုပြီး အပြင်မှာပြောကြပေမယ့် တကယ့်တကယ် ဘာပညာမှမတတ်တဲ့သူတွေ တပုံကြီးပါ။ ဖက်ထိပ်ဆိုလည်း ကိုယ်တွေလက်အောက်ငယ်သားတွေရဲ့မိန်းမတွေချည်းပဲ လုပ်ရတာ သူတို့က ဘော်ကျော့ပဲလို့ကိုအောင်ထက်ကျော်ကသူ့ခံစားချက်တွေကိုရင်ဖွင့်ပါတယ်။

ကျနော့်အနေနဲ့ မင်းအောင်လှိုင်နဲ့အနီးကပ်မို့ အခွင့်အရေးက ပိုရတာမရှိပါဘူး။ သာမန်တပ်သားတွေလိုပဲ ရခဲ့တာပါ။ ဘယ်လောက်ပဲ အဆင်ပြေပြေ မပြေပြေ ပြည်သူကို ပြန်သတ်နေတဲ့အဖွဲ့စည်းထဲ မနေချင်လို့ ထွက်လာလိုက်တာပါ။လို့လည်း သူကပြောပါတယ်။

လက်ရှိ စစ်မျက်နှာစုံမှာ အရှုံးတွေနဲ့ ရင်ဆိုင်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အဖို့ တိုင်းရင်းသားဒေသတွေနဲ့ ပြည်မထဲက ထိတွေ့တိုက်ပွဲနေရာတွေမှာ လေကြောင်းကိုပဲ အားပြုကာ အပြင်းအထန်ခုခံနေရတာဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့ချင်း ယှဉ်တိုက်လို့ မနိုင်တဲ့ဟာ အပြစ်မဲ့ ပြည်သူတွေကိုသာ ဖိနှိပ်သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

လက်ရှိလည်း စစ်တပ်ကရှုံးနေပါပြီ။ သူ့ဘာသာ နှစ်၇၀လောက် သက်တမ်းပဲရှိရှိ မြေပြင်မှာ သူတင်ကိုယ်တင်ဆိုရှုံးနေပါပြီ။ အဓိက လေကြောင်းပဲအားကိုးနေရတာပါ။ သိတဲ့အတိုင်း ကျန်ရစ်တဲ့ မိသားစုကို ရပိုင်ခွင့်တွေမပေးချင်တော့ သေတဲ့သူတွေကို စာရင်းဖျောက်မယ်။ ရှိနေတဲ့သူတွေ CDM မလုပ်ရဲအောင် တင်းကြပ်မယ်။ နောက်ဆုံး စစ်သားမလောက်တော့လို့ ပြည်သူတွေကိုပါ အတင်းအဓမ္မ ဆွဲသွင်းနေရပြီဆိုတော့ မကြာတော့ပါဘူး။လို့ ကိုအောင်ကျော်ထက်က ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၄ ခုနှစ်အတွင်း အပူရုပ်နှင့် ဟန်လုပ်ပြောခဲ့သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နှုတ်ထွက်မိန့်ခွန်းများ

မကြာခင် အချိန်ပိုင်းအတွင်းမှာ ကုန်ဆုံးတော့မယ့် ၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ  တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဖြေရှင်းလိုကြောင်း ၅ ကြိမ်ထက်မနည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 
Read More

မင်းအောင်လှိုင် ၁ နှစ် ၁ ခါ ပုံမှန်သွားရတဲ့ စစ်တက္ကသိုလ် ရေဆင်းကို ပြောင်းရွှေ့ဖို့ လုပ်နေလား၊ ဘာကြောင့်ဖြစ်နိုင်မလဲ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာရှိတဲ့ စစ်တက္ကသိုလ် (DSA) နဲ့ စစ်အင်ဂျင်နီယာ တက္ကသိုလ် (DSTA) ကို အာဏာသိမ်း စစ်ခေါင်းဆောင်တွေက ၉ လအတွင်း နေပြည်တော်၊ ဇေယျာသီရိမြို့နယ်က ရေဆင်းတက္ကသိုလ်ထံကို ပြောင်းရွှေ့ဖို့ စီစဉ်နေကြောင်း သတင်းများစွာ ထွက်ပေါ်နေပါတယ်။
Read More

ဟန်ပြအရေးယူမှုတွေကြား လုံခြုံရေးအထပ်ထပ်နဲ့ တိုးချဲ့လာနေတဲ့ ကျားဖြန့်လုပ်ငန်းများ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး ဟန်ပြတားမြစ်မှုတွေ၊ သတိပေးမှုတွေ ရှိနေပေမယ့် မြေပြင်မှာတော့ ဒီရာဇဝတ်လုပ်ငန်းတွေဟာ အရှိန်ကောင်းကောင်းနဲ့ ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပါတယ်။
Read More

ရုန်းနိုင်မှ သေဘေးက လွတ်မြောက်မည့် စစ်မှုထမ်းတပ်သားများ

ကရင်နီ၊ ရခိုင်နဲ့ အညာစစ်မျက်နှာတွေမှာ စစ်မှုထမ်းတပ်သားသစ် သေဆုံးမှုတွေ ဆက်တိုက်ရှိလာပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ လက်အောက်ကနေ လူငယ်တွေလွတ်မြောက်ဖို့ ကြိုးစားသင့်တယ်လို့ နိုင်ငံရေးအင်အားစုတွေက ဆက်တိုက် တိုက်တွန်းလာနေပါတယ်။
Read More

တရုတ်ဖိအားကြောင့် MNDAA ပါဝင်မှု တစ်ခန်းရပ်သွားသည့်တိုင် နွေဦးတော်လှန်ရေးအရှိန်ကို ဘာအရာမှ တားဆီးလို့မရ

ကိုးကန့်တပ် (MNDAA) ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ လားရှိုးအထိကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အခုလ ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ စစ်ကောင်စီနဲ့ စစ်ပြေငြိမ်းရေး သဘောတူညီချက်စာချုပ်ကို ရေးထိုးလိုက်ပြီလို့ တရုတ်အစိုးရက ဖွင့်ချပြောဆိုလိုက်ပါတယ်။ 
Read More

မင်းအောင်လှိုင် နှင့်သူ၏ တောင်စဥ်ရေမရ စီမံကိန်းများ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လက်တွေ့ ဖြစ်နိုင်ခြင်းမရှိတဲ့ စီမံကိန်းတွေ လုပ်ဆောင်ဖို့ မကြာခဏ တွန်းအားပေး ပြောဆိုလေ့ရှိပါတယ်။