မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ PDF တပ်ဖွဲ့ဝင်တွေကို စိန်ခေါ်ဆဲဆိုနေတဲ့ စစ်တပ်လော်ဘီ ဇော်ဝင်း () မြွေဟောက်ဆိုသူမြို့နယ်လျှပ်စစ်ရုံးရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။

အောက်တိုဘာ ၃၀ရက်၊ မနေ့က ညပိုင်းမှာ နတ်မောက်မြို့၊ EPC ရုံးရှေ့မှာရှိနေတဲ့ ဇော်ဝင်း() မြွေဟောက် ဆိုသူကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ၃ချက် ပစ်ခတ်ရှင်းလင်းပြီး ပြန်လည်ဆုတ်ခွါခဲ့တယ်လို့ လုပ်ဆောင်တဲ့ People’s Defence Organization – Natmauk တာဝန်ရှိသူက ပြောပါတယ်။

သူ့ကို သွားရောက်ရှင်းလင်းခဲ့တဲ့နေရာက နတ်မောက်မြို့လယ်ခေါင် ၊ ရဲစခန်းနဲ့မီတာ ၁၀၀လောက်ပဲဝေးတဲ့ EPC ရုံးရှေ့မှာပါ။ သူ့သမီးကို ကြိုဖို့လာတဲ့အချိန်မှာ ဖြစ်တာပါ။ EPC ရုံးရှေ့ ဆိုင်ကယ်ရပ်ထားချိန် ကျနော်တို့နဲ့တွေ့ပြီး ထွက်ပြေးတယ်။ အဲ့ဒါနဲ့ နောက်ကလိုက်ပစ်ခဲ့ရတာပါ။ နောက်ပြီး သူ့မှာ ပစ္စတိုတစ်လက်နဲ့ လက်ပစ်ဗုံး ၂ လုံးရှိတယ်လို့ သိထားပေမယ့် ရဲစခန်းနားဖြစ်နေတော့ ရှာဖွေချိန်မရခဲ့ဘဲ ပစ်ပြီးတန်းထွက်ခဲ့ရပါတယ်။လို့ People’s Defence Organization – Natmauk တာဝန်ရှိသူက ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ ဇော်ဝင်း() မြွေဟောက်ဆိုသူဟာ ကော်ဘရာ နတ်မောက် ဆိုတဲ့ နာမည်နဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် PDF အဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးလုပ်ကိုင်နေသူတွေကို ဆဲဆိုကြိမ်းမောင်းဖူးသူဖြစ်ပြီး ကိုယ်တိုင်လည်း စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်သလို လက်ရှိမှာလည်း ပျူစောထီးလုပ်နေသူတစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ ဇော်ဝင်း (ခ) မြွေဟောက်

ဒီလူက နတ်မောက်မှာ စကစဒေါက်တိုင်အကြီးစားပါ။ စစ်မှုထမ်းဟောင်းလည်းဖြစ်သလို လက်ရှိလည်း ပျူစောထီးခေါင်းဆောင်လုပ်နေတယ်။ သူ့ကြောင့်ဒုက္ခရောက်ရတဲ့လူငယ်တွေ အများကြီးရှိတယ်။ ပေါ်တာဆွဲပြီး ပိုက်ဆံရှိသူတွေကို သိန်း၁၅၀ ဝန်းကျင်နဲ့ပြန်ရွေးခိုင်းတယ်။ နောက်ပြီး မကြာမကြာ PDFတွေကို Live လွှင့်ပြီး ဆဲဆိုစိန်ခေါ်တာလည်း ရှိပါတယ်။ သူ့ကိုရှင်းလင်းဖို့ ကျနော်တို့အချိန် ၁ လကျော်လောက် ယူခဲ့ရပါတယ်။ သေချာပြီဆိုမှ ဝင်ရောက်ရှင်းလင်းခဲ့တာပါ။လို့ People’s Defence Organization – Natmauk တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် လက်ရှိအခြေအနေအရ စစ်ကောင်စီက နတ်မောက်မြို့ပေါ်မှာ လောင်းကစားဝိုင်းတွေကို တရားဝင်နီးပါး ခွင့်ပြုပေးထားပြီး စစ်အုပ်စုတွေကိုယ်တိုင် ဦးဆောင်လုပ်ကိုင်နေတယ်လို့လည်း သိရပါတယ်။

နတ်မောက်မြို့ပေါ်မှာ လောင်းကစားဒိုင်တွေကပဲ စခ၊ ရခတွေကို အဓိကထောက်ပံ့ပေးနေကြတာပါ။ အခုမြွေဟောက်ဆိုလည်း လောင်းကစားဝိုင်းဒိုင်တွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်တာမျိုးရှိတယ်။ ကျနော်တို့အနေနဲ့ စကစဒေါက်တိုင် လောင်းကစားသမားတွေ ဆင်ခြင်ကြဖို့ ဒီကနေ သတိပေးချင်ပါတယ်။လို့လည်း People’s Defence Organization – Natmauk တာဝန်ရှိသူက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားဂိတ် တိုက်ခိုက်ခံရပြီး စစ်သားနှင့်ပျူ ၉ ဦး သေ၊ ၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်က အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါက်တိုင်းတံတားဂိတ် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီနဲ့ ပျူစောထီး ၉ယောက်သေဆုံးကာ ၇ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ ဗျုဟာအမှတ် (၁၈) လက်အောက်ခံ တပ်ရင်းအမှတ် (၈၀၆) ရဲ့ အမှတ်စဉ်(၁/၂၀၂၄) အခြေခံစစ်ပညာ (သင်တန်းသားသစ်) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန ၊ဗျူဟာအမှတ် (၁၈) လက်အောက်ခံ တပ်ရင်းအမှတ် (၈၀၆) ရဲ့ အမှတ်စဉ်(၁/၂၀၂၄) အခြေခံစစ်ပညာ (သင်တန်းသားသစ်) သင်တန်းဆင်းပွဲကို အောက်တိုဘာ ၁၁ ရက် ဒီနေ့မနက်ပိုင်းက တော်လှန်ရေးနယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သရက်သီးထွက်ကောက်သည့် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၃ ဦး သေဆုံး၊ AK တစ်လက် ရရှိ

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်း ကုက္ကိုစုရွာမှာ သရက်သီးထွက်ကောက်တဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးသေဆုံးသွားတယ်လို့ နွေဦးညီနောင် − ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မလိုအပ်ဘဲ မသွားလာဖို့ PDF သတိပေး

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ  အချိန်မရွေးတိုက်ပွဲတွေ ဖော်ဆောင်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အထူးသတိပြုသွားလာနေထိုင်ပေးဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးပြောဆိုနေပါတယ်။
Read More

ဆီမီးခုံမြို့ပေါ် ညကင်းလှည့်နေသည့် စစ်အုပ်စု အနီးကပ်ပစ်ခံရပြီး ဗိုလ်အပါ ၃ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့ပေါ်မှာ ညဘက်ကင်းလှည့်နေတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီ ဗိုလ် ၁ယောက်နဲ့ အကြမ်းဖက် ပျူစောထီး ၂ယောက် သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

အရာတော်မှာ နယ်မြေစိုးမိုးရေး ကင်းလှည့်သည့် စစ်အုပ်စု ခြုံခိုတိုက်ခံရ၊ ၅ ဦးသေပြီး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ နယ်မြေစိုးမိုးရေးအတွက် ကင်းလှည့်လာတဲ့ ပျူစောထီးနဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း အမှတ်-၁၉၊  ရောင်နီဦးတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။