စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကို အင်အားသုံး မီးရှို့ရင်း အရပ်သား ၃၀ ကျော်ကို ကန့်ဘလူ ၆၀၀၆ တကရ တပ်ရင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ က ပြောပါတယ်။

အောက်တိုဘာ ၃၀ ရက်၊ မနေ့က နေ့လည်ပိုင်းမှာ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာ ပျူအထိုင်စခန်းကနေ ထွက်လာတဲ့ အင်အား ၁၅၀ပါ အကြမ်းဖက်စစ်ကြောင်းဟာ တိုက်နယ်အတွင်းမှာရှိတဲ့ ကျီစုရွာနဲ့ ကျောက်တိုင်ရွာတွေထဲ ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အိုင်ပေါင်းချောင်ရွာခံ ၃၇ယောက်ကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားခံရသူ အရေအတွက်ဟာ စုစုပေါင်း ၃၇ ယောက် ရှိပြီး အမျိုးသား ၃၄ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ဖြစ်ကာ ဘယ်သူဘယ်ဝါဆိုတာနဲ့ ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ က ပြောပါတယ်။

မီးရှို့ခံရတဲ့ ကျီစုတို့ ကျောက်တိုင်တို့က ကန့်ဘလူမြို့နယ်တောင်ဘက်အခြမ်းမှာရှိတာပါ။ အရပ်သားတွေ ဖမ်းသွားတာကတော့ အဲ့ရွာတွေနဲ့ ပျူတွေထွက်လာတဲ့ ကာဘိုးကြားထဲကပေါ့။ အိုင်ပေါင်းချောင်ကို မဝင်ခင် ဒရုန်းနဲ့ချသေးတယ်လို့လည်း ကြားပါတယ်။ မီးရှို့သေးလားတော့မသိပါဘူး။ အရပ်သားတွေကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဖမ်းသွားလဲတော့ မပြောတတ်ပါဘူး။ သိရတာကတော့ ၆၀၀၆ တင့်ကားတပ်ရင်းထဲ ကား၃စီးနဲ့ ဖမ်းခေါ်သွားတာပါပဲ  လို့ ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကို ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ ကျောက်တိုင်ရွာ

အောက်တိုဘာ ၂၉ရက်နေ့ မနက်ပိုင်းမှာ ကန့်ဘလူမြို့နယ်၊ ထန်းကုန်း ရွာကထွက်လာတဲ့ စစ်အုပ်စုတွေနဲ့ ရေဦးမြို့နယ်၊ အောင်သာယာပျူအထိုင်စခန်းကထွက်လာတဲ့စစ်အုပ်စုတွေ ပေါင်းဆုံပြီး ကာဘိုးတိုက်နယ် အထိုင်စခန်းထဲ ညအိပ်တပ်စွဲခဲ့တယ်လို့သိရပါတယ်။

နောက်တစ်နေ့မှာပဲ အဲ့ဒီစစ်ကြောင်းဟာ ကာဘိုးတိုက်နယ်ထဲက ကျောက်တိုင်နဲ့ကျီစုရွာတွေကို အင်အားအလုံးရင်းနဲ့ စစ်ကြောင်းဝင်မီးရှို့ခဲ့တာလို့ ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် ကျီစုရွာနဲ့ ကျောက်တိုင်ရွာထဲက ပျက်စီးဆုံးရှုံးမှုတွေကိုတော့ အခုထိ မသိရသေးပါဘူး။

မီးရှို့ဖျက်ဆီးခံရတဲ့ ကျီစုရွာ

ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ အိမ်ခြေ ၉၀၀နီးပါးရှိတဲ့ ကျီစုရွာဟာ တတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး ရှေ့မှာ အိမ်ခြေ ၆၀၀ ကျော်နဲ့ ဗလီတစ်လုံး မီးလောင်ပျက်စီးထားတယ်လို့ သိရပါတယ်။

အလားတူ ကျောက်တိုင်ရွာဟာလည်း ဒုတိယအကြိမ်မီးရှို့ခံရတာဖြစ်ကြောင်းနဲ့ ပထမတစ်ခေါက် မီးရှို့ဖျက်ဆီးမှုကြောင့်နေအိမ် ၁၇၃ လုံးနဲ့ ဆွမ်းစားဆောင်တစ်ဆောင် မီးလောင်ပျက်စီးထားတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ အထက်ပါကျေးရွာနှစ်ရွာအပါအဝင် ရေဦးမြို့နယ်ထဲက ပင်စိမ်းခင်ရွာကိုလည်း ဒရုန်းနဲ့ ဗုံးသီး၈လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

မြေပုံပေါ်က မြင်ရတဲ့ ကျီစုရွာနဲ့ ကျောက်တိုင်ရွာ
0 Shares:
You May Also Like
Read More

ဖားကန့်တွင် စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ၊ လက်သည်မပေါ်ဘဲ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း ၂ လောင်းလည်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို ထိတွေ့တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားတယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေထံမှ ငြိမ်းချမ်းရေးယူလိုကြောင်း သက်သေပြနိုင်မှာသာ တွေ့ဆုံနွေးနွေးမယ်လို့ မင်းအောင်လှိုင်ပြော

မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထံကနေ ငြိမ်းချမ်းရေးလိုလာကြောင်းပြသမှသာ နိုင်ငံရေးအရ ဆွေးနွေးမှု လုပ်ဆောင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်
Read More

ပခုက္ကူခရိုင်၊ အမှတ် (၇) တပ်ရင်းမှ ရဲဘော် ရတီအောင်(ခ) J7 ရဲ့ ဈာပန အခမ်းအနား (ဓာတ်ပုံသတင်း)

ပခုက္ကူခရိုင်၊ အမှတ် (၇) တပ်ရင်းတွင် တာဝန်ထမ်းဆောင်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူခဲ့တဲ့ ရဲဘော် ရတီအောင်(ခ) J7 ရဲ့ ဈာပနအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

ကျောက်မဲနဲ့ မိုင်းငေါ့ကြား ပြိုကျသွားတဲ့ တံတားကို TNLA က ပြန်လည်တည်ဆောက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ မိုင်းငေါ့အကြားရှိ ပြိုကျပျက်စီးသွားတဲ့ တံတားတစ်စင်းကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်ရေးဌာတာဝန်ရှိသူတွေက ပြန်လည်တည်ဆောက်ပြီးစီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

အနုပညာကြေး လုံးဝမယူခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ ဒေါ်လာ တစ်သိန်းနီးပါး ရန်ပုံငွေရခဲ့တဲ့ လန်ဒန်က တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲ

လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu In London နွေဦးတော်လှန်ရေး တစ်ကိုယ်တော် ဂီတရန်ပုံငွေ ဖျော်ဖြေပွဲကနေ ရန်ပုံငွေဒေါ်လာ တစ်သိန်းခန့် ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၄ နှစ် ကလေးငယ်အပါ ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ ယောက် သေဆုံးခဲ့ပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။