ချင်းပြည်နယ်မှာ အခု ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိသူ ၂ ယောက် အပါအဝင် ၆၁ ယောက် ပလက်ဝ (CDF) ကတဆင့် ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ ပလက်ဝမြို့၊ အိမ်ပြာကုန်းစခန်းကနေ ဗိုလ်မှူးအောင်မျိုးသွင်အပါအဝင် စစ်ကောင်စီတပ်သား (၃၅) ယောက်ဟာ ပြည်သူ့ရင်ခွင်ခိုလှုံဖို့အတွက် ပလက်ဝ (CDF) ဒုတပ်ရင်းမှူးထံ ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်မှူး အောင်မျိုးသွင် ဦးစီးတဲ့အဖွဲ့မှာ အရာရှိ()ယောက်၊ အခြားအဆင့် (၃၁)ယောက်၊ ရဲမေ ()ယောက်၊ စုစုပေါင်း (၃၅)ယောက် ပါဝင်ခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ အိမ်ပြာကုန်းစခန်းကနေ စတင်ထွက်ခွာလာခဲ့ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့မှာတော့  ပလက်ဝ(CDF) တပ်ရင်း()က ဒုတပ်ရင်းမှူးနဲ့ ထပ်မံအဆက်အသွယ်ယူပြီး  ဆမီးမြို့နယ်ကိုသွားရောက်ကာလက်နက်ချအလင်းဝင်ခဲ့တယ်လို့သိရပါတယ်။

ပါလာတဲ့ လက်နက်ခဲယမ်းတွေဖြစ်တဲ့  MA-1 ()လက်၊ MA-2 ()လက်၊ MA-3 ()လက်၊ MA-5 ပစ္စတို()လက်၊ 5.56 ကျည် (၈၃၂)တောင့်၊ ()မမ ပစ္စတိုကျည် (၄၈)တောင့်၊ MA-7 ဗုံးသီး ()လုံး၊ MA-10 ဗုံးသီး (၁၀)လုံး၊ ()မမ ကျည်အိမ် ()ခု၊ 5.56 ကျည်အိမ် (၂၂)ခု၊ လက်ပစ်ဗုံး (၄၃) လုံး၊ ညကြည့်မှန်ပြောင်း ()ခု၊ HYT စကားပြောစက် ()လုံး၊ မြေပြင်ဝေဟင်စက် ()လုံးတို့ကိုလည်းရပ်မိရပ်ဖတွေရှေ့မှောက်မှာစနစ်တကျအပ်နှံခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် နောက်ထပ် ပြည်သူ့ရင်ခွင်ထံ ခိုလှုံလိုတဲ့ ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်တဲ့ အဖွဲ့ကလည်း ဆမီးမြို့ကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဗိုလ်မှူး အောင်မျိုးသွင်က ပလက်ဝ(CDF) ဒုတပ်ရင်းမှူးနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပါတယ်။

ဗိုလ်မှူး အောင်ကိုထွေး အပါအဝင် ဦးစီးအရာရှိ ()ယောက်၊ အခြားအဆင့် (၂၃)ယောက်၊ စုစုပေါင်း (၂၆)ယောက်ကလည်း  ပလက်ဝမြို့နယ်၊ ပွိုင့် (၃၅၈) စခန်းကုန်းကနေ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ စတင်ထွက်ခွာခဲ့ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့  ပလက်ဝ(CDF) ထံကိုအလင်းဝင်ခိုလှုံခဲ့တယ်လို့သိရပါတယ်။

ဗိုလ်မှူးအောင်ကိုထွေး ဦးဆောင်တဲ့ အဖွဲ့ကလည်း သူတို့နဲ့အတူပါလာတဲ့ MA-1 ()လက်၊ MA-3 ()လက်၊ MA-5 ပစ္စတို ()လက်၊ 5.56 ကျည် (၉၄၅)တောင့်၊ ()မမ ပစ္စတိုကျည် (၆၀)တောင့်၊ ()မမ ကျည် အိမ် ()ခု၊ 5.56 ကျည်အိမ် (၂၅)ခု၊ နင်းမိုင်းအသေး ()လုံး၊ လက်ပစ်ဗုံး (၄၁)လုံး၊ TYT စကားပြောစက် ()လုံးတို့ကို ပလက်ဝ(CDF) တပ်ရင်း() လင်းယုန်တပ်ရင်းမှူးထံကိုစနစ်တကျအပ်နှံခဲ့တယ်လို့သိရပါတယ်။

ခုမှ သတင်း ထုတ်ပြန်ရတာကတော့ လုံခြုံရေးကြောင့်ပါ။ နောက်ပြီး အသေးစိတ်စိစစ်နေရတာတွေပါတယ်။ မိသားစုတွေ ရွှေ့ပြောင်းနေတာတွေရှိမယ်။ အဲ့ဒါကြောင့် အခုမှ သတင်းထုတ်ပြန်ရတာပါ။လို့ပြည်သူ့ရင်ခွင်အဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ဗိုလ်မှူးအောင်မျိုးသွင်ဦးစီးအဖွဲ့နဲ့ဗိုလ်မှူးအောင်ကိုထွေးဦးစီးပြီးပြည်သူ့ရင်ခွင်ထံခိုလှုံလာသူစုစုပေါင်း၆၁ယောက်ဖြစ်ပြီးအဲဒီထဲကအယောက်၆၀ဟာတပ်ဖွဲ့ဝင်တွေဖြစ်ကာရဲမေ၁ယောက်ကတော့မိသားစုဝင်ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား အယောက် ၆၀ နဲ့ ရဲမေကို ယောကာကွယ်ရေးတပ်  YDF အဖွဲ့က လက်ခံထားပြီး အစားအသောက်၊ နေထိုင်ရေး၊ ကျန်းမာရေးက အစ လိုလေသေးမရှိ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံ ဖစ်ဘူရီခရိုင်ရှိ CD ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား‌ ၁၄၅၀ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံရ (ရုပ်/သံ)

ထိုင်းနိုင်ငံ ဖစ်ဘူရီခရိုင်အတွင်းရှိ CD ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၄၅၀ ခန့် ကြိုတင်ပြောကြားခြင်းမရှိဘဲ အလုပ်ဖြုတ်ခံခဲ့ရတယ်လို့ အေအေစီရဲမင်းက ၎င်းရဲ့ လူမှုကွန်ရက်ကနေ အသိပေးခဲ့ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ(၃) ကိုယ်ပိုင်အမှတ်- တတ/၁၁၁၅၆၅ တပ်သား- ကိုကိုစိုး၏ ပြောကြားချက် (ရုပ်/သံ)

''အရာရှိတွေ၊ ဆရာတွေက သူတို့တစ်ဝမ်းအတွက်ပဲ သူတို့ကြည့်တယ်။ သူတို့ လက်နဲ့ ဆုပ်လိုက်ပြီး ပိုတဲ့ ဟာတွေပဲ စားရတယ်။ အာဟာရပြတ် ရေလည်း မသောက်ရတော့ စိတ်ဓာတ်တွေကျပြီး ဒီအတိုင်းဆက်နေရင်လည်း သေမယ်။ လမ်းလျှောက်ရရင်လည်း ပစ်ပစ်လဲတယ်။ သေနတ်လည်း မနိုင်တော့တာ။ ပြန်ပစ်ဖို့လည်း အားမရှိတော့ဘူး၊ ကျည်တစ်တောင့် ထွက်ဖို့ အားယူရတာ။ ထမင်းငတ်တာ တစ်လကျော်သွားပြီ။ ဆန်ပြုတ်ရေကြဲ တစ်နေ့တစ်ခွက်ပဲ သောက်ရတယ်”
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများဖြစ်သည့် ခရိုင်ရဲမှူး၊ မြို့နယ်ရဲတပ်ဖွဲမှူး နှင့် ဒု-ရဲမှူးတို့၏ ပြောကြားချက် (ရုပ်/သံ)

“၆ ရက် ၁ လ ၂၀၂၅ ရက်နေ့မှာ ကျနော်တို့ကို ထိန်းသိမ်းထားတဲ့ ကျောင်းဆောင်ကို ည ၁၁ နာရီ ၁၅ မိနစ်အချိန်မှာ လေကြောင်းကနေ တိုက်ခိုက်ခံရပါတယ်။ ကျနော်တို့ဆီက အရာရှိရဲအုပ် ၁ ယောက်၊ ဒုရဲအုပ် ၃ ယောက်၊ အခြားအဆင့် ၃ ယောက် မှီခိုသူအမျိုးသမီး ၁ ယောက် ၈ ယောက် ကျဆုံးခဲ့ပါတယ်။ ကျနော်တို့ကတော့ အဲလိုလာတိုက်ခိုက်လိမ့်မယ်လို့ မထင်ခဲ့ဘူးပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့လည်း ရဲဝန်ထမ်းကနေ အဖမ်းခံထားရတာဆိုတော့ အဲလိုတိုက်ခိုက်လိမ့်မယ်လို့ မထင်ခဲ့ပါဘူး”
Read More

ခလရ ၂၂၈ တပ်ရင်းက အပတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်

''တပ်ထဲမှာ နှစ်ရှည်လများ ၁၅ နှစ်၊ အနှစ် ၂၀ ထမ်းဆောင်တဲ့သူတွေတောင်မှ အခုလိုမျိုး ပြေးချင်နေတာ ကျနော်တို့လို မနေ့တနေ့ကမှ ထမ်းဆောင်ရသူတွေဆို ပိုဆိုးတာပေါ့။ ဒါကြောင့်လည်း ကျနော်ဆုံးဖြတ်ချက်ချပြီး အလင်းဝင်လာချင်ဖြစ်တယ်။ ပြီးတော့ ကျနော်တစ်ဦးတည်း အလင်းဝင်ချင်တာမဟုတ်ဘူး။ ၁၀ နှစ်၊ ၁၅ နှစ် ကောင်တွေတောင်မှ လွတ်မြောက်နယ်မြေမှာ အေးရာအေး ကြောင်းနေဆိုရင် ထိပ်ဆုံးကပြေးမယ့်ကောင်တွေ။ ကျနော်တို့ ပစတွေဆို မပြောတော့နဲ့ပေါ့နော်။ ၂ နှစ်ပြည့်လို့မှ သူတို့ဖက်က ကတိမတည်ဘူးဆိုလို့ရှိရင်၊ သူတို့ကတိမတည်ဆိုတာကိုလည်း ကျနော်ယုံတယ်။ အဲဒါကလည်း ဒီ ၂၀၂၆ လေးလပိုင်း ၈ ရက်နေ့ဆိုရင်မှာပေါ့''
Read More

တာဝန်ထမ်းဆောင်နေစဉ် ကျန်းမာရေးချို့တဲ့ပြီး အသက်ဆုံးရှုံးခဲ့ရသည့် ရဲဘော် မုန်တိုင်း စျာပန (ရုပ်/သံ)

ယင်းမာပင်ခရိုင်တပ်ရင်း ၃၄ က ရဲဘော် ခိုင်ဖြိုးဝေ(ခ) ရဲဘော်မုန်တိုင်း အသက် (၂၈)နှစ်ဟာ တာဝန်ထမ်းဆောင်နေစဉ် ကျန်းမာရေးချို့တဲ့ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ YOMA Fighter PDF -Yinmabin က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တစ်ခုတည်းသောမွန်တပ်တော် ပေါ်ထွန်းလာရေး မွန်တော်လှန်ရေးတပ်ဖွဲ့ (၄) ခုရဲ့ ပေါင်းစည်းမှုအပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် တွေ့ဆုံမေးမြန်းခြင်း

မွန်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်ကြတဲ့ မွန်ပြည် လွတ်မြောက်ရေးတပ် (MLA)၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည် တော်လှန်ရေးတပ် (MSRF) နဲ့ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD) တို့ဟာ ဒီဇင်ဘာလ ၁၈ ရက်က လွတ်မြောက်နယ်မြေ တစ်နေရာမှာ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြပြီး မွန်တော်လှန်ရေးတပ်တွေ အားလုံးပါဝင်တဲ့ တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေး အကောင်အထည်ဖော်ဖို့ သဘောတူခဲ့ကြပါတယ်။