မန္တလေးတိုင်း၊ မြင်းခြံရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ ရဲစခန်းကို ရော့ကတ်လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံကို နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။

မနေ့က အောက်တိုဘာလ ၂၈ ရက် ညနေ ၄ နာရီခန့်က နွားထိုးကြီးမြို့နယ် ၊ ပြင်စည်ကျေးရွာ ရဲ စခန်း၀န်းအတွင်းသို့ Rocket ၅ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပြီး ၂ လုံးသည် အကြမ်းဖက်စစ်သားများ ကင်းပုန်းနေရာကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ရဲစခန်းခေါင်မိုးပွင့်ထွက်သွားပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း နွားထိုး ကြီး PDF ကဆိုပါတယ်။

တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုး ကြီး PDF နှင့် မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်းတို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့တာပါ။

0 Shares:
You May Also Like
Read More

မြိတ်မြို့ဘက်မှ တနင်္သာရီဘက် မောင်းနှင်လာသည့် အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်းအတွင်း မြိတ်မြို့ဘက်ကနေ တနင်္သာရီဘက် မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လန်ဆယ်ဒေသသို့ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ်သားများ ထမင်းမစားရဘဲ တိုက်ပွဲဝင်နေရကြောင်း ဖမ်းဆီးခံ စစ်သုံ့ပန်းပြောကြား (ရုပ်/သံ

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု များပြားလျက်ရှိတယ်လို့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းက ပြောကြားခဲ့ပါတယ်။ 
Read More

ပွင့်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့်လိုက်ပါစီးနင်းလာတဲ့ ယာဉ် ၉ စီးကို မိုင်းဆွဲတိုက်ခိုက် စစ်သားနဲ့ ပျူစောထီး ၆ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ထိန်အိုင်ရွာမြောက်ဘက်မှာ စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့် လိုက်ပါစီးနင်းလာတဲ့ စစ်ယာဉ် ၉ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၆ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပွင့်ဖြူမြို့နယ်မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူတွေ လေကြောင်းရန် အထူးသတိပြုဖို့ SAF အသိပေး (ရုပ်/သံ)

နိုင်ငံအနှံ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းရန်ကို ပြည်သူတွေ ကာကွယ်နိုင်ရေးအတွက် အသိပညာပေး သတင်းစကားတစ်ရပ်ကို ကျောင်းသားလက်ရုံးတပ်တော် SAF ရဲ့ ရဲဘော်တစ်ယောက်ဖြစ်တဲ့ ဟန်နီနွေဦးက ပြောကြားခဲ့ပါတယ်။
Read More

တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်နေမှုများအား ရပ်တန့်ရန် သရုပ်ဆောင် ခါရာ တိုက်တွန်းတောင်းဆို (ရုပ်/သံ)

တရုတ် (ဘေဂျင်း) အစိုးရအနေနဲ့ ကိုယ်ကျိုးစီးပွားကိုသာကြည့်ပြီး၊ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်နေတာတွေ၊ စစ်ကောင်စီကို အားပေးထောက်ခံနေတာတွေကို ရပ်တန့်ဖို့ သရုပ်ဆောင် ခါရာက တရုတ်ဘာသာစကားနဲ့ သူ့ရဲ့ လူမှုကွန်ရက်ကနေ ဧပြီလ ၂၈ရက်နေ့က တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
Read More

တောင်ငူမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အောင်သပြေကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။