ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က အညာဒေသမှာ အခြေစိုက်တဲ့အခါ NUG ကာကွယ်ရေး၀န်ကြီးဌာန လက်အောက်ခံ PDF တပ်ဖွဲ့တွေအပါအ၀င် တခြားသော အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးကို အောင်မြင်အောင် ဆောက်ရွက်မယ်လို့ BPLA  ရဲ့ တပ်ဖွဲ့ကွပ်ကဲရေးမှူး မောင်ဆောင်းခက ပြောကြားလိုက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ပါ၀င်တိုက်ခိုက်နေတဲ့ BPLA တပ်ဖွဲ့ရဲ့ကွပ်ကဲရေးမှူးက သူ့ရဲ့ လူမှုကွန်ယက်ကတဆင့် မနေ့က အောက်တိုဘာ ၂၈ ရက်နေ့မှာ အသိပေးပြောကြားခဲ့တာပါ။

ကျနော်တို့ အညာဒေသကို အခြေချတဲ့အခါ MOD/PDF တပ်ရင်းတွေနဲ့ရော၊ MOD လက်အောက်ခံမဟုတ်တဲ့ အခြားအင်အားစုတွေနဲ့ပါ ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ BPLA က ဗမာလူမျိုးစုကိုယ်စားပြုဖို့နဲ့ ဗမာလူထုရဲ့အသိအမှတ်ပြုမှုရရှိဖို့ တဆင့်ချင်း အကောင်းအထည်ဖော်သွားပါမယ်လို့ မောင်ဆောင်းခက အသိပေးရေးသားထားပါတယ်။

BPLA ဟာ NUG/MOD လက်အောက်ခံတပ်မဟုတ်ပေမယ့် ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံ တပ်ဖွဲ့တွေအားလုံးနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက်ကြိုးစားသွားမယ်လို့ ကတိပြုပါတယ်လို့လည်း မောင်ဆောင်းခက ဆိုပါတယ်။

(ဓာတ်ပုံ Maung Saungkha’s Facebook)

BPLA တပ်ဖွဲ့ အနေနဲ့ မကြာခင် အညာမှာအခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်တော့မယ်ဆိုတဲ့အကြောင်းကို အောက်တိုဘာလ ၂၇ရက်နေ့က ထုတ်ပြန်ပြီး ဖြစ်ပါတယ်။

ကဗျာဆရာတဖြစ်လဲ BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခက ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့မှာ အခုလိုအသိပေးထုတ်ပြန်ပြီး အညာဒေသမှာ စစ်ရေးတွေဖော်ဆောင်တော့မယ်လို့ အသိပေးခဲ့တာပါ။

BPLA ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA TNLA AA တို့နဲ့အတူ ၀င်ရောက်ပြီးတိုက်ခိုက်ကာ စစ်ရေးအတွေ့အကြုံတွေ ရယူထားတဲ့ တပ်ဖွဲ့လည်းဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း  ဗမာလူထုကိုကိုယ်စားပြုဖို့ ရည်ရွယ်ကာ ကရင်ပြည်နယ်အတွင်းမှာ BPLA ကို စတင်အခြေပြုဖွဲ့စည်းနိုင်ခဲ့ပြီး တစ်နိုင်ငံလုံးမှာ တပ်ဖွဲ့၀င်တွေကိုဖြန့်ကျက်ကာ တိုက်ပွဲတွေဖော်ဆောင်ဖို့ ရည်ရွယ်လာခြင်းပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဇန်နဝါရီ ပထမလဝက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၉) ယောက် လက်နက် (၂၄) လက်နဲ့တကွ အလင်းဝင်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတွေကို ဆက်သွယ်ပြီး ဇန်နဝါရီလ ပထမလဝက်အတွင်း  စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၉)ယောက် အလင်းဝင်ရောက်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁ယောက်ကို ချင်းတွင်းကာကွယ်ရေး အထူးတပ်ဖွဲ့ (CDF) ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ လဝကရုံးကနေ ကိုယ်လွတ်ရုန်းထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့(CDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လုံစံ၊ မျက်ချီးနု၊ လုံဝယ်၊ ဉာဏ်တော၊ နောင်လင်နဲ့ နောင်အောကျေးရွာကြားတို့မှာ စစ်ကောင်စီတပ်နဲ တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၄၅)လုံး၊ လက်နက်ကြီး (၃၂)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချင်းပြည်နယ်တစ်ခုလုံးမှာ စစ်ကောင်စီ ထိန်းချုပ်နိုင်သည့်မြို့ ၃ မြို့သာကျန်ရှိ၊ တီးတိန်ကို ဆက်လက်ထိုးစစ်ဆင်မည်ဟု ချင်းညီနောင် ကြေညာ

ချင်းပြည်နယ် ဖလမ်းမြို့ကို ပူပူနွေးနွေး သိမ်းပိုက်ထားတဲ့ ချင်းညီနောင်အဖွဲ့ဟာ တီးတိန်မြို့နယ်ကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ကြေညာလိုက်ပါတယ်။
Read More

ဖလမ်း နောက်ဆုံးခံစစ်ဖြစ်သည့် ခလရ ၂၆၈ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သေဆုံး

စစ်ကောင်စီတပ်တွေနဲ့ ချင်းညီနောင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဖလမ်းမြို့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးခံစစ်ဖြစ်တဲ့ အမှတ် ၂၆၈ ခြေလျင်တပ်ရင်း (ခလရ ၂၆၈) က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်း ဆိုသူဟာ တိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

အမ်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၁ စီးကို ပစ်ခတ်ခဲ့ရာ ထိမှန်ခဲ့တယ်လို့ AA အတည်ပြု

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဆီ စစ်ကူနဲ့ လက်နက်ခဲယမ်းရိက္ခာတွေ ပို့ဆောင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ရဟတ်ယာဉ် ၁ စီးကို ရက္ခိုင့်တပ်တော် AA က ပစ်ခတ်ခဲ့ရာ ထိမှန်ခဲ့တယ်လို့ AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက အတည်ပြုထားကြောင်း ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။