ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မယ်ဟန်ရွာက ရွှေမြင်းနှစ်ကောင် စက်ရုံကို ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၅ ရက် မွန်းလွဲပိုင်းမှာ အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီတပ်ဟာ လားရှိုးမြို့၊ မယ်ဟန်ရွာရှိ ရွှေမြင်းနှစ်ကောင်စက်ရုံကို လေကြောင်းကနေ ဗုံး ၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း အရပ်သားတစ်ယောက် သေဆုံးကာ စက်ရုံအဆောက်အအုံအချို့ ပျက်စီးခဲ့ပြီး စက်ရုံအနီးရှိ မျိုးရိုးဘိုးဘွားခန်းမတစ်ခုလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

 

(ဓာတ်ပုံ 果敢资讯网)

0 Shares:
You May Also Like
Read More

မိုးကုတ်မှာ ပကဖ က ပြည်သူတွေဆီ စစ်သတင်းလွှာ ဖြန့်ဝေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့က ပြည်သူတွေဆီကို မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စီစဉ်ပံ့ပိုးမှုနဲ့ စစ်သတင်းလွှာတွေ  ဖြန့်ဝေနေတယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

မြင်းခြံမြို့အနီး အင်အားထောင်ချီ စစ်တပ်နှင့် ၁၁ ရက်တာ တိုက်ပွဲဖြစ်၊ အကြမ်းဖက်စစ်သား ၇၀ အထက် သေ၊ ၁၇၀ ကျော် ဒဏ်ရာရပြီး MBT တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့အနီးမှာ ၁၁ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က တပ်သား ၇၀ နဲ့အထက် သေဆုံးခဲ့သလို ၁၇၀ ကျော် ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အရက်ဆိုင်တွင် ပျူစောထီး ၃ ဦး ပစ်ခတ်ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ပျူစောထီး ၃ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
Read More

ချင်းပြည်နယ်အတွင်း ဒုတိယမြောက် မြို့သိမ်းတိုက်ပွဲအဖြစ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ BNRA ပါဝင်ခဲ့

ချင်းပြည်နယ်ရဲ့ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးမှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ချင်းညီနောင်နဲ့အတူ ဒုတိယမြောက်မြို့သိမ်းတိုက်ပွဲအဖြစ် ပါဝင်ခဲ့တယ်လို့ BNRA က အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ဗိုလ်နာမည် အသုံးချကာ မူးယစ်ဆေးသုံးစွဲသူထံမှ ငွေကျပ် ၆၅ သိန်း တောင်းခံသည့် အုပ်ချုပ်ရေးမှူး ဖမ်းဆီးချုပ်နှောင်ခံရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်ဗိုလ်နာမည်အသုံးချပြီး မူးယစ်ဆေးဝါးသုံးစွဲသူဆီက လိမ်လည်ငွေညှစ်ခဲ့တဲ့ သဲတော၊ အမှတ်၁ ကံဦးရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်ညွန့်ဆိုသူ ဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း Voice Of Wundwin တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကမ္မရဲစခန်းမှ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် အမျိုးသားဖြစ်သူ သေဆုံးပြီး ဇနီးဖြစ်သူဒဏ်ရာရ

"ကမ္မမြို့ပေါ်ရဲစခန်းကနေ ပစ်တာ၊ ရပ်ကွက်ထဲကအိမ်ကိုကျတာ၊ သေဆုံးသွားတဲ့သူတွေက လင်မယား ၂ ယောက်လို့သိရတယ်၊ သေတဲ့သူက အမျိုးသား… ဒဏ်ရာရသူက သူ့ရဲ့ဇနီးလို့သိရတယ်၊ သူ့မိန်းမလည်း ဒဏ်ရာပြင်းထန်တယ်လို့ကြားတယ်" လို့ ကမ္မဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ် ။