စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်း ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ ယောက်က သေနတ် ၁ လက်နဲ့ အလင်းဝင်လာတာကြောင့် ဆုငွေချီးမြှင့်ခဲ့တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း ၄ ဆီက သိရပါတယ်။

ကန့်ဘလူမြို့နယ်၊ ဇီးကုန်းရဲစခန်းကနေ ရဲတပ်သား ၁ ယောက်က အောက်တိုဘာလ ၁၃ ရက်မှာ G3 ‌သေနတ် ၁ လက် ယူဆောင်လာပြီး ကန့်ဘလူခရိုင် တပ်ရင်း ၄ ဆီ အလင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကန့်ဘလူခရိုင် တပ်ရင်း ၄ အနေနဲ့ လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့တဲ့ ရဲတပ်သားရဲ့ နေထိုင်ရေးနဲ့ လိုအပ်တာတွေကို ကူညီထောက်ပံ့မှုတွေလည်း ဆက်ပြီး ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပုပ်ရဟန်းမင်းကြီး ကွယ်လွန်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား သားဖြစ်သူ ကင်မ်အဲရစ် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ကွယ်လွန်သွားပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးအတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား သားဖြစ်သူ ကင်မ်အဲရစ်က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် အသိပေးပါတယ်။
Read More

မင်းတုန်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် အလစ်အငိုက် ချေမှုန်းခံရပြီး အယောက် ၃၀ နီးပါးသေ၊ လက်နက်ခဲယမ်းတွေနဲ့အတူ တပ်ကြပ်အဆင့် စစ်သုံ့ပန်းတစ်ယောက်လည်း ဖမ်းဆီးရမိ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ မြို့တောင်ဘက်ပိုင်းက ကျေးရွာတွေဆီ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်ရင်းတွေကို ဟန့်တားတိုက်ခိုက်ရင်း စစ်ကောင်စီတပ်သား ၃၀ခန့်ကို ချေမှုန်းနိုင်ခဲ့သလို သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၄)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။
Read More

ခမရ (၅၅၇)တပ်ရင်းမှ တပ်သား(၁)ဦး တနင်္သာရီမြို့နယ် ပကဖထံ လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ခမရ (၅၅၇)တပ်ရင်းက စစ်သား(၁) ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုင်းပြည်ရဲ့ စီးပွားရေးဟာ မြေပြင်မှာ တိုးတက်မှုနည်းပါးနေတယ်လို့ မင်းအောင်လှိုင်ဝန်ခံပြောဆို

စီးပွားရေးနဲ့ပတ်သက်ရင် နိုင်ငံဟာ မြေပြင်မှာ တိုးတက်မှုနည်းပါးနေသေးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံပြောကြားလိုက်ပါတယ်။
Read More

“ရန်ကုန်အဝင် ချပ်ဝတ်ဆင်” မှ ရရှိသည့် စစ်ဝတ်တန်ဆာများကို ရှေ့တန်းရဲဘော်များထံ သွားရောက်တပ်ဆင်ပေး

"ရန်ကုန်အဝင် ချပ်ဝတ်ဆင်” ကျည်ကာကမ်ပိန်းကတဆင့် တော်လှန်ပြည်သူတွေရဲ့ ထောက်ပို့ငွေတွေနဲ့ ဝယ်ယူထားတဲ့ VEST ၊ ကျည်ကာ၊ ဦးထုပ် အစုံရေ (၅၀) ကို ရှေ့တန်းရဲဘော်တွေဆီ သွားရောက်တပ်ဆင်ပေးခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ၁ က ထုတ်ပြန်ပါတယ်။
Read More

ရေပြာရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ယောက် ထွက်ပြေးလွတ်မြောက်ခဲ့

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ယောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီး၂ယောက်လည်း ပါဝင်တယ်လို့ လွတ်မြောက်သူတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။