စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက မီတာ ၅၀ အကွာအထိ အနီးကပ်ဝင်ရောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောကျီးကန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

၁ နာရီခွဲကျော်ကြာ ထိတွေ့တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးခဲ့ကာ စစ်သားနဲ့ ပျူစောထီး ၅ ယောက် သေပြီး ၁၀ ယောက်ဝန်းကျင်ခန့် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ဆင်ရေးကို တောကျီးကန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရွှေဘိုမြို့နယ်၊ မြို့နယ် ပကဖ၊ မြို့နယ် PDO တိုက်ခိုက်ရေးအဖွဲ့၊  မြို့နယ် PDO Drone အဖွဲ့၊ တိုက်နယ်၂ပကဖ၊  တိုက်နယ်၃ပကဖ၊ တိုက်နယ်၅ ပကဖ၊ ဒီပဲယင်း ပကဖ၊ ညောင်ဦး ပကဖ၊ ဂဠုန်ကြီး Fixed Wings Drone၊ အားမာန် Fixed Wings Drone အဖွဲ့ ၊ IC Fixed Wings Drone အဖွဲ့ နဲ့ ဘီလူးညီနောင်  Fixed Wings Drone အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ် PDF ရဲ့ မြို့တွင်းအထူးစစ် ဆင်ရေးသင်တန်းအမှတ်စဥ် (၁) သင်တန်း ဆင်းပွဲ (ရုပ်/သံ)

ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းရဲ့ စစ်အခြေခံသင်တန်း အပတ်စဥ် (၇) နဲ့ မြို့တွင်းအထူးစစ် ဆင်ရေးသင်တန်းအမှတ်စဥ် (၁) သင်တန်း ဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့တယ်လို့ Dawei District Battalion 2 က အသိပေး ထုတ်ပြန်ပါတယ်။
Read More

နီပေါဆန္ဒပြပွဲအတွင်း သေဆုံးသူ ၂၀ ကျော်အထိ ရှိလာ (ရုပ်/သံ)

နီပေါနိုင်ငံမှာ ဆိုရှယ်မီဒီယာတွေကို ပိတ်ပင်လိုက်တဲ့အတွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီး နီပေါ ဝန်ကြီးချုပ် ကေပီရှာမားအိုလီ နုတ်ထွက်သွားခဲ့ပါတယ်။
Read More

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီ နေ့စဉ် လေကြောင်းဗုံးကြဲပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ (ရုပ်/သံ)

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်က နေ့စဉ်နှင့်အမျှ လေကြောင်းဗုံးကြဲ၊ နေအိမ်တွေကို မီးရှို့၊ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့  တနင်္သာရီမြို့နယ် ပကဖ က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-ပြည်လမ်း စစ်ကွင်းတာဆုံဂိတ်ကို စီးနင်းတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၈ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ စစ်ကွင်းမြို့၊ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည်လမ်းပိုင်းမှာ တပ်အထိုင်ချပြီး ပြည်သူ တွေထံက ငွေညှစ်နေတဲ့ စစ်ကွင်းတာဆုံ စစ်ဆေး‌ရေးဂိတ်ကို မတ်လ ၂၀ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ထံက သိရပါတယ်။
Read More

ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ဆောင်နန်းခဲကျေးရွာတိုက်ပွဲမှတ်တမ်း (ရုပ်/သံ) 

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်နန်းခဲကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA နဲ့ အင်းလေး PDF တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Battalion 1009:Inle People's Defence Force-IPDF က ထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဦး-ချောက်လမ်းမှာ စစ်ကောင်စီဗိုလ်ကြီး ညီညီမျိုးဆွေနှင့် ဗိုလ်ကြီး စိုးထွဋ်ကျော်ကို ဖမ်းမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ချောက် လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီး ညီညီမျိုးဆွေနဲ့ ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပကဖ ထံက သိရပါတယ်။