ကရင်ပြည်နယ်၊ မြဝတီမြို့က ကုန်သွယ်ရေးဇုန်အတွင်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ စစ်သားတွေချပေးနေတယ်လို့ ဒေသခံရဲ့အဆိုကို ကိုးကားပြီး မောင်းမီဒီယာမှာ မနေ့က ကနဦးသတင်းဖော်ပြခဲ့ပါတယ်။

အဆိုပါသတင်းမှာ ဖော်ပြထားတဲ့စစ်ကောင်စီရဲ့လေကြောင်းအင်အားဖြည့်တင်းမှုဟာ ရိက္ခာနဲ့ လက်နက်ပစ္စည်းတွေပေးပို့မှုသာ ဖြစ်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ဒီနေ့နေ့လယ်မှာ ပြန်လည်အတည်ပြုပြောဆိုပါတယ်။

မနေ့က ကေ့စ်က အဲဒီလိုမဟုတ်ဘူး။ အဲဒီဟာက ဘယ်လိုဖြစ်တာလဲဆိုတော့ ရိက္ခာတွေလာပို့တာ။ ရိက္ခာတွေက သူတို့ (စစ်ကောင်စီ) ထောင်ထားတဲ့ မိုင်းတွေထဲကို ရောက်သွားပြီ။ ရောက်သွားတဲ့အတွက် သူတို့သွားယူလို့မရဘူး။ ယူတာနဲ့ KNU က စနိုက်ပါနဲ့ လှမ်းပစ်တယ်။ အဲဒါကြောင့် ရိက္ခာတွေ ၁၀၁၂ ထုပ်လောက်တော့ သူတို့ဆီရတယ်။ ကျန်တာတွေက ရွာတွေထဲကျတယ်၊ သူတို့ထောင်ထားတဲ့ မိုင်းကွင်းတွေထဲရောက်နေလို့ ဘယ်လိုမှသယ်လို့မရဘူး။လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ယောက်က မောင်းကို ပြောပါတယ်။

လေကြောင်းနဲ့ ပေးပို့လာတဲ့ ရိက္ခာထုပ်တွေဟာ စစ်ကောင်စီရဲ့ခမရ ၂၇၅ ကို လာရောက် အားဖြည့်ပေးတာ ဖြစ်ကြောင်းနဲ့ လူသေဆုံးမှုရှိခြင်းမှာ မဟုတ်ကြောင်း သူက ဆက်ပြောထားပါတယ်။

KNLA နဲ့ နီးစပ်တဲ့ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တစ်ယောက်ကလည်းပစ္စည်းဒီတိုင်းပဲချသွားတာ၊ အဲဒါလေထီးမပွင့်ပဘဲ ကျတဲ့ဟာက (ရှည်) မျောမျောကြီးဖြစ်နေတာ။ လေထီးမပွင့်တော့ လူပုံစံကြီးဖြစ်နေတာ မျောမျောကြီးဖြစ်နေတာ အဲဒါကို အဝေးကကြည့်တော့ (လူ) ထင်တာနေမှာလို့ မောင်းကို ရှင်းပြပါတယ်။

စစ်ကောင်စီက ချထားတဲ့ အဲဒီရိက္ခာနဲ့ လက်နက်ခဲယမ်းတချို့ကို တော်လှန်ရေးတပ်တွေဘက်က သိမ်းဆည်းရရှိပြီး အချို့ကတော့ အနီးအနားကရွာတွေထဲ ကျရောက်သွားခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ဖိနပ်တွေ ပါတယ်၊ စစ်အင်္ကျီတွေပါတယ်၊ တချို့ဟာက သေတ္တာပုံးတွေနဲ့ လက်နက်ခဲယမ်းတွေပါပါတယ်။တခြားပစ္စည်းတွေလည်းရတယ်၊ ဆီဘူးတွေတောင်ရသေးတယ်။ ပို့တိုင်းရတယ်လို့ သူက ပြောပါတယ်။

ပစ္စည်းတချို့တစ်ဝက်ကို ဒေသခံရွာသားတွေ ရရှိခဲ့သလို BGF တပ်တွေကလည်း လာရောက် ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

အခုလို စစ်လက်နက် ရိက္ခာမဖြည့်တင်းခင်ကလည်း စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ မြဝတီအာရှလမ်းမကြီး ဒေါနတောင်ပေါ်ကို ဗုံးကြဲတိုက်ခိုက်မှုတချို့ ပြုလုပ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်ရှောင်နေအိမ်များကို ဖောက်ထွင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြိုတိုက်ခိုက်ခံရ​၊ ၆ ဦး သေပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ ပဲခူးတိုင်းအစပ်က စစ်ရှောင်ကျေးရွာတွေကို ဖောက်ထွင်းပြန်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၆ယောက်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

BPLA မွေးနေ့အခမ်းအနားကို TRI ဗျူဟာမှူး တက်ရောက် ဂုဏ်ပြုစကားပြောကြား

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI ဗျူဟာ) ရဲ့ ဗျူဟာမှူးက အမှတ် (၃၀၈) အညာစစ်ဒေသရှိ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ (၄) နှစ်ပြည့် မွေးနေ့အခမ်းအနားကို တက်ရောက်ကာ ဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

စဉ့်ကူးတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကြံ့ခိုင်ရေးရုံး ထိမှန်ပျက်စီး 

စစ်ကိုင်းတိုင်း၊ စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကြံ့ခိုင်ရေးပါတီ ရုံးအဆောက်အဦး ထိမှန်ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က  သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ဆိပ်ဖြူတွင် ကပစ ၂၂ အား သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားပေးတိုင်ကို စစ်ရေးအရ အရေးပါမှုကြောင့် တော်လှန်ရေးအင်အားစုများ မိုင်းခွဲတိုက်ခိုက်…

" မီးလိုင်းက စလင်းဘက်ကနေ ဆက်သွယ်ထားတာပါ။ ကျနော်တို့ဖောက်ခွဲခဲ့တဲ့နေရာက ဆိပ်ဖြူကနေ လာရင် ၉မိုင်လောက်အကွာမှာဖောက်ခွဲခဲ့တာပါ။ မီးလိုင်းဖျက်တောက်တယ်ဆိုတာကလည်း စစ်ရေးအရ​အရေးပါလို့ပါ။ " လို့ ဆိပ်ဖြူ ပြောက်ကျားတစ်ကိုယ်တော် ကျားဇိုးပြည်သူ့ကာကွယ်ရေးအဖွဲ် တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

သပိတ်ကျင်းတွင် စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စိုးမိုးနယ်မြေအတွင်း ပြည်သူကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တဲ့ PLA (ဓာတ်ပုံသတင်း)

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်အောက်ခံ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA (အမှတ် ၈၁၅ တပ်ဖွဲ့ ၊ အနောက်မြောက်စစ်ဒေသ) ဆေးတပ်ဖွဲ့က စိုးမိုးနယ်မြေအတွင်းရှိ အဖိနှိပ်ခံပြည်သူလူထုကို အခြေခံကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ သိရပါတယ်။