ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာကို ကင်းထောက်လာတဲ့ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF ထံက သိရပါတယ်။

မနေ့ကအောက်တိုဘာလ၂၁ရက်၊နေ့လည်မှာဘော်ဘင်ကနေကင်းထောက်ထွက်လာတဲ့အဲဒီပျူစောထီးကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ကျနော်တို့ လက်ရှိတော့ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပါတယ်။ အခုတော့ လွှတ်ပေးလို့ မရသေးပါဘူး။လို့ BTZM GBK PDF ကဗိုလ်တေဇမင်းကမောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့၊ ညနေပိုင်း ၂ နာရီဝန်းကျင်အချိန်ကလည်း စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ ဘော်ဘင် တမံ အမှတ်၁ဘောင်ပေါ်ကိုဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

သူကပဲ ဆက်လက်ပြီးဒရုန်းနဲ့ လာတိုက်တာ ၄ကြိမ်ပါ။ ၆၀ ပြင်းအားတွေနဲ့ပါ။ ပြည်သူထိခိုက်မှုတော့ မရှိခဲ့ပါဘူးလို့ဆိုပါတယ်။

အဲ့ဒီနောက်ည၈နာရီအချိန်မှာလည်းဘော်ဘင်ကျေးရွာအုပ်စု၊ထိပ်အောင်စိုးမိုးရွာထိပ်ကနေပြီးတော့စစ်ကောင်စီတပ်တွေကလက်နက်ကြီးနဲ့၅ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

လက်နက်ကြီးဟာဘော်ဘင်အုပ်စု၊သရက်ပင်အိုင်တံတားထိပ်ကပြည်သူနေအိမ်၁လုံးပေါ်ကျရောက်ပေါက်ကွဲခဲ့တာကြောင့်နေအိမ်၁လုံးပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။

BTZM GBK PDF ကလာမယ့်ရက်ပိုင်းတွေမှာတိုက်ပွဲတွေပြင်းထန်လာနိုင်တာကြောင့်ပြည်သူတွေအနေနဲ့သတိထားသွားလာပြီးစစ်ကောင်စီနဲ့အနီးကပ်နေထိုင်တာတွေမလုပ်ဆောင်ဖို့ကိုလည်းထုတ်ပြန်ကြေညာထားပါတယ်။

ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး (ဓာတ်ပုံ BTZM GBK PDF)
0 Shares:
You May Also Like
Read More

မောင်မယ်ရှောင်ကျေးရွာမှာ ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒေါနတပ်ရင်း စိုးမိုးနယ်မြေက လူနေကျေးရွာကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်

မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စကခ (၁၉) လက်အောက်ခံ ခလရ (၆၁) က နိုဝင်ဘာလ ၁၂ ရက် မနက်ပိုင်းမှာ တိုက်ပွဲမဖြစ်ပွားဘဲ ဒေါနတပ်ရင်း စိုးမိုးနယ်မြေကို လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ကျေးရွာတစ်ရွာရဲ့ စာသင်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေါနတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲနေတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁၅ ယောက် သေ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာ လနဲ့ချီပြီး တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်သား ၁၅ ယောက် သေဆုံးပြီးလက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်ကောင်စီအတွက် ပေါ်တာဆွဲပေးနေသူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စု၊ နတ္တလင်းကျေးရွာမှာ နေထိုင်တဲ့ ခင်စိုး ဆိုသူဟာ စစ်ကောင်စီအတွက် ပေါ်တာဆွဲပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရေးပြောက်ကျားတပ်ကို စတင်တည်ထောင်ခဲ့တာ လေးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်၊ လက်ရှိပြုလုပ်နေသော ဆန်အိတ်တစ်ရာကမ်ပိန်းတွင်လည်း ပါဝင်ကူညီပေးကြပါရန် တိုက်တွန်း

ရေးပြောက်ကျားတပ်ကို စတင်တည်ထောင်ခဲ့တာ ဒီကနေ့ လေးနှစ်ပြည့်မြောက်ခဲ့ပြီလို့ သိရပါတယ်။
Read More

(၁၆) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရရှိသူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားငယ် ကိုထိန်လင်း ဆုလက်ခံ ရယူ

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့က ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲအခမ်းအနားမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို သားငယ်ကိုထိန်လင်း(ခ) ကင်အဲရစ်က ကိုယ်စား လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။