ကချင်ပြည်နယ် ပန်ဝါမြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေထံကနေ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့တဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံလာပါတယ်။

မြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်သားတွေနဲ့ ပြည်သူ့စစ်တပ်တွေထံကနေ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့သလို လက်နက်ခဲယမ်းတွေ စွန့်ပစ်ကာ အရပ်ဝတ်လဲပြီး တပ်ဖျောက်သွားတဲ့ စစ်ကောင်စီလက်အောက်ခံတပ်တွေထံကလည်း ပန်ဝါမြို့ကို နယ်မြေရှင်းလင်းရေးလုပ်စဉ် လက်နက်သိမ်းသိမ်းဆည်းရရှိမှုတွေရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူတပ်မ ၁၀၁ ကို လက်နက်ကြီး ပစ်ခတ်မှုအတွင်း ရဲဘော်များ ပိတ်ဆို့တိုက်ခိုက်ခံရကာ ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ ကို ၆၀ မမ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ရဲ့ မြေပြင်ဝေဟင်ပိတ်ဆို့ခံရပြီး ‌ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေကြီးနေပြီး လူအများအပြား အရေးပေါ်ရွှေ့ပြောင်းနေရ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် ရှမ်းပြည်နယ် တာချီလိတ်မြို့ပေါ်မှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး လူအများအပြား အရေးပေါ်ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီစစ်သင်္ဘောတွေကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင် ABSDF ထုတ်ပြန် (ရုပ်/သံ)

ကချင်ပြည်နယ်အတွင်း စစ်ရိက္ခာနဲ့ လူအင်အားများ တင်ဆောင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် စစ်သင်္ဘောတွေကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ကျောင်းသားတပ်မတော် (ABSDF) မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ စွန့်ခွါထွက်ပြေးသွားတဲ့ မယ်လယုတပ်စခန်းကနေ လက်နက်ခဲယမ်းနှင့် စက်ယန္တရားတွေ ဝင်ရောက်သိမ်းဆည်း (ရုပ်/သံ)

ကရင်နီပြည် ရှားတောမြို့နယ် ထိုင်း-မြန်မာနယ်စပ်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မယ်လယု တပ်စခန်းကနေ တော်လှန်ရေးတပ်တွေက လက်နက်ခဲယမ်းနဲ့ စက်ယန္တရားတွေကို ဝင်ရောက်သိမ်းဆည်းခဲ့ပါတယ်။
Read More

မြောင်က ကျောက်ရစ်စခန်းကို စစ်ကူလာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း Anyar Federal Task Force (A F T F) မှ ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။ 
Read More

မန်ကျည်းကုန်းရွာအနီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဒီဇင်ဘာ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၁၁ ယောက်သေခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။