ရခိုင်ပြည်နယ် မောင်တောမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ နခခ ၅ မှာ ရခိုင့်တပ်တော် AAနဲ့ အကြမ်းဖက်စစ်တပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေထဲမှာ ဧရာဝတီတိုင်း မအူပင်မြို့ကနေ စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ခဲ့ရတဲ့ လူငယ် ၇ ယောက်လည်း သေဆုံးသွားကြောင်း မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သေဆုံးတဲ့သူတွေဟာ မအူပင်မြို့ အမှတ် ၁ ရပ်ကွက်က စစ်မှုထမ်း အပတ်စဥ် ၄ မှာ သင်တန်းတက်ရောက်ခဲ့ရသူတွေဖြစ်ပြီး မောင်တောကို စစ်ကူအပို့ခံရကာ စစ်မြေပြင်မှာ သေဆုံးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

စစ်မှုထမ်းဥပဒေနဲ့ သင်တန်းဆင်းလေးတွေ ထိုးကျွေးခံနေရသလိုဖြစ်နေပြီ။ အခုက ဧရာဝတီတိုင်းနဲ့ထိစပ်နယ်နိမိတ်မှာတင် တာဝန်ပေးတာမဟုတ်ဘဲ ရှေ့တန်းစစ်မြေပြင် အပို့ခံနေရတာ။ စစ်မှုထမ်းဥပဒေ အပတ်စဥ် ၄ သင်တန်းဆင်း၊ မအူပင်မြို့က ၇ယောက်တော့ သေသွားပြီ။ တခြားသေဆုံးတဲ့သူ အများအပြားလည်း ရှိတယ်။ အကြမ်းဖက်စစ်တပ်က နခခ ၅ မှာ လေကြောင်းပစ်ကူပါလုပ်နေတာကို မရဘူး။ အသေအပျောက်များလာနေပြီလို့ စစ်တပ်နဲ့ နီးစပ်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

ရခိုင့်တပ်တော် AA ဟာ ရခိုင်ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး တိုက်ပွဲတွေ ပြင်းထန်လာနေသလို မောင်တော နခခ ၅ နဲ့ ဂွမြို့နယ်အနီးတဝိုက်မှာ တိုက်ပွဲအခြေအနေ ပိုဆိုးတယ်လို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောက စစ်ကောင်စီရဲ့ နခခ ၅ နယ်ခြားစောင့်ဌာနချုပ်ကို အာရက္ခတပ်တော် AA ကအပြီးသတ် ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပြီး မြေပြင်ထိုးစစ်ဆင်ချိန် အကြမ်းဖက်စစ်တပ်က လေကြောင်းအသုံးပြုကာ ဗုံးတွေ အဆက်မပြက် ကြဲချပြီးခုခံခဲ့လို့ ပြန်ဆုတ်ပေးခဲ့ပေမယ့် လက်ရှိအချိန်မှာ တိုက်ပွဲတွေ ပိုမိုပြင်းလာနေတယ်လို့ မောင်တော ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်ရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း တတက(၅) လေ့ကျင့်နေကြသည့် စစ်မှုထမ်းရန် ရွေးချယ်ခံထားရသူများအား ၂ဝ၂၄ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ Pyithisit/Telegram)
0 Shares:
You May Also Like
Read More

မြိုင်မှာ ပျူရွာကနေ ကင်းပတ်ထွက်လာတဲ့ စစ်အုပ်စု အသင့်စောင့်ကြိုတိုက်ခိုက်ခံရပြီး ၃ ယောက်သေ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ ပျူစောထီးတွေ စောင့်ကြိုပစ်ခတ်ခံရပြီး ၃ယောက်သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်း M.V.P Revolution Force အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဘုရားသုံးဆူတွင် နယ်မြေရှင်းလင်းနေသည့် PDF များကို စစ်တပ်နှင့် ပျူစောထီးများ ကြားဖြတ်တိုက်ခိုက်၊ တိုက်ပွဲအတွင်း စစ်တပ်က ၂ ဦးသေပြီး တော်လှန်ရေးရဲဘော် ၁ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ စိန်ဘုံကျေးရွာအနီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ တော်လှန်ရေးတပ်တွေကို အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း စစ်ကြောင်း ၃ (Kanbauk Defense Force) က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း ၄ ခုကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်၊ ခမရ-၁၂တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ချမ်းလွင်မောင်ကို အရှင်ဖမ်းမိပြီး စစ်သား ၉ ဦး သေဆုံး 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းတွေဖြစ်တဲ့ ဟင်္သာကြီးကျေးရွာပျူစခန်း၊ ဘိုးနတ်တောင်စခန်း၊ တောင်လှဗျူဟာစခန်းနဲ့ ဘိုးထွန်းကျော်ဗျူဟာတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတပ်ရင်းမှူး ဗိုလ်မှူး ချမ်းလွင်မောင်ကို အရှင်ဖမ်းမိကာ စစ်သား ၉ ယောက် သေဆုံးခဲ့တယ်လို့ တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ တပ်ရင်းတွေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဝက်လူးရဲစခန်းမှ ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၅) ဦး သေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီး အောင်ကိုကို အပါ (၁၄) ဦး ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၅) ယောက် သေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနဲ့ ဗိုလ်ကြီး အောင်ကိုကို အပါအဝင် (၁၄) ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးနှင့် ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးအဖွဲ့ဝင်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးက ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကပစ ၂၂ မှ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကြောင့် ပြည်သူများ ရိုက်နှက်ခံရ၊ နေအိမ်များ မီးရှို့ခံရကာ အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အစပ်ရှိ ကပစ ၂၂ က ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တဲ့အတွက် အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။