ပဲခူးတိုင်း ဇီးကုန်းမြို့နယ် ဘော်ဘင်ချောင်း သရက်ပင်အိုင်တံတား ဗျူဟာလမ်းပေါ်မှာ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက လမ်းသွားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ အကြမ်း ဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ ၁ ထံက သိရပါတယ်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု မိနစ် ၂၀ ကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ ဆိုင်ကယ်တွေနဲ့ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို တပ်ရင်း ၃၈၀၂ တပ်ခွဲ ၁ (Dragon Brothers GBK) ၊ တပ်ရင်း ၃၈ဝ၁ ၊ တပ်ခွဲ () (နတ်စစ်သည်) နဲ့ BTZM (GBK PDF) ပဲခူးရိုးမ အခြေပြုတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော်ပြည်သူ့ကာကွယ်ရေး တပ်မတော် (NPT-PDF) ၏ ပထမအကြိမ် တပ်မှူးငယ် သင်တန်းဆင်းပွဲ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဒေသ၊နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော် (NPT-PDF) ရဲ့ ပထမအကြိမ် တပ်မှူးငယ်သင်တန်း ဆင်းပွဲ အခမ်းအနားကို မတ်လ ၁၄ ရက်မှာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း ရဲဘော်တွေအတွက် ကျည်ကာဦးထုပ်၊ ကျည်ကာပြားနဲ့ အီကွေ့မန့်တွေ တပ်ဆင်ပေး (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း ရဲဘော်တွေအတွက် အမှတ် (၁) တပ်ရင်း ဘဏ္ဍာရေးရှာဖွေရေးကော်မတီ ''ဝိုင်းတွန်းဇို့''က ကျည်ကာဦးထုပ်၊ ကျည်ကာပြားနဲ့ အီကွေ့မန့်တွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

Myingyan Black Tiger ရဲဘော်များမှာ မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေ အလင်းဝင်ကြဖို့ အသိပေး (ရုပ်/သံ)

''ကျနော်တို့ ကျားမဲတွေလာပြီ။ တပ်ပေါင်းစုဖွဲ့ပြီးကျားမဲတွေလာပြီ။ စကစဘက်က အမြန်အလင်းဝင်ဖို့လိုတယ်။ လူ့ဂုဏ်သိက္ခာအရအသက်ရှင်ခွင့်ရမယ်။ တပ်ပေါင်းစုနဲ့ကျားမဲတွေချီတက်လာတော့မယ်။ ကျားမဲတွေမဟာမိတ်တွေနဲ့ လာပြီ''လို့ MBT တပ်ဖွဲ့က ဆိုပါတယ်။
Read More

ခရစ္စမတ်နေ့မှာ မိုးဗြဲမြို့ပေါ် စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲလို့ နေအိမ်အလုံး ၅၀ ကျော် ပျက်စီး (ရုပ်/သံ)

ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ပေါ် ရပ်ကွက်ကို ဒီနေ့ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ နေအိမ်အလုံး ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

သထုံခရိုင်အတွင်း KNLA ပူးပေါင်းတပ်နှင့် အကြမ်းဖက်စစ်တပ် တိုက်ပွဲဆက်တိုက်ဖြစ်ပွား (ရုပ်/သံ)

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကရင်အမျိုးသားများကာကွယ်ရေးတပ် KNLA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စလင်းက စစ်တပ်ကင်းပုန်းကို တိုက်ခိုက် စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြား (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက စစ်တပ်ကင်းပုန်းကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ဒေါင်းစစ်အောင် LPDF က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။