ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်အတွင်း အောက်တိုဘာလ ၁၉ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး(၂) ယောက် အပါအဝင် (၃) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိကာ နေအိမ်(၁၇)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဒီနေ့မနက်အစောပိုင်းအချိန်မှာ နောင်ချိုမြို့ တောင်ရပ်ကွက်အတွင်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်တစ်လုံးအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ပိုင်ရှင်အမျိုးသားနဲ့ ကလေး ၂ ယောက် သေဆုံးသွားခဲ့တာပါ။
အဲ့ဒီနောက် အကြမ်းဖက်စစ်ကောင်စီက နောက်တစ်ကြိမ် ထပ်မံလာရောက်ဗုံးကြဲတိုက်ခဲ့ရာ အခြားနေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး အိမ်ရှင်နဲ့ ဇနီးသည်အပါအဝင် (၃) ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တာပါ။
သီတင်းကျွတ်လပြည့်ညကလည်း စစ်ကောင်စီတပ်က နောင်ချို့မြို့အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ(၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ မူဆယ်မြို့ကလွဲလို့ ရှမ်းမြောက်ရှိမြို့တွေအားလုံး လက်လွှတ်ဆုံးရှုံးပြီးနောက် ရှုံးမဲမဲကာ စစ်ရေးပစ်မှတ်မဟုတ်ဘဲ ဒေသခံပြည်သူလူထု အသက်အိုးအိမ်တွေ ပျက်ပြားစေဖို့ ရည်ရွယ်ချက်ရှိရှိ နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတယ်လို့ TNLA ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

Chinland Defense Force – Kalay Kabaw Gangaw ၏ အပတ်စဉ် ( ၈ ) အခြေခံစစ်သင်တန်းဆင်းပွဲ…

Chinland Defense Force - Kalay Kabaw Gangaw (CDF - KKG) တပ်ရင်း (၃) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ( ၈ ) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ် ၂၈ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရေဖြူအခြေစိုက် စစ်ကော်မရှင်၏ ခမရ ၄၀၉ မှ စစ်မှုထမ်းစစ်သား ၂ ဦး လက်နက်ဖြင့် အလင်းဝင်လာ၊ ဆုငွေကျပ် သိန်း ၅၀ စီ ချီးမြှင့်…

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခမရ (၄၀၉) က စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင် လာခဲ့တယ်လို့ ဒူရကစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

သိန်းခွန်ကျေးရွာတိုက်ပွဲမှ တစ်ပတ်အတွင်း စစ်သား ၉ ဦး သေနတ် ၅ လက်နှင့်အတူ အလင်းဝင်လာ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာတိုက်ပွဲကနေ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၉ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ KNLA တပ်မဟာ ၄၊ တပ်ရင်း ၁၁၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကလေးငယ် ၂ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်အပါ အရပ်သား ၆ ဦး သေဆုံးခဲ့သည့် တောင်သာမြို့နယ်ကို စစ်ကောင်စီ ဗုံးကြဲမှု NUG ထုတ်ပြန်…

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် နတ်စောင့်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ် ၂ ယောက်နဲ့ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ် အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

အနန်းကွင်း ဗျူဟာစခန်းကို စစ်ကူလာတဲ့ အင်အား ၁၅၀ ပါ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၊ ၃၀ ကျော်သေပြီး လက်နက်ခဲယမ်းများပါရရှိ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ရာ ၃၀ ကျော်သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ဒီနေ့ ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြိတ် – ထားဝယ်ခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့က ဦးဆောင်ပြီး ရုံးလုပ်ငန်းနဲ့ မှူခင်းအထူးသင်တန်း ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

ကရင်အမျိုးသားအစည်းအရုံး - KNU ရဲ့ မြိတ် - ထားဝယ်ခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့က ဦးဆောင်ပြီး ရုံးလုပ်ငန်းနဲ့ မှူခင်းအထူးသင်တန်း ပြုလုပ်ခဲ့တယ်လို့ KYO မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။