ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက သီတင်းကျွတ်လပြည့်ညမှာ အရပ်သားပစ်မှတ်ထားပြီး ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် (၄) ယောက် ဒဏ်ရာရခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၁၇ ရက်မှာကျရောက်တဲ့ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတွေ အထွဋ်အမြတ်ထား ဘုရားဆီမီးထွန်းညှိပူဇော်ကြတဲ့ သီတင်းကျွတ်လပြည့်ညမှာ စစ်ကောင်စီတပ်က နောင်ချိုမြို့ကို ဂျက်လေယာဥ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ သီတင်းကျွတ်လပြည့်ညမှာ နောင်ချိုမြို့ကို လေကြောင်းနဲ့ ၅ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သဖန်ကိုင်းရပ်ကွက်၊ တောင်ရပ်ကွက် နယ်မြေ (၁) နဲ့ (၂) ၊ နောင်ချိုရဲစခန်းဝန်းအတွင်းတို့မှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေဟာ နောင်ချိုရဲစခန်းဝန်းအတွင်း ဗုံး(၄)လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး တောင်ရပ်ကွက် နယ်မြေ(၂) မှာ ၃ လုံးနဲ့ နယ်မြေ(၁) မှာ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ TNLA က ဆိုပါတယ်။
အခုလို လူထု စုဝေးချိန် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး TNLA က ဆေးဝါးကုသပေးနေတယ်လို့ သိရပါတယ်။
သီတင်းကျွတ်ညအခါသမယအချိန်မှာ ပြည်သူတွေ စုဝေးပြီး ရပ်ကွက်၊ ဘုရားကျောင်းကန်တွေမှာ ဆီမီးပူဇော်ကုသိုလ်ယူနေကြတာကို သိလျက် ရဟန်းရှင်လူ ဒေသခံပြည်သူတွေကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲတိုက်ခိုက်တာဟာ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်ဖြစ်တယ်လို့ TNLA က ထုတ်ပြန်ရှုတ်ချထားပါတယ်။
0 Shares:
You May Also Like
Read More

အုတ်ဖိုတွင် ​​စစ်​ကောင်စီ စစ်ကြောင်းထိုးကာ စီမံချက်ဖြင့် ပေါ်တာဆွဲနေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ဖို့ ပြင်ဆင်နေပြီး ကျေးရွာတွေမှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ အုတ်ဖိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

နတ်တလင်းနှင့် ညောင်လေးပင်တွင် ၃ ရက်အတွင်း ရာအိမ်မှူး ၂ ဦးနှင့် စစ်တပ်သတင်းပေး ၃ ဦး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ နတ်တလင်းနဲ့ ညောင်လေးပင်မြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ပက်သက်ဆက်နွယ်နေတဲ့ ရာအိမ်မှူးတွေနဲ့ သတင်းပေးဒလန်တွေ ၃ ရက်ဆက်တိုက် ပစ်ခတ်ရှင်းလင်းခံခဲ့ရကြောင်း စစ်တပ်သတင်းရင်းမြစ်နဲ့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။
Read More

အထွေထွေဖိနှိပ်မှုတွေကို အန်တုပြီး စစ်ကောင်စီကို ထွက်ပေါက်မပေးဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၁) ယောက်အပါ ဒေသခံ ၃ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၁) ယောက်နဲ့ ဒေသခံ အမျိုးသမီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ရေရှည်စစ်ရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးကာ စောင်၊ ခြင်ထောင်များ ထောက်ပံ့ခဲ့

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတစ်ရွာရှိ ရေရှည်စစ်ဘေးရှောင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး စောင်‌နဲ့ ခြင်ထောင်တွေ ထောက်ပံ့‌ပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မင်းလှတွင် စစ်ကောင်စီတပ်ဖွဲ့အချင်းချင်း လက်နက်ကြီး မှားယွင်းပစ်ခတ်မှုကြောင့် ၇ ဦး သေဆုံး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့အချင်းချင်း လက်နက်ကြီးမှားယွင်း ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၇ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။