စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက ပျူစောထီးတွေဆီ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ချလာပေးတဲ့ ရိက္ခာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ပုံတောင်တိုက်ဂါး PDF တပ်ဖွဲ့နဲ့ Eagle Wings Drone Force တပ်ဖွဲ့တို့က ရရှိခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်က ရိက္ခာထုပ်တွေကို Y8 လေယာဉ်နဲ့ လာရောက်ချပေးခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ရဲ့ ကင်းထောက်ဒရုန်းတစ်စီး ပျက်စီးမှုတော့ ရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ် လေယာဉ်နဲ့ချပေးတဲ့ ရိက္ခာထုပ် (ဓာတ်ပုံ ပုံတောင်TIGER PDF)

ကျနော်တို့ ဒီနေ့မနက် ၉နာရီလောက်မှာ ပုလဲ မြို့နယ်ထဲက ကားနောက်ရဲစခန်းကို ဒရုန်းမစ်ရှင် လုပ်နေတာပေါ့။ အဲဒီအချိန်မှာ Y 12 လေယာဥ်ပျံနေတာတွေ့လို့ စကောက်ဒရုန်းနဲ့ ထောက်ကြည့်နေတဲ့အချိန်မှာ သူတို့က ဇီးဖြူကုန်း အကြမ်းဖက်စစ်တပ် ဗျူဟာကုန်းမှာ ဝဲနေတာ နှစ်ပတ်လောက်ရှိပြီပေါ့။ ပစ္စည်းမချသေးဘူးပေါ့။ ပစ္စည်းချတဲ့အချိန်မှာ ဒရုန်းမစ်ရှင်ကို ရပ်လိုက်တယ်။ ဇီးဖြူကုန်းနားကိုကပ်ပြီး စကောက်ဒရုန်းနဲ့ကြည့်ပြီးတော့ ပစ္စည်းချတဲ့နေရာနဲ့ ဝေးတဲ့နေရာကနေသွားပြီး ပစ္စည်းတွေယူခဲ့တာလို့ ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။

ထိတွေ့တိုက်ပွဲကတော့ မဖြစ်ခဲ့ဘူး။ Y12 ပျံနေတဲ့အချိန်မှာဆိုတော့ ကျနော်တို့စကောက်ဒရုန်းက သူတို့ရဲ့ ဂျမ်ဘာကြောင့် ပျက်ကျခဲ့တယ်။ ကျနော်တို့ ဒရုန်းကတော့ လုံးဝကို သုံးလို့မရတော့ဘူးပေါ့။ သူတို့ချပေးတဲ့ထဲမှာ ဘာတွေပါလဲဆိုတော့ အဓိကကတော့ ဆန်တွေပေါ့။ ဆန်တွေဆိုတာကလည်း ပိုးတွေထိုးပြီး လုံးဝကို စားလို့မရတော့တဲ့ အခြေအနေတွေပေါ့လို့ အထက်ပါ ဒရုန်းအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွေထဲမှာ အကြမ်းဖက်စစ်တပ်က ဒေသခံတချို့ကို စစ်သင်တန်းပို့ချပေးထားပြီး ပျူစေားထီးအဖွဲ့တွေ ဖွဲ့စည်းပေးတာ၊ လက်နက်တပ်ဆင်ပေးတာတွေ ပြုလုပ်နေပြီး ဇီးဖြူကုန်းကျေးရွာမှာဆိုရင်လည်း အကြမ်းဖက်စစ်တပ်က ဗျူဟာစခန်းပါ အထိုင်ချထားတယ်လို့ သိရပါတယ်။

လုံးဝစားလို့မရအောင် ပိုးထိုးနေသည့် ရိက္ခာထုပ်ထဲက ဆန်များ (ဓာတ်ပုံ ပုံတောင်TIGER PDF)
0 Shares:
You May Also Like
Read More

Southern Shan Revolution Youth ရဲ့ တပ်ခွဲ ၂ ကော်ဘရာတပ်ဖွဲ့ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၈ တပ်ရင်း - Southern Shan Revolution Youth (SSRY) ၊ တပ်ခွဲ ၂ ကော်ဘရာတပ်ဖွဲ့ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၄ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နမ့်ဆန်၊ မန်တုံနှင့် မိုင်းငေါ့မြို့နယ်တွင် စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၂) ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုရားသုံးဆူမှာ အသက် ၈နှစ်အရွယ် ကလေးအပါအဝင် မိသားစုလိုက် ၃လောင်းပြိုင် အသတ်ခံရ

ကရင်ပြည်နယ်၊ ကြာအင်းမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က မိသားစုလိုက် ၃လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ကမ်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းကြောင့် ၁လကျော်အတွင်း သေဆုံးသူ ၁၀ယောက်အထိရှိလာ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ခြမ်းက​ ကျေးရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတွေကြောင့် ၁ လ ကျော်အတွင်း အရပ်သား ၁၀ ယောက်သေဆုံးကာ ၂၉ ယောက် ထိခိုက်ခဲ့ပြီး နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေ တိမ်းမှောက်၊ တစ်ဦး ပျောက်ဆုံးနေ

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေတစ်စီး တိမ်းမှောက်ခဲ့လို့ ၁၁ ယောက်ကို ကယ်ဆယ်ထားပြီး ၁ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
Read More

ဒီးမော့ဆို အနောက်ခြမ်းတွင် စစ်အုပ်စု ဗုံးကြဲမှုကြောင့် တော်လှန်ရေးရဲဘော် ၅ ဦး ကျဆုံး၊ ၇ ဦး ဒဏ်ရာရ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတစ်နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် တော်လှန်ရေးရဲဘော် ၅ ယောက် ကျဆုံးပြီး ၇ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်က ပြောပါတယ်။