စစ်ကိုင်းတိုင်း၊ လွတ်မြောက်နေရာဒေသတစ်ခုမှာ 96 Soldiers – PDF တော်လှန်ရေးတပ်ဖွဲ့ရဲ့ တည်ထောင်ခြင်း ၃နှစ်ပြည့်အခမ်းအနားကို မနေ့က အောက်တိုဘာ ၁၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

96 Soldiers ၃နှစ်ပြည့် အခမ်းအနားကို မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေ တက်ရောက်ခဲ့ကြပြီး မိတ်ဖက်အဖွဲ့အစည်းတွေကလည်း သဝဏ်လွှာတွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

“ဒီအာဏာရှင် စနစ်ဆိုးကြီး အမြန်ဆုံးပပျောက်အောင် ကျနော်တို့ကြိုးစားနေပါတယ်။ အခုချိန်ထိ တောင့်ခံနေပေးတဲ့ ပြည်သူလူထုကို ကျေးဇူးအများကြီးတင်ပါတယ်။ စကစ တဖြည်းဖြည်း ပြိုလဲနေပြီး အနာဂတ်နိုင်ငံတော်သစ် ကို တက်လှမ်းရမယ့် လမ်းစမြင်နေရပြီမို့ အားမလျှော့ဖို့ပြောချင်ပါတယ်” လို့ 96 Soldiers တပ်ဖွဲ့ရဲ့ စစ်ရေးတာဝန်ခံ ရဲဘော် မန်းလေးက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကြောင့် 96 Soldiers တည်ထောင်ခြင်း ၃နှစ်ပြည့်အခမ်းအနားကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ အားလုံးကို ဖိတ်ကြားခြင်း မပြုလုပ်ခဲ့ဘဲ အခမ်းအနားမှာ ပေးပို့လာတဲ့ သဝဏ်လွှာတွေ ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ 96 Soilers)

0 Shares:
You May Also Like
Read More

ဘောလခဲနှင့် ဖားဆောင်းစစ်ဆင်ရေးအတွင်း KNDF တပ်ရင်း ၁၅ မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၁၅) က ရဲဘော် ခွန်းဟဲဒီလင်း(ခ)ဂျေဆန်နဲ့ ရဲဘော် စောဆာဘွယ်မူး(ခ)ခူးထျိုးရယ်တို့ဟာ ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ် ရှေ့တန်းစစ်မြေပြင်တွေမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း ၁၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အဓမ္မစစ်သားစုဆောင်းခံရသူ စစ်ကောင်စီတပ်သား၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ ထားဝယ် PDF ထံ အလင်းဝင်

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူ စစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF ထားဝယ် ခရိုင် အမှတ် (၁) တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မင်းကင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး အထိအခိုက်များ၊ စစ်သားအလောင်း ၄ လောင်းနှင့် ပျူစောထီး ၁ ဦးကိုလည်း အရှင်ဖမ်းမိ

မကွေးတိုင်း၊ မင်းကင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ​ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းကို ဒေသခံ ပြည်သူတွေ ကြိုဆိုဂုဏ်ပြု…

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ မဟာမိတ်တပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းကို ဒေသခံ ပြည်သူတွေ ကြိုဆိုနေတဲ့ မှတ်တမ်းပုံရိပ်တွေကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ခင်ဦးမြို့နယ် ပကဖ ထံ ပျူစောထီး ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းမှ စစ်သား ၃ ဦးကို ဖမ်းမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက်ကို ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့ထံက သိရပါတယ်။