“ကျနော်တို့လက်နက်ချလိုက်တော့မယ်၊ တပည့်တွေအခြေအနေမကောင်းတော့ဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ ကျနော်တို့ကို သတ်မှာလား၊ ဒါမှမဟုတ် ထိုးကြိတ်နှိပ်စက်မှာလားပေါ့၊ အဲဒီ သံသယဝင်တယ်။ ကျနော်တို့ တိုင်ပင်တယ်… တိုင်ပင်ပြီးတော့ ဘယ်လိုမှ မတတ်နိုင်ဘူး။ သူတို့ အရိပ်အခြေ ကြည့်ပြီးတော့မှ ဆုံးဖြတ်ရမှာဖြစ်တဲ့အတွက် သူတို့ကလည်း စခန်းထဲတောင် ရောက်နေပြီ။ သူတို့ အော်ပြောနေတာတွေတောင်ကြားနေရပြီ။ သူတို့စကားပြောသံတွေ ကောင်းကောင်းကြား နေရပြီ။ ကြားနေရတော့ ကျနော်လှမ်းအော်ပြောလိုက်တယ်ပေါ့။ “မင်းတို့ဘက်က ဒဏ်ရာရနေတဲ့ ငါတို့ တပည့်တွေ အကုန်လုံးသယ်ရမယ်။ ကုပေးနိုင်မလား။ ငါတို့အသက်အန္တရာယ်လည်း ဒုက္ခမပေးရဘူးပေါ့။ အဲလိုဆိုရင် အဆင်ပြေတယ်ပေါ့။ နှစ်ဖက်ညှိနှိုင်းတော့ အဆင်ပြေတယ်၊ မင်းတို့ကို ဘာမှ မလုပ်ဘူး။ ထိုးကြိတ်တာတွေလည်းမလုပ်ဘူး။ ဒဏ်ရာရနေတဲ့လူတွေလည်း ကုပေးမယ်။ အဲလိုပြောမှ ကျနော်တို့က နည်းနည်းစိတ်အေးသွားတာပေါ့။”
— Previous article
လားရှိုး နားမခေါ်ကားဂိတ်အနီးကို စစ်တပ်က ဗုံးကြဲလို အရပ်သားပြည်သူတစ်ဦးသေဆုံး၊ နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၇ ကြိမ်အထိ ရှိလာ
Next article —