မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ ပုဂံမြို့သစ် အနော်ရထာရပ်ကွက်အုပ်ချုပ်ရေးမှူး ဆော်လီ () နိုင်နိုင်ထွန်းဆိုသူဟာ သန်းခေါင်စာရင်းကောက်နေချိန်မှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာလ ၁၄ရက် မနက် ၁၀နာရီကျော်က သန်းခေါင်စာရင်း လိုက်လံကောက်ခံနေချိန် ပိုက်သေလည်ရပ်၊ စိန်ပန်းလမ်းမှာ ပစ်ခက်ခံရတာလို့ သိရပါတယ်။

သန်းခေါင်စာရင်းကောက်နေတဲ့အချိန်မှာ ဆိုင်ကယ်နဲ့ဝင်ပစ်သွားတာ။ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်။ သူက ပုဂံမြို့သစ် အနော်ရထာရပ်ကွက်မှာမွေးပြီး အဲဒီမှာပဲ ကြီးပြင်းလာသူတစ်ယောက်ပါ။ သူ့ကို အများကတော့ ကိုဆော်လို့ပဲ ခေါ်လေ့ရှိတယ်။ သူက အကြမ်းဖက်စစ်ကောင်စီကခိုင်းတဲ့ သန်းခေါင်စာရင်းကောက်ရာမှာ တက်တက်ကြွကြွ လုပ်ဆောင်နေသူပါပုဂံမြို့သစ်ပိုက်သေရပ် နေထိုင်သူတစ်ယောက်က ပြောပါတယ်။

သေနတ်နဲ့ ဝင်ပစ်တဲ့အဖွဲ့က ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ဝင်ရောက်ပစ်ခတ်လဲဆိုတာ မသိရသေးဘူး။ ဆော်လီရဲ့ ဦးခေါင်းကို ပစ်ခတ်သွားတာလို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

အဆိုပါ သေနတ်ပစ်ခတ်မှုဖြစ်ပြီး သိပ်မကြာခင်မှာ အကြမ်းဖက်စစ်တပ်က ကားတွေနဲ့ရောက်လာပြီး ပုဂံမြို့သစ် အနော်ရထာရပ်ကွက်အတွင်း ပိတ်ဆို့ စစ်ဆေးရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စကစ၏ သန်းခေါင်စာရင်း ကောက်ခံသည့် အဖွဲ့များ (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

CDF – KKG တပ်ရင်း (၇) ရဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force - Kalay-Kabaw-Gangaw, CDF - KKG တပ်ရင်း (၇) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို တော်လှန်ရေးတပ်များ ဖမ်းမိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ မြောင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်က စစ်သား ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျုံဒိုးမှာ စစ်ကောင်စီတပ်က ပြည်သူများ နေထိုင်ရာ ကျေးရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေ နေထိုင်ရာ ကျေးရွာအတွင်း လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။ 
Read More

စဥ့်ကူးမြို့နယ်မှာ စစ်ကောင်စီက တစ်ညတည်း အကြောင်းမဲ့ လေကြောင်းမှ ၃ ကြိမ် တိုက်ခိုက်၊ အရပ်သား ၁ ဦးသေပြီး ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက တစ်ညတည်းမှာ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဝမ်းတွင်းတွင် မြို့တွင်းမြို့ပြင် ကျေးရွာအနှံ့ စစ်မှုထမ်းအတွက် ဖမ်းဆီးခံရမှု ဆိုးရွား များပြားလာ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်အုပ်စုရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပြန်လည်ဆိုးရွားလာသလို တအိမ်တက် တအိမ်ဆင်း လက်ကိုင်ဖုန်းတွေပါ စစ်ဆေးလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပြင်ဦးလွင် ခရိုင်၊မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရဲ့ အထူးတိုက်ခိုက်ရေး သင်တန်း ဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ပြင်ဦးလွင် ခရိုင်၊မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ရဲ့ အထူးတိုက်ခိုက်ရေး သင်တန်း ဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ ပြင်ဦးလွင်မြို့နယ် ပကဖ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။