လားရှိုးမြို့အနီး အီနိုင်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၃ ယောက်သေဆုံးခဲ့ရပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာလ ၁၄ ရက် မနက်အစောပိုင်းအချိန်မှာ  စစ်ကောင်စီက လားရှိုးမြို့အနီးက အီနိုင်းရွာလေးပေါ်ကို ပေါင် ၅၀၀ ဗုံး ၂ လုံးအပါအဝင် စုစုပေါင်း ဗုံး ၇ လုံး ကြဲချခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသား ၃ ယောက်သေဆုံးခဲ့ပြီး၊ အမျိုးသမီးကြီး ၁ ယောက်နဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ နေရာတွေဟာ စစ်ရေးနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့နေရာတွေပဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့  တိုက်ခိုက်မှုကြောင့် လူနေအိမ် () လုံးပျက်စီးခဲ့သလို ကချင်နှစ်ခြင်းဘုရားကျောင်းတစ်ကျောင်းအပြင် မူကြိုကျောင်းတစ်ကျောင်းလည်း ပျက်စီးခဲ့ပါတယ်။

ကိုးကန့်တပ် MNDAA ရဲ့ အချက်အလက်အရ လားရှိုးမြို့နဲ့အနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာဟာ ၁၆ ကြိမ်တိတိရှိလာပြီ ဖြစ်ပါတယ်။

 

 

(ဓာတ်ပုံ လားရှိုးမြို့ပြန်လည်ထူထောင်ရေး)

0 Shares:
You May Also Like
Read More

ညောင်ဦးတွင် အကြမ်းဖက်စစ်ကြောင်း၂ခုက ကျေးရွာများကို လိုက်လံမီးရှို့ဖျက်ဆီးနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ကွန်မန်ဒို အကြမ်းဖက် စစ်ကြောင်းအပါအဝင် စစ်ကြောင်း ၂ခုက ကျေးရွာတွေကို အကြောင်းမဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း ရန်ကြီးအောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-(ပုဂံ-ညောင်ဦး) ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မအူပင်မြို့ပေါ် စစ်ကောင်စီ ပေါ်တာဆွဲမှုကြောင့် ညဘက် လမ်းဘေးဈေးဆိုင်တွေလည်း ဝယ်ယူစားသုံးသူ မရှိသလောက်ဖြစ်နေ

ဧရာဝတီတိုင်း၊ မအူပင်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် ပေါ်တာဆွဲမှုတွေ ရှိနေပြီး ညဘက် လမ်းဘေးဈေးဆိုင်တွေမှာ ဝယ်ယူစားသုံးသူ မရှိသလောက် ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

တောင်ကလေး ဂေါက်ကွင်းမှာ လုပ်ပိုင်ခွင့်အငြင်းပွါးရင်း လက်သီးနဲ့ ထိုးခံခဲ့ရတဲ့ ဒုတိုင်းမှူး နယ်ပြောင်းရွှေ့ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် တောင်ကလေး ဂေါက်ကွင်းမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဂေါက်ရိုက်ရင်း အငြင်းပွါး စကားများရာက လက်သီးနဲ့ထိုးခံခဲ့ရတဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်ကို နယ်ပြောင်းရွှေ့လိုက်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

ဇူလိုင်လအတွင်း စစ်အုပ်စုကြောင့် သေဆုံးခဲ့သူ ၁၀၄ ဦးကို အတည်ပြုထားနိုင်၊ အတည်မပြုရသေးသည့် သေဆုံးသူ ၁၄၀ ဦးရှိဟု AAPP ထုတ်ပြန်

နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင်လ ၁ လတာအတွင်း အရပ်သားပြည်သူ ၁၀၄ ယောက် သေဆုံးခဲ့တာကို အတည်ပြုထားနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်နှင့်ပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များကို များစွာဖိနှိပ်ခဲ့သည့် ရွာငံ ပျူခေါင်းဆောင် ဝင်းမြင့်ကို ပစ်ခတ်ရှင်းလင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် ဝင်းမြင့်နဲ့ အပေါင်းအပါတွေ ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်း ရွာငံတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကိုပြောပါတယ်။
Read More

ကလေးမြောက်ပိုင်းနှင့် တောင်ပိုင်းတွင် စစ်ကြောင်းများ အလွန်အကျွံထိုးမှုကြောင့် ရွာပေါင်း ၅၀ ကျော်က အရပ်သားသောင်းနှင့်ချီ အရေးပေါ် စစ်ရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့မှုတွေ ပြင်းထန်နေတာကြောင့် သောင်းနဲ့ချီတဲ့ အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။