နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပလျက်ရှိတဲ့ (၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။

(၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို အောက်တိုဘာ ၁၃ ရက် ကနေ အောက်တိုဘာ ၁၇ ရက်အထိ ကျင်းပနေတာဖြစ်ပါတယ်။

မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ က ညီလာခံအစည်းအဝေးများ၊ အမှုဆောင်ကော်မတီအစည်းအဝေးများ၊ အမြဲတမ်းကော်မတီ အစည်းအဝေးများနဲ့ ဆက်စပ်အစည်းအဝေးများကို ပါဝင်တက်ရောက်သွားမယ်လို့ သိရပါတယ်။

တက်ရောက်လာတဲ့ နိုင်ငံအလိုက်  လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးသွားမယ်လို့ လည်း သိရပါတယ်။

 

ညီလာခံတက်ရောက်နေသည့် ဒေါက်တာဝင်းမြတ်အေး၏ တွေ့ဆုံဆွေးနွေးမှု ပုံရိပ်များ (ဓာတ်ပုံ PVTV)

0 Shares:
You May Also Like
Read More

ထိုင်းတွင် မင်းအောင်လှိုင်ကို ဆန္ဒပြမည့် မြန်မာအဖွဲ့ကို ထိုင်းအမျိုးသားရေးအဖွဲ့ဝင်များက တိုက်ခိုက်ရန်ကြိုးပမ်း၊ ထိုင်းရဲများမှ မြန်မာအဖွဲ့ခေါင်းဆောင်ကို အခင်းဖြစ်ပွားရာမှ ကာကွယ်ထုတ်သွား

ထိုင်းနိုင်ငံရှိ မြန်မာဆန္ဒပြအဖွဲ့ဝင်များ ပါဝင်တဲ့ "Bright Future" အဖွဲ့က ဧပြီလ ၃-၄ ရက်က BIMSTEC အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကို ကုလသမဂ္ဂရုံးရှေ့မှာ အနက်ရောင်အင်္ကျီများဝတ်ဆင်ကာ ဆန္ဒပြမယ်လို့ ကြေညာခဲ့ပါတယ်။
Read More

ထိုင်ဝမ်အရေး တရုတ်ဘက်က ထောက်ခံရပ်တည်မယ်လို့ အကြမ်းဖက်စစ်အုပ်စု ပြောခွင့်ရ ဇော်မင်းထွန်း ဆို

"ဂျပန်ဝန်ကြီးချုပ်သစ်ရဲ့ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ပြောကြားချက်များကို ကျွန်တော်တို့ နိုင်ငံတကာမီဒီယာတွေမှာ တွေ့လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့သဘောထားကတော့ မြန်မာနိုင်ငံ အစိုးရသည် တရုတ်နိုင်ငံရဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)ကို ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိပါတယ်” လို့ ဇော်မင်းထွန်းက ဆိုလိုက်တာပါ။
Read More

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ ကွပ်မျက်ခံရမှု အပါအဝင် သုံးစွဲသူ အချက်အလက်များကို အကြမ်းဖက်စစ်အုပ်စုထံ လွှဲပြောင်းပေးခဲ့သည့် တယ်လီနောကို နော်ဝေရဲတပ်ဖွဲ့ထံတွင် အမှုဖွင့်

Justice For Myanmar (JFM) နဲ့ ICJ Norway တို့ဟာ နော်ဝေအခြေစိုက် တယ်လီနောနဲ့ တယ်လီနောမြန်မာ စီမံခန့်ခွဲမှုအဖွဲ့ကို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း နော်ဝေဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ခြင်းအတွက် နော်ဝေရဲတပ်ဖွဲ့ဆီ တိုင်ကြားချက် ဖွင့်လှစ်ခဲ့တယ်လို့ JFM က ထုတ်ပြန်ပါတယ်။
Read More

ICC တရားသူကြီး ၂ ဦးနှင့် အမှုစစ် ၂ ဦးကို ထရမ့်အစိုးရ အရေးယူပိတ်ဆို့မှု ပြုလုပ်

အစ္စရေးခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး စစ်ဘက်ခုံရုံးပေါ်မှာ အရှိန်မြှင့်ဖိအားပေးတဲ့အပြင် အမေရိကန်အရာရှိတွေကိုပါ စုံစမ်းစစ်ဆေးဖို့ အရင်က ဆုံးဖြတ်ခဲ့ဖူးတဲ့ ICC ရဲ့ တရားသူကြီး ၂ ယောက်နဲ့ အမှုစစ် ၂ ယောက်အပေါ် ထရမ့်အစိုးရက အရေးယူပိတ်ဆို့မှုတွေကို ချမှတ်လိုက်ပါတယ်။
Read More

ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းရန် တိုက်တွန်းသည့် အမေရိကန် ကွန်ဂရက်ကြားနာပွဲအတွက် ကျေးဇူးတင်ကြောင်း CRPH ထုတ်ပြန်၊ စစ်ဗိုလ်ချုပ်တွေ အာဏာတည်မြဲနေသရွေ့ ရာဇဝတ်လုပ်ငန်းများ ရှင်သန်ကြီးထွားနေလိမ့်မည်ဟု ဆို

မြန်မာနိုင်ငံမှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ လွှတ်တော်ဆိုင်ရာ ကြားနာပွဲတစ်ရပ်ကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော် ကိုယ်စားလှယ်တွေ ကျင်းပခဲ့မှုအပေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH အနေနဲ့ ကြိုဆိုကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ဥကရစ်ထစစ်ကောင်စီတပ်စခန်းကို KNU ပူးပေါင်းတပ်များ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၁၀၀ နီးပါး ထိုင်းနိုင်ငံဘက် ထွက်ပြေး

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဥကရစ်ထတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်တွေနဲ့ ပူးပေါင်းတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်နဲ့ ထိုင်းသတင်းတွေအရ သိရပါတယ်။