မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်းတွေနဲ့ စစ်ကောင်စီတပ်သား အလောင်းတွေကို သိမ်းဆည်းရရှိခဲ့ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်လာပါတယ်။

မတ္တရာမှာ MDY-PDF ကသိမ်းယူထားတဲ့စစ်တပ်စခန်းတွေကိုပြန်လည်ရရှိဖို့စစ်ကောင်စီကကြိုးစားနေတာကြောင့်နေ့စဉ်နဲ့အမျှတိုက်ပွဲဖြစ်ပွါးနေတယ်လို့သိရပါတယ်။

စစ်ကောင်စီဟာလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေရုံသာမကမြေပြင်စစ်ကြောင်းတွေကိုပါအသုံးပြုပြီးသူတို့ရဲ့စခန်းတွေပြန်လည်ရရှိရေးအတွက်တန်ပြန်ထိုးစစ်ဆင်နေတာပါ။

ဒါပေမယ့် သိမ်းယူထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) က အပြည့်အဝထိန်းချုပ်ထားဆဲ ဖြစ်ပြီး မတ္တရာမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာလည်း လက်နက်ခဲယမ်းတွေနဲ့ ရန်သူ့အလောင်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ 

အကြမ်းဖက် စစ်ကောင်စီဟာ မတ္တရာမြို့နယ် တိုက်ပွဲတွေအတွင်း စစ်ရေးပစ်မှတ်တွေကိုသာမက အရပ်သားပြည်သူတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုတွေကိုလည်း ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

 

သိမ်းဆည်းရမိတဲ့ လက်နက်တွေနဲ့ သေဆုံးနေတဲ့ စစ်ကောင်စီတပ်သားအလောင်းများ (ဓာတ်ပုံ MDY-PDF)

0 Shares:
You May Also Like
Read More

အောက်တိုဘာလအတွင်း မွန်ပြည်နယ်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၅) ဦး သေဆုံးခဲ့

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မွန်ပြည်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် (၅) ယောက် သေဆုံးခဲ့တယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာအရ သိရပါတယ်။
Read More

တပ်မဟာ ၅ နယ်မြေအတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွေမှာ နယ်မြေခံ BGF တပ်ဖွဲ့တွေ ပါဝင်လာနေ

ကရင်ပြည်နယ် တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွေထဲမှာ နယ်မြေခဖ့ BGF တပ်တွေပါဝင်လာပြီး KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တည်နေရာနဲ့စခန်းတွေကို လမ်းပြအဖြစ် လုပ်ဆောင်လာနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

အသက် ၆၀ ကျော် အရွယ်ကို စစ်ကောင်စီ ပေါ်တာဆွဲ ဖမ်းဆီး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

အုတ်ဖိုက မြို့မရဲစခန်းနဲ့ ကပ်လျက်ရှိတဲ့ စစ်မှုထမ်းဟောင်းရုံးကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ အုတ်ဖိုမြို့က လူငယ်တွေကို ပေါ်တာဆွဲရာမှာ ပါဝင်ကူညီနေတဲ့ စစ်မှုထမ်းဟောင်းရုံးကို အဝေးမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်လို့ ရွှေဂဠုန်စစ်ကြောင်းထံက သိရပါတယ်။ 
Read More

စစ်မှုထမ်းဆင်း စစ်ကောင်စီတပ်သား (၁) ယောက် လက်နက်နှင့်တကွ KNDF ထံ ထွက်ပြေးခိုလှုံလာ

အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အဓမ္မ စုဆောင်းခံရပြီး စစ်မှုထမ်းနေရတဲ့ စစ်ကောင်စီတပ်သား တစ်ယောက်ဟာ ဇန်နဝါရီလ (၂၀) ရက်မှာ လက်နက်နဲ့ ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၃၄) က ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတဝန်း စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ် ၁၇၄ ခုကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထား

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ ၄ နှစ်တာအတွင်း နိုင်ငံတဝန်းက စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်ပေါင်း ၁၇၄ ခုထက်မနည်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP - Myanmar) က ထုတ်ပြန်လိုက်ပါတယ်။