မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာတိုက်ပွဲဖြစ်ပွားရာ ကျေးရွာဆီ အင်အားဖြည့်ဖို့သွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် ထက်မနည်း သေဆုံးပြီး သေနတ်၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကိုပြောပါတယ်။

အောက်တိုဘာလ ၁၁ရက်၊ ညနေပိုင်းက ရေစကြိုမြို့နယ်၊ ဇီးကုန်းကျေးရွာဆီ အင်အားဖြည့်တင်းဖို့လာတဲ့ ပခုက္ကူမြို့နယ်က အင်အား၇၀ပါ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ပခုက္ကူရေစကြိုလမ်းပိုင်း တစ်နေရာမှာကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ကို Southern YSO PDF ရဲ့ နတ်မိချောင်းစစ်ဆင်ရေးစစ်ကြောင်း နဲ့အတူ BNRA (ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်) နဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

Southern YSO PDF နှင့် မဟာမိတ်တွေ တိုက်ပွဲဖော်ဆောင်နေစဥ် (ဓာတ်ပုံ Southern YSO PDF ၏ ရုပ်သံမှတ်တမ်းမှ)
Southern YSO PDF နှင့် မဟာမိတ်တွေ တိုက်ပွဲဖော်ဆောင်နေစဥ် (ဓာတ်ပုံ Southern YSO PDF ၏ ရုပ်သံမှတ်တမ်းမှ)

စစ်တပ်က ရေစကြိုမြို့နယ် ဇီးကုန်းရွာကို မနက်အစောကြီး စစ်ကြောင်းထိုးတော့ အဲ့က ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တယ်။ ကျနော်တို့နဲ့ထိတွေ့မှုဖြစ်တာကတော့ ညနေ ၄နာရီပေါ့။  ဇီးကုန်း စစ်ကြောင်းကို အင်အားဖြည့်ဖို့ ပခုက္ကူကနေလာတဲ့ စစ်တပ်နဲ့ထိတွေ့မှုဖြစ်ခဲ့တာပါ။ ပခုက္ကူမြို့နယ်အဆုံးရေစကြိုမြို့နယ်အစ လမ်းပိုင်းတစ်နေရာမှာ ကျနော်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်ကြောင်းအထိုင်ပြု ပစ်ခတ်ရာ တောင်ကုန်းတစ်ခုလုံးကို တော်လှန်ရေးတပ်တွေက စီးနင်းနိုင်ခဲ့တာကြောင့် အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး MA1 သေနတ် ၁လက်နဲ့ G3 သေနတ် ၁လက်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေသိမ်းပိုက်ရရှိခဲ့ပါတယ်။

အဲ့ဒီနောက် နောက်ဆက်တွဲထိတွေ့မှုဖြစ်ကြပြီး အကြမ်းဖက်စစ်ကြောင်းမှာ ပြန်လည်ဆုတ်ခွာသွားတယ်လို့လည်းသိရပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ယောက်ဟာ အဲ့ဒီနေ့ညပိုင်းမှာပဲ ပခုက္ကူဆေးရုံကို  အတွင်းလူနာအဖြစ် ရောက်ရှိခဲ့ကြောင်းနဲ့ သေဆုံးခဲ့တဲ့ စစ်သား၃ယောက်ထက်မနည်းကိုလည်း သက်ဆိုင်ရာ ပခုက္ကူတပ်စခန်းဆီ ပြန်ပြီးသယ်ဆောင်သွားကြတယ်လို့ ကိုအောင်မောင်းက ပြောပါတယ်။

Southern YSO PDF နှင့် မဟာမိတ်တွေ တိုက်ပွဲဖော်ဆောင်နေစဥ် (ဓာတ်ပုံ Southern YSO PDF ၏ ရုပ်သံမှတ်တမ်းမှ)
Southern YSO PDF နှင့် မဟာမိတ်တွေ တိုက်ပွဲဖော်ဆောင်နေစဥ် (ဓာတ်ပုံ Southern YSO PDF ၏ ရုပ်သံမှတ်တမ်းမှ)
0 Shares:
You May Also Like
Read More

မြန်မာလူထု ဆန့်ကျင်နေတဲ့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကြောင့် ပဋိပက္ခနဲ့ တိုက်ခိုက်မှုတွေ ပိုတိုးလာမယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို…

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ အောက်တိုဘာ ၂ ရက်က ကျင်းပတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးက လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ မြန်မာလူထု ဆန့်ကျင်နေတဲ့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကြောင့် ပဋိပက္ခနဲ့ တိုက်ခိုက်မှုတွေ ပိုတိုးလာမယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးပြောဆိုလိုက်ပါတယ်။
Read More

ပခုက္ကူလေယာဥ်ကွင်းကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ လေယာဥ်ပြေးလမ်း ပျက်စီးပြီး စစ်သား ၄ ဦး သေ၊ ၄ ဦး အပြင်းအထန် ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ပခုက္ကူလေယဉ်ကွင်းကိုရော့ကတ်တွေ၊ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း လေယာဥ်ပြေးလမ်းပျက်စီးပြီး စစ်တပ်က ၄ ယောက် သေဆုံးကာ စိုးရိမ်ဒဏ်ရာရသူ ၄ ယောက်အပါအဝင် အများအပြားဒဏ်ရာရခဲ့တယ်လို့ Cobra One အဖွဲ့တာဝန်ရှိသူက ​မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ သင်တန်းသား ၂၀၀ ကျော်ပါ စစ်သင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲကို မနေ့က အောက်တိုဘာ ၇ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သင်တန်းသား ရဲဘော်အသစ် ၂၀၀ ကျော်ကို ၄လကျော်ကြာ သင်ကြားပေးခဲ့ပြီးနောက် အခုလို သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
Read More

ရေတာရှည်နှင့် တန့်ဆည်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ဦး သေဆုံးပြီး ဘုရားစေတီ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီး

ရေတာရှည်နဲ့ တန့်ဆည်မြို့နယ်တို့မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ အရပ်သား ၂ယောက်သေဆုံးပြီး ဘုရားစေတီ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေက မောင်းကိုပြောပါတယ်။
Read More

လားရှိုးကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ကားဝပ်ရှော့နဲ့ ကား ၁၂ စီး ပျက်စီးဆုံးရှုံးခဲ့ရ

လားရှိုးမြို့ကို မနေ့က စက်တင်ဘာ ၂၈ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ကား၁၂စီး ပျက်စီးဆုံးရှုံးခဲ့ရပြီး သိန်းတစ်ထောင်ကျော်နီးပါး ဆုံးရှုံးခဲ့ရကြောင်း MNDAA က အသိပေး ထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၂၈ ရက် မနေ့က ည ၈ နာရီ ၃၄ မိနစ်လောက်မှာ လားရှိုးမြို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက် ၈ မန်ဆူဟိုတယ်အနီးကို ပေါင်ချိန်များတဲ့ ဗုံးတစ်လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။
Read More

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား…

ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) ဌာနချုပ်တည်ရှိရာ နေရာတစ်နေရာမှာ ဇန်နဝါရီလ (၃၁) ရက်မှာ ကျရောက်တဲ့ ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။