လားရှိုးမြို့နယ်၊ နမ့်ပေါင်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သားတစ်ယောက် ဒဏ်ရာရပြီး စာသင်ကျောင်း ပျက်စီးခဲ့တယ်လို့ MNDAA က အသိပေးထုတ်ပြန်ပါတယ်။

နမ့်ပေါင်ကျေးရွာကို စစ်ကောင်စီဟာ မနေ့က နေ့လယ်ပိုင်းမှာ လေကြောင်း တိုက်ခိုက်ခဲ့ရာ အရပ်သား တစ်ယောက် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား တစ်ယောက် လက်မောင်းဒဏ်ရာရရှိခဲ့ပြီး ပေါက်ကွဲမှုကြောင့် စာသင်ကျောင်း အဆောက်အဦး ပြင်းထန်စွာ ပျက်စီးခဲ့ကြောင်း ဖော်ပြထားပါတယ်။

(ဓာတ်ပုံ 果敢资讯网)

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ရက်ကလည်း နမ့်ပေါင်ကျေးရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၅ယောက် သေဆုံးကာ ၈ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ လားရှိုးမြို့ပေါ်နဲ့ လားရှိုးမြို့နယ်အတွင်း ကျေးရွာတွေ၊ သိန္နီမြို့နယ်၊ ကိုးကန့် လောက်ကိုင်မြို့ အပါအဝင် ကိုးကန့်တပ်မတော်(MNDAA) တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မြို့ရွာတွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ 果敢资讯网)
0 Shares:
You May Also Like
Read More

နောင်ချိုကို စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူနှစ်ယောက် သေဆုံးခဲ့ရ

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၂ ယောက်သေဆုံးခဲ့ရကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် ကြေညာထားသည့် စစ်ကောင်စီ နောင်ချိုမှာ ဒရုန်း၊ ဂျက်ဖိုက်တာများဖြင့် လာရောက်ဗုံးကြဲ

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာထားပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ တောင်လှရွာနဲ့ ဂေါ်ရခါးရွာကို ဒရုန်း၊ ဂျက်ဖိုက်တာတို့နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း တိုက်ပွဲမှာ Earthqauke People’s Defence Force တပ်စိတ်မှူး ရဲဘော် အသေးလေး ကျဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း Earthqauke People's Defence Force က အားထားရတဲ့ တပ်စိတ်မှူး ရဲဘော် အသေးလေး ကျဆုံးခဲ့ရကြောင်း အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးရဲ့ အပတ်စဥ်(၃) အခြေခံစစ်ပညာသင်တန်း ပုံရိပ်များ (ဓာတ်ပုံသတင်း)

အညာဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး ( BLDF ) က အပတ်စဥ်(၃) အခြေခံစစ်ပညာသင်တန်း ပြုလုပ်နေတဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

ရှေ့တန်းရောက် ရဲဘော်တွေရဲ့ မိသားစု၀င်တွေကို ထောက်ပံ့ငွေများ ပေးအပ် (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်မြေပြင်ရောက် ရဲဘော်တွေရဲ့ မိသားစုဝင်များကို ရွှေဘိုခရိုင်တပ်ရင်း-၁၅ မှ ရိက္ခာနှင့်ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းတုန်းတွင် အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အရပ်သားလူငယ်တချို့ ဖမ်းဆီးခံရ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ ရဲစခန်းကို လူချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရပြီးနောက် အရပ်သားတချို့ဖမ်းဆီးခံရကြောင်း ဗမာပြည်ကာကွယ်ရေးတပ်-USBA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုသာချိုက မောင်းကို ပြောပါတယ်။