စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရကာ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
အောက်တိုဘာလ ၁၁ ရက် မနေ့က ညပိုင်းမှာ ကန့်ဘလူမြို့နယ်အခြေစိုက် အမှတ် ၆၀၀၆ ( တကရ) တင့်ကားတပ်ရင်းကနေ ထွက်ခွာလာတဲ့ သဃ်န်းဝတ် ဝါသဝနောက်လိုက် စစ်သား၊ ပျူတွေပါတဲ့ အင်အား ၇၀ ပါ အကြမ်းဖက်စစ်အုပ်စုဟာ ငါတို့ရွာ ပျူစောထီးစခန်းထဲ ဝင်ရောက်တပ်စွဲရင်း နောက်တစ်နေ့ (အောက်တိုဘာ ၁၂ရက်) မွန်းလွဲပိုင်းမှာ အင်းလယ်ကြီးရွာဆီ ဒရုန်း ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုကြောင့် အင်းလယ်ကြီးရွာနေ မဖြူဝင်း (အသက် ၃၀ နှစ်) နဲ့အတူ အသက်မပြည့်သေးတဲ့ မသိမ့်သိမ့်ဖြူ (အသက် ၄ နှစ်) နဲ့ မငြိမ်းအိစံ (အသက်၁၀နှစ်) တို့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၈ ယောက်ရှိတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
” ၆၀၀၆ တင့်ကားတပ်ရင်းကလာတဲ့ ကောင်တွေဆိုတော့ ဝါသဝနောက်လိုက်တွေပါတယ်ဗျ။ ဒီကောင်တွေ အင်းလယ်ကြီးရွာကို ဗုံးမချခင် မနက် ၂နာရီလောက်က ရွာမရွာထဲက အရပ်သားအိမ်တွေဆီအရင်ဆုံးဗုံးသီးတွေကြဲချခဲ့ပါတယ်။ အထိအခိုက်ရှိမရှိကိုတော့ အတိအကျမသိရသေးပါဘူး။ ဒီကောင်တွေအထိုင်ချထားတဲ့ ငါတို့နဲ့ အင်းလယ်ကြီးကဝေးပါတယ် ” လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
အကြမ်းဖက်စစ်ကြောင်းဟာ လက်ရှိမှာ အနီးအနားကျေးရွာတွေထဲ စစ်ကြောင်းဝင်ရောက်တာမျိုးမရှိပေမယ့်လည်း စခန်းချရာ ပတ်ဝန်းကျင် အနီးအနားက ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူသယ်ဆောင်တာတွေ ၊ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ လုပ်ဆောင်ရင်းနဲ့ပဲ အနီးအနားကျေးရွာတွေဆီ ဒရုန်းဗုံးသီးချတိုက်ခိုက်တာတွေလုပ်ဆောင်နေတာလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးမိပြီး သေဆုံးခဲ့သူအရေအတွက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ ၆ယောက်အထိရှိခဲ့တယ်လို့လည်းသိရပါတယ်။
ပုံစာ – ကန့်ဘလူမြို့နယ်ထဲက စစ်ဘေးရှောင်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ဖာပွန်ကနေ တပ်စခန်းစွန့် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ကြားဖြတ်တိုက်ခိုက်ခံရလို့ ၁၀ယောက်သေ

ဖာပွန်မြို့နယ်၊ မထောစခန်းကနေ ထွက်ပြေးလာတဲ့ စစ်တပ်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်မှုမှာ စစ်သား ၁၀ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိမိခဲ့ကြောင်း KNU တပ်မဟာ ၅၊ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ပုလောမြို့နယ်ရှိ တမိုင်းတောင်စခန်းကုန်းမြင်ကွင်း (ရုပ်/သံ)

တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ တမိုင်းတောင်စခန်းကုန်းမြင်ကွင်းကို KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

၄ နှစ်တာအတွင်း စစ်ကောင်စီကို အင်တာနက်ပေါ်မှာ ဝေဖန်မှုကြောင့် အရပ်သားပြည်သူ ၁၈၀၀ ကျော် ဖမ်းဆီးခံခဲ့ရ

စစ်အာဏာသိမ်းမှု သက်တမ်း ၄ နှစ်တာအတွင်း အာဏာသိမ်းစစ်တပ်ကို လူမှုကွန်ယက်ပေါ်မှာ ဝေဖန်ပြောဆိုခဲ့တဲ့ အရပ်သားပြည်သူ ၁၈၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း Data For Myanmar က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ မဟာမိတ်တပ်ပေါင်းစု သင်တန်းဆင်းပွဲ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အမှတ် (၁) စစ်ဒေသ တစ်နေရာမှာ မဟာမိတ်တပ်ဖွဲ့တွေ ပါဝင်တဲ့ မဟာမိတ်တပ်ပေါင်းစု အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမှာ လမ်းပိုင်းခြေကုပ်ယူဖို့ ကြိုးစားနေသည့် စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရ၊ နေရာတင် ၃ ယောက် သေပြီး အများအပြားထိခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်မှာ အရပ်သားကားတွေကို ချောဆွဲလာတဲ့ စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နေရာမှာတင် ၃ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ဖေ့စ်ဘုတ်ပေါ် ခင်မင်ပြီး အပြင်မှာ ဓားပြတိုက်တဲ့သူတွေ ၁ ရက် အကြာမှာပဲ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လုယက်မှုနဲ့ ပတ်သက်လို့ ပါဝင်ပက်သက်သူတွေအားလုံးကို ဖမ်းဆီးရမိထားပြီး အဆင့်ဆင့်စစ်ဆေး​​အရေးယူသွားမယ်လို့ ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ တိုက်နယ် ပကဖတာဝန်ခံ ဦးကျော်ကျော်က မောင်းကို ပြောပါတယ်။