ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံး ၂ လုံးပစ်ခတ်တိုက်ခိုက်ရာ K-8W အမောင်းသင်လေယာဉ်ဂိုဒေါင်နဲ့ ခြံစည်းရိုးထိမှန်ပေါက်ကွဲခဲ့တယ်လို့ Civilian Military SRDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောက်တိုဘာ ၉ရက်၊ မနေ့က ညပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ မှော်ဘီလေတပ်စခန်းထဲကို Type 63 ရှော့တိုက်ဒုံး ၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့တကွ မတရားအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

လေတပ်ဝန်းကျင်ဆိုတာ အစကတည်းက စစ်တပ်ဂိတ်တွေအဆင့်ဆင့်နဂိုရှိပြီးသားပါ။ အဲ့ထဲကမှ တော်လှန်ရေးအဖွဲ့တွေ ပစ်ခတ်နိုင်တဲ့နေရာတွေကို သူတို့(စစ်တပ်) ကင်းပတ်ကြပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ တခြားနေရာမှာ တစ္ဆေမိုင်း(အသံမိုင်း) ပြီးမှ ရည်ရွယ်ချက်ရှိရာ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်ပျက်စီးကတော့ စည်းရိုးဘက်၁လုံးကျတယ်။ နောက်၁လုံးက K8W Training Jet တွေထားတဲ့ ထိန်းသိမ်းရေးဂိုထောင် ထိပါတယ်။ ကနဦးသိရတာပါ။ ကျနော်တို့ပစ်ခတ်မှုပြီးတဲ့နောက် သူတို့ဆီက ၆၀မမ နဲ့ ကောင်တာတစ်ချက်ပြန်ပစ်တယ်။ ခြံစည်းရိုးတလျှောက် ဆလိုက်မီးတွေထိုးပြီး အပြင်ထွက်လာကြပါတယ်  လို့ Civilian Military SRDF တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွက် Civilian Military – SRDF အထူးစစ်ဆင်ရေးစစ်ကြောင်းနဲ့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းတို့ကအထူးစစ်ဆင်ရေးဌာန (မြို့ပြပျောက်ကျားနဲ့ မြို့ပြစစ်ဆင်ရေး) Special Operation Department (Urban Guerrilla & Urban Operation) ရဲ့ခွင့်ပြုချက်နဲ့မစ်ရှင်ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ကျနော်တို့က ရှမ်းမန်းစစ်ဆင်ရေးမှာလည်း အတူပူးပေါင်းပြီး တော်လှန်မြို့သိမ်းနေကြပါတယ်။ အခုလိုမြို့ပြတွေထိ စစ်ဆင်ရေးလာလုပ်ရတာလည်း ပြည်သူတွေမျှော်လင့်တဲ့ အရွေ့တွေ နေ့တွေက မကြာမှီရောက်လာကြတော့မှာဖြစ်ကြောင်းနဲ့ ပြည်သူနဲ့အတူရှိကြောင်းပြောကြားလိုပါတယ်။လို့ Civilian Military SRDF တာဝန်ရှိသူက ပြောပါတယ်။

၂၀၁၉ ခုနှစ်က တွေ့ရတဲ့ လေတပ်စခန်းတစ်ခု (ဓာတ်ပုံ အင်တာနက်)
0 Shares:
You May Also Like
Read More

MSRF ၏ အပတ်စဉ် (၃) – ညီနောင်တပ်ဖွဲ့၏ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးဆောင်ရွက်တဲ့ အပတ်စဉ် (၃) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့က MSRF တပ်ရင်းဌာနမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

စစ်ရှောင်နေအိမ်များကို ဖောက်ထွင်းခိုးယူရင်း တိုက်ခိုက်ခံရသည့် စစ်အုပ်စု ရွာခံများကိုပါ ဖမ်းဆီးခေါ်ဆောင်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲက စစ်ရှောင်ကျေးရွာတွေကနေ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာမှာကျန်နေခဲ့တဲ့ ရွာသူရွာသား တချို့ကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ထား၀ယ်ခရိုင်ထဲက PDF တပ်ဖွဲ့ ၆ဖွဲ့ ပေါင်းစုပြီး ခရိုင်တပ်ပေါင်းစုအဖြစ် စစ်ရေးတွေလှုပ်ရှားမယ်

ထားဝယ်ခရိုင်ရှိ PDFနဲ့ ပကဖ တပ်ဖွဲ့ ၆ခုပူးပေါင်းပြီး ခရိုင်တပ်ပေါင်းစုဖွဲ့စည်းလိုက်ပြီလို့ အသိပေးထုတ်ပြန်ပါတယ်။ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း ၊ အမှတ်(၂)တပ်ရင်းနှင့် ထားဝယ်မြို့နယ် ၊ သရက်ချောင်းမြို့နယ် ၊ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်များရှိ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များပူးပေါင်းလိုက်ခြင်းဖြစ်ပါတယ်။
Read More

မွန်လူငယ်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကနေ ဘုံသဘောတူညီချက် ထုတ်ပြန်

"ဒီလိုပွဲတွေက မွန်လူငယ်တွေ ကြားထဲမှာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တခြားဒေသနဲ့စာရင် မွန်တွေက ဘာမှမလုပ်ဘူးဆိုပြီး ဖြစ်တယ်ပေါ့နော်။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။ တော်လှန်ရေးအစပိုင်းမှာ မွန်လူငယ်တွေကို ဦးဆောင်မှုပိုင်း ကောင်းကောင်းမပေးနိုင်ခဲ့တာပါ။ ဘာလုပ်ရမှန်းမသိ လမ်းပျောက်သွားကြတယ်ပေါ့နော်။ တချို့ကလည်း နိုင်ငံခြားထွက်သွားတယ်။ အခုတော်လှန်ရေးမှာ ပညာတတ်လူငယ်တွေ လိုအပ်လာတော့ သူတို့အနေတဲ့ ဒီကိုလာဖို့က ခက်သွားပြီ။ အဲဒီတော့ ဒီလိုလူငယ်တွေ တော်လှန်ရေးမှာ ပြန်ပြီး ပါ၀င်နိုင်ဖို့က ဒီလိုဆွေးနွေးပွဲတွေကနေပဲ ဆွဲခေါ်ရမှာဖြစ်တယ်။ နောက်ထပ်လည်း ဒီလိုဆွေးနွေးပွဲတွေ ထပ်လုပ်သွားဖို့ရှိပါတယ်။"
Read More

ရေးမြို့နယ် ၃ရက်တာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၂ ဦး သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ စစ်တပ်ဘက်က ဗိုလ်ကြီး ၁ယောက် အပါအဝင် ၁၂ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

ပုပ္ပါး-ဝဲလောင်လမ်းပိုင်းမှာ စစ်ကောင်စီကားတွေကို မိုင်းဆွဲ၊ ထိခိုက်သေဆုံးမှုတွေ ရှိ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှာ ပုပ္ပါး-ဝဲလောင်လမ်းပိုင်းအတိုင်း လာတဲ့အကြမ်းဖက်စစ်ကောင်စီကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၁ ယောက် သေကာ ၃ ယောက် ထိခိုက်ဒဏ်ရာရကြောင်း Popa Guerrilla Force ( PGF) တပ်ဖွဲ့ ရဲဘော် ဗျတ္တက မောင်းကို ပြောပါတယ်။