မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအတွက် သန်းခေါင်စာရင်း ကောက်ယူပေးသူတွေကိုလည်း ပြင်းပြင်းထန်ထန်အရေးယူသွားဖို့ရှိတယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

အောက်တိုဘာလ ၆ရက်၊ ညပိုင်းက မြင်းခြံမြို့နယ်၊ ရဲသင်တန်းကျောင်းတောင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ထွေအုပ်ရုံးကို Myingyan Black Tiger (MBT) တပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်ပစ်ဗုံးက ၁လုံးတည်း ပစ်ခဲ့တာပါ။ သူတို့ကင်းစောင့်နေတဲ့နားကို ကျလို့  ၂ယောက်ထိသွားပါတယ်။ ထိသွားတဲ့ ၁ယောက်ကို ချက်ချင်းပဲ ကားအောက်ထဲ ဆွဲသွင်းသွားပါတယ်လို့ Myingyan Black Tiger (MBT)အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူပေးကြမယ့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

လက်တလောမှာ ကျနော်တို့အနေနဲ့ တရားဝင်စာမထုတ်ရသေးလို့ မပြောသေးပေမယ့် စာထုတ်ပြီးရင်တော့ ထိထိရောက်ရောက် တွေ့ရင်တွေ့တဲ့နေရာမှာ အရေးယူသွားဖို့ရှိပါတယ်။လို့  (MBT)အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

Myingyan Black Tiger (MBT) တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ MBT)

ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ရက်ကစလို့ မြင်းခြံခရိုင်အတွင်းက နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာစတဲ့ မြို့နယ်တွေမှာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး(MDSO) အဖြစ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက စစ်အုပ်စုအထိုင်ချရာစခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အတွက် စစ်ကောင်စီယန္တရားတွေ ရပ်တန့်ခဲ့ပါတယ်။

မြို့ပေါ်စစ်ဆင်ရေးတွေကြောင့် စစ်အုပ်စုလက်အောက်ခံဝန်ထမ်းအများစုဟာ ရန်ကုန်မြင်းခြံလမ်းပေါ်ကအမှတ်၁သံမဏိစက်ရုံဝန်းထဲဝင်ရောက်ပြောင်းရွှေ့နေထိုင်နေကြတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုက မြင်းခြံမြို့ပေါ် စစ်ယန္တရားပြန်လည်တည်ဆောက်နေပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလည်း အမှတ်၁ သံမဏိစက်ရုံမကျစေရေးအတွက် အလိုရှိနေတယ်လို့လည်း သိရပါတယ်။

စစ်အုပ်စုကတော့ မြင်းခြံမှာ ယန္တရားပြန်တည်ဆောက်နေတာပေါ့။ သိသလောက်ဆို မင်းအောင်လှိုင်က မြင်းခြံကျရင်ကျပါစေ၊ သံမဏိစက်ရုံမကျရင်ပြီးရောဆိုတဲ့ ပုံစံရှိနေတယ်ပေါ့နော်။ အင်အားလည်း ၅၀၀လောက် အဲ့အထဲရှိနေပါတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

0 Shares:
You May Also Like
Read More

သာယာဝတီခရိုင်၊ တပ်ရင်းအမှတ်(၃၈၀၃) ရဲ့ အပတ်စဉ် (၂/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင်၊ တပ်ရင်းအမှတ်(၃၈၀၃)၊ အပတ်စဉ် (၂/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

CDF ကန်ပက်လက် စစ်ဦးစီးချုပ်၏ မင်္ဂလာဆောင်ကို စစ်တပ် ဗုံးကြဲ၊ ၄ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

ချင်းညီနောင်အဖွဲ့ဝင် CDF-Kanpetlet ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့မှာ CDF ကန်ပက်လက် စစ်ဦးစီးချုပ်ရဲ့ မင်္ဂလာဆောင်ကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ၄ ယောက်  သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ် ။
Read More

DMO Local PDF တပ်ရင်း ၂ မှ အသက် ၂၆ နှစ်အရွယ် ဒုတပ်ရင်းမှူး၏ ဈာပန

ကရင်နီပြည်နယ်ရဲ့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) ရဲ့ တပ်ရင်း (၂) ဒုတပ်ရင်းမှူး ဟင်နရီလုအောင်ရဲ့ စျာပနအခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၃၉) ဦး သေဆုံး

မြန်မာနိုင်ငံတဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၂၅ ရက် ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃၉) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့က ပြည်သူနေအိမ် အများအပြား ပျက်စီးဆုံးရှုံး

ရှမ်းပြည်နယ်၊ တအာင်းပြည် တပ်မဟာ (၂) နယ်မြေ၊ နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် အများအပြား ပျက်စီးရှုံးဆုံးနေတယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သတင်းထုတ်ပြန်လာပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ အနက်ရောင် သေမင်းတမန်အဖွဲ့ ပြည်သူ ၂ ဦးကို ထပ်မံသတ်ဖြတ်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ရှားစေဘိုးကျေးရွာထိပ်မှာ ပြည်သူ ၂ယောက်ရဲ့ သတ်ဖြတ်ခံထားရတဲ့အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။