အမျိုးသားညီညွတ်ရေးအစိုးရ၊စစ်ဥပဒေချုပ်၊ ဦးကျော်စိုးလင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးခရိုင် အမှတ် ၆ တပ်ရင်း နောက်တန်းက ရဲဘော်တွေကို လာရောက်တွေ့ဆုံ အားပေးစကားပြောခဲ့တယ်လို့ သိရပါတယ်။ (ဓာတ်ပုံ မန္တလေးခရိုင် အမှတ် ၆ တပ်ရင်း) (ဓာတ်ပုံ မန္တလေးခရိုင် အမှတ် ၆ တပ်ရင်း) 0 Shares: Share 0 Tweet 0
Read More 1 minute read NNews ညောင်ဦးနယ်မြေအတွင်း ပြည်သူကို အနိုင်ကျင့်ငွေညှစ်နေသည့် ကာကွယ်ရေးတပ်အမည်ခံ လက်နက်ကိုင်များအား ပြင်းပြင်းထန်ထန် အရေးယူသွားမည်November 19, 2025 မန္တလေးတိုင်း၊ ညောင်ဦးနယ်မြေအတွင်း PDF အမည်ခံပြီး အရပ်သားတွေကို ပြန်ပေးဆွဲ ငွေတောင်းတာ၊ ဆက်ကြေးကောက် အနိုင်ကျင့်တာတွေလုပ်ဆောင်နေတဲ့ လက်နက်ကိုင်အဖွဲ့စည်းတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ညောင်ဦးနယ်မြေအတွင်း အရပ်သားတွေကို ခေါင်းစဥ် အမျိုးမျိုးတပ် ဖမ်းဆီးပြီး ပြန်ပေးငွေတောင်းခံတာ၊ လက်နက်ပြ ဆက်ကြေးသဘောမျိုး ကောက်ခံတာတွေရှိနေပြီး တော်လှန်ရေးပုံရိပ် ကျဆင်းမှုတွေ ဖြစ်နေတာကြောင့် အခုလို အရေးယူမှာ ဖြစ်တယ်လို့ သိရပါတယ်။
Read More 1 minute read NNews ကန့်ဘလူမှာ တစ်ပတ်အတွင်း အရပ်သား ၉၀ကျော်ကို စစ်တပ် ဖမ်းဆီးခေါ်ဆောင်သွားNovember 5, 2024 ကန့်ဘလူမှာ တစ်ပတ်တာအတွင်း အရပ်သား ၉၀ ကျော်ကို စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီးသွားကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More 1 minute read NNews ညစ်ညမ်းစာပေ ထုတ်ဝေတယ် ဟုဆိုကာ စစ်ကောင်စီက စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို လိုင်စင်ပိတ်သိမ်းDecember 25, 2024 ညစ်ညမ်း စာပေထုတ်ဝေတယ်ဟုဆိုကာ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို စစ်ကောင်စီက လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြပါတယ်။
Read More 1 minute read NNews သရက် – ကံမ – ပြည် ကားလမ်းဘေးက ရေနံ့သာရဲစခန်းကို PDF တပ်များ စီးနင်းမီးရှို့.၊ ရဲတပ်ကြပ် ၁ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ…April 26, 2025 မကွေးတိုင်း၊ သရက်ခရိုင်၊ သရက် - ကံမ - ပြည် ကားလမ်းဘေးက ရေနံ့သာရွာ ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်မှုမှာ ရဲတပ်ကြပ် ၁ ယောက်အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပြီး စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More 1 minute read NNews မိုင်းလားဒေသအတွင်း အခြားလက်နက်ကိုင်နှင့် နိုင်ငံရေးအဖွဲ့များ လက်မခံထားဟု NDAA ပြော၊ အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုMay 26, 2025 ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလားဒေသ(အထူးဒေသ ၄) အတွင်း အခြား လက်နက်ကိုင်နဲ့ နိုင်ငံရေးအဖွဲ့တွေကို လက်ခံထားတာမရှိဘူးလို့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ရဲ့ ဒုဥက္ကဋ္ဌ ဦးစန်ပေ့က အကြမ်းဖက်မင်းအောင်လှိုင်ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Read More 1 minute read NNews သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA တရားဝင်ထုတ်ပြန်October 15, 2024 တအာင်းပြည် တပ်မဟာ (၂) နယ်မြေ၊ သီပေါမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်းအားလုံးကို အောက်တိုဘာ ၁၃ ရက် နေ့လည်ပိုင်း (၁း၀၀)နာရီအချိန်မှာ အလုံးစုံဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLA ကတရားဝင်သတင်းထုတ်ပြန်လာပါတယ်။