နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မင်းပြားကျေးရွာစာသင်ကျောင်းမှာ ကျောင်းဆရာဆရာမများ စာသင်ရပ်ရန် ဆိုတဲ့ စာလာကပ်ထားလို့ဆိုပြီး အုပ်ချုပ်ရေးမှူးက ဓာတ်ပုံရိုက်ကာ အကြမ်းဖက်စစ်တပ်ကို အကြောင်းကြားခဲ့လို့ စစ်တပ်က ကား ၂စီးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံတွေလည်း ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။

ကျောင်းဆရာဆရာမများ စာသင်ရပ်ရန် ဆိုတဲ့စာကို ဘယ်အဖွဲ့အစည်းက လာကပ်သွားလဲဆိုတာ မသိရသလို အုပ်ချုပ်ရေးမှူးကလည်း မစိစစ်ဘဲ စစ်တပ်ထံ တိုင်ကြားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အုပ်ချုပ်ရေးမှူး မြတ်ကျော်သူက အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှူးပဲ။ သူက ရွာကိုမထိန်းသိမ်းဘဲ ထစ်ကနဲဆို အကြမ်းဖက်စစ်တပ်ကို အကြောင်းကြားပြီး ရွာသားတွေ အဖမ်းခံရအောင်လုပ်တာ။ သူမျက်နှာရအောင် လုပ်တဲ့သဘောပေါ့။ အခုလည်း စာသင်ကျောင်းမှာစာကပ်တာ ဘယ်သူကပ်လဲ ဘာကြောင့်ကပ်လဲ မစိစစ်ဘဲ သူ့ပထွေးတွေကို သတင်းလှမ်းပို့တော့ အကုန်ဘေးလွတ်ရာကို ပြေးရတာပေါ့လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။

အောက်တိုဘာလ ၆ရက်နေ့ ဒီမနက်ပိုင်းမှာ ဖြစ်တာပါ။ သူ ဓာတ်ပုံရိုက်ပို့ပြီး သိပ်မကြာခင်မှာ အကြမ်းဖက်စစ်တပ်က ရောက်လာတာ.. အားလုံး ကြောက်လန့်ပြီး ထွက်ပြေးနေကြရတာလို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

နေပြည်တော်အနီးတဝိုက်မှာ အုပ်ချုပ်ရေးမှူးတွေ အများစုက စစ်တပ်က ခန့်အပ်ထားတာကြောင့် စစ်တပ်ထောက်တိုင်အဖြစ် ရပ်တည်ကာ စစ်တပ်က ခိုင်းသမျှကို လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ဦးအနောက်ပိုင်း ပျူစိုးမိုးနယ်မြေမှာ ဓားပြတိုက် လူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့အနောက်ပိုင်းမှာ ဓားပြတိုက် လူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာနေပြီး စစ်ကောင်စီကလည်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်းမရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မကွေးနှင့်ရခိုင်ကို ဆက်ထားသည့် အမ်း-ပဒါန်းလမ်းပိုင်းအပါအဝင် လမ်းပိုင်း ၂ ခုမှာ စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်နေ၊ စစ်ကောင်စီတပ်မှ ၂၅ ဦးထက်မနည်းသေဆုံးပြီး ၆၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းက အဓိကလမ်းပိုင်း ၂ ခုမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ရေးဖော်ဆောင်မှုတွေထဲ စစ်ကောင်စီတပ်က ၂၅ ယောက်ထက်မနည်းသေဆုံးပြီး အယောက် ၆၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အထက်မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုရန်ကြီးအောင် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီတပ်က စစ်မှုထမ်းဆင်း စစ်သား ၆ ဦး သေနတ် ၅ လက်၊ ခဲယမ်းများနှင့်အတူ ဒီးမော့ဆို DMO Local PDF ဆီ အလင်းဝင်လာ .

ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို DMO Local PDF ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းဆင်း စစ်သား ၆ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေး မိုးထဲရေထဲကာလ ရောက်နေတာကြောင့် ပူးပေါင်းရုန်းကန်မှု အရေးကြီးကြောင်း စစ်ကိုင်း PDF ပြော

လက်ရှိအချိန်ဟာ မြန်မာနိုင်ငံအတွင်း တော်လှန်ရေးအင်အားစုတွေအတွက် အရေးကြီးတဲ့အချိန်ကာလတစ်ခု ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။
Read More

Special Operation Group စစ်ကြောင်းမှ တပ်ရင်း ရိက္ခာအတွက် ရိက္ခာများကို ခက်ခဲစွာ သယ်ယူနေသည့် ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Special Operation Group စစ်ကြောင်းအနေနဲ့ တပ်ရင်းအတွက် ရိက္ခာကို အဆင့်ဆင့် ခက်ခက်ခဲခဲ သယ်ယူရတဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီ အမှတ် ၅၃၂ ခြေမြန်တပ်ရင်း မိုင်းခွဲခံရပြီး စစ်သား ၂ ယောက် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအနီးက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အမှတ် ၅၃၂ ခြေမြန်တပ်ရင်း (ခမရ ၅၃၂) ဟာ မနေ့က ဒီဇင်ဘာ ၁၅ ရက် ညပိုင်းမှာ မိုင်းဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။