ပဲခူးတိုင်းအနောက်ခြမ်း၊ရွှေတောင်မြို့မှာစစ်ကောင်စီအလိုကျသန်းခေါင်စာရင်းကောက်ခံနေတဲ့သူတွေကိုမိုင်းဆွဲခြောက်လန့်ခဲ့တယ်လို့ရွှေတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေသတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ၄ရက်နေ့၊ညနေပိုင်းမှာရွှေတောင်မြို့နယ်၊ယွန်းတန်းရပ်ကွက်၊အုပ်ချုပ်ရေးမှူးနဲ့စစ်သား၊ရဲ၊ပျူစောထီးတွေပါဝင်တဲ့သန်းခေါင်စာရင်းလိုက်လံကောက်ခံတဲ့အဖွဲ့ကိုယွန်းတန်းအုပ်ချုပ်ရေးမှူးရဲ့အိမ်ရှေ့မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အုပ်ကြီးနဲ့ သန်းခေါင်စာရင်းကောက်တဲ့ အဖွဲ့တွေ အုပ်ကြီးအိမ်မှာ ဆိုင်ကယ်တွေထားခဲ့ပြီး အပြန်မှာပေါ့နော် control မိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ သန်ခေါင်းစာရင်းကောက်တဲ့ အဖွဲ့ဝင်တွေလည်း ဆိုင်ကယ်ပေါ်မှာတင် မိုင်းထိသွားတယ်လို့ ယူဆရတယ်။ ဆိုင်ကယ်တွေရော လူတွေပါ လွင့်ကုန်တယ်။လို့ရွှေတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ယောက်ကမောင်းကိုပြောပါတယ်။

သန်းခေါင်စာရင်း ကောက်ခံနေတဲ့ စစ်ကောင်စီလက်အောက်ခံတချို့ (ဓာတ်ပုံ SAC)

အဲဒီတိုက်ခိုက်မှုကြောင့်အရပ်ဝတ်တွေနဲ့လိုက်ပါလာတဲ့စစ်သား၊ရဲနဲ့ပျူစောထီး၃ယောက်ထိမှန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။

အလားတူ ယွန်းတန်းအုပ်ချုပ်ရေးမှူးရဲ့ အဖွဲ့လိုပဲ သန်းခေါင်စာရင်း လိုက်လံကောက်ခံနေတဲ့ နောက်ထပ်အဖွဲ့ () ဖွဲ့ကိုလည်းတိုက်ခိုက်ဖို့စီစဉ်ထားပေမယ့်သက်ကြီးရွယ်အိုနဲ့ကလေးတွေရှိနေတာကြောင့်နောက်ကြောင်းပြန်ဆုတ်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်ခံရာမှာ လိုက်ပါ ဆောင်ရွက်နေသူတွေကို မှတ်တမ်းတင်ထားပြီဖြစ်ပြီး ရပ်ကွက်/ ကျေးရွာတွေမှာ သန်းခေါင်စာရင်း လိုက်လံ ကောက်ခံနေရင် အခုထက်ပိုပြီး ထိထိရောက်ရောက် တိုက်ခိုက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ပင်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး လက်သည်မပေါ်ဘဲ ပစ်ခတ်ရှင်းလင်းခံရ

AA ရဲ့ ထိုးစစ်တွေ ဝင်ရောက်လာမှာကို ကြောက်လန့်ပြီး လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက် မနေ့က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက် ပစ်သတ်ခံခဲ့ရပါတယ်။
Read More

လွိုင်ကော်အကျဉ်းထောင်တွင် ရွေးကောက်ပွဲအတုအတွက် စစ်အုပ်စု ဖိအားပေး ကြိုတင်မဲပေးခိုင်းနေ

ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အကျဉ်းသူ/သားတွေကို စစ်အုပ်စုက ဖိအားပေးပြီး ကြိုတင်မဲပေးခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ကရင်နီိနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

မွန်လက်နက်ကိုင်အဖွဲ့များ တစ်ဖွဲ့တည်းအောက် ဝင်ရောက်ပူးပေါင်းခြင်းထက် ညွန့်ပေါင်းပုံစံ စုဖွဲ့သင့်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ပြော

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ပူးပေါင်းပြီး စစ်ရေး၊ နိုင်ငံရေး ပြန်လည် ဖွဲ့စည်းမှုအပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က အဖွဲ့အစည်းတစ်ခုတည်းရဲ့ ဦးဆောင်မှုအစား အားလုံးပါဝင်တဲ့ ညွန့်ပေါင်းပုံစံ စုဖွဲ့သင့်ကြောင်း သဘောထားထုတ်ပြန်ပါတယ်။
Read More

ကံထူးမရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူ ၁၂ ယောက် အထိရှိလာပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ အယောက် ၂၀ ကျော် ရှိနေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်မှာ သေဆုံးသူ ၁၂ယောက်အထိ ရှိလာပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူတွေလည်း ရှိထားကြောင်း People's Defense Comrade တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ ​
Read More

ပြည်သူအပေါ် မောက်မာရိုင်းစိုင်းတဲ့ ဟုမ်းလမ်းဘူတာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်နဲ့ ဆေးရုံတင်ထားရ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှာ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် ဦးစန်းငွေ ပစ်ခတ်ခံရပေမယ့် အသက်မသေဘဲ ထိခိုက်ဒဏ်ရာအပြင်းအထန်နဲ့ ဆေးကုသမှုခံယူနေရကြောင်း Freeland Attack Force (FLA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မန်လီကျေးရွာတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၁)လုံး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်ခရိုင်၊ နမ္မတူမြို့နယ်၊ မန်လီကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ် (၁) လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။