ရန်ကုန်မြို့တစ်နေရာမှာ အောက်တိုဘာ ၅ ရက် မနေ့က မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီက စစ်ကောင်စီတပ်ရဲ့ မတရားစစ်မှုထမ်းခေါ်ယူတာ၊ သန်းခေါင်းစာရင်းကောက်ခြင်းတာနဲ့ စစ်အာဏာရှင်အမြစ်ဖြတ်‌ရေးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ တစ်နေ့ထက်တစ်နေ့ ပြည်သူလူထုကို ပိုပြီး မတရားဖိနှိပ်တာ၊ သန်းခေါင် စာရင်းကောက်ယူတာနဲ့ အတင်းအဓမ္မစစ်မှုထမ်းဆောင်ခိုင်းတာတွေ လုပ်ဆောင်လာတဲ့အတွက် ‘ဖိရင် ကြွမယ်၊ ထိရင်ချမယ်’ဘန်နာစာသားကိုင်ဆောင်ပြီး သန်းခေါင်းစာရင်းကောက်ယူရန် ကြေ ညာထားတဲ့ ဗီနိုင်းနဲ့ စာရွက်တွေကို မီးရှို့ဖျက်ဆီးပြီး သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာခရိုင်တပ်ရင်း (၄) အတွက် Federal Wings အဖွဲ့ရဲ့ နည်းပညာနဲ့ ကျည်ကာပြားတွေ ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

မုံရွာခရိုင် အမှတ် ၄ တပ်ရင်း (Chindwin Attack Force) အထူးကွန်မန်ဒိုတပ်ဖွဲ့အတွက် Federal Wings အဖွဲ့ရဲ့ နည်းပညာနဲ့ ကျည်ကာတွေ ထုတ်လုပ်အောင်မြင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
Read More

ချောင်းမတိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ဆေးကြောင်နေသည့် စစ်သားများ ပါဝင်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေထဲမှာ ဆေးကြောင်နေတဲ့ စစ်သားတွေပါဝင်လာပြီး အဆိုပါ သုံ့ပန်းတွေကို တော်လှန်ရေးရဲဘော်တွေ ဆေးကုသပေးနေတဲ့ ရုပ်သံဖိုင်တွေကို BLDF ရဲဘော်တွေက လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှု စစ်ဆင်ရေးအတွင်း Fixed Wings ဒရုန်းရဲ့ မတော်တဆမှု ပုံတောင် TIGER PDF ထုတ်ပြန် (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှု စစ်ဆင်ရေးအတွင်း Fixed Wings ဒရုန်းရဲ့ မော်‌တာစွမ်းရည်ကျဆင်းပြီး မတော်တဆဖြစ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပုံတောင် Tiger PDF က ထုတ်ပြန်ပြ သလိုက်ပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ ၁၃၅ ယောက်အတွက် စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ ၁၃၅ ယောက်အတွက် နိုဝင်ဘာ ၂၈ ရက် မနေ့က အရာတော်ရွှေဂျိုးဖြူအဖွဲ့မှ လှူဒါန်းတဲ့ စားနပ်ရိက္ခာတွေကို Shwebo Crocodile အဖွဲ့က သွားရောက်သယ်ယူပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၁၅ ယောက် ထိခိုက်မှုရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်လမ်းမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို  ၂ ရက်ဆက် တိုက်ခိုက်ခဲ့ရာ ၁၅ ယောက် ထိခိုက်မှုရှိခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ခိုးသန်းရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာက ခိုးသန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံခဲ့ရပြီး ၃ ယောက် သေဆုံးကာ ၇ယောက် ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။