ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့က အကြမ်းဖက်စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်းနေရာမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၅ ရက် ဒီနေ့ မနက်အစောပိုင်းအချိန်က သီပေါမြို့ စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်းနေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်းနေရာကို စစ်ကောင်စီတပ်က Jet Fighter နဲ့ () ကြိမ် ဗုံး() လုံး ကြဲချခဲ့ပြီး နောင်ချိုမြို့ စစ်ကောင်စီ အမြောက်တပ်(၃၅၄)တပ်စခန်းနေရာမှာတော့ Y-12 နဲ့ () ကြိမ် ဗုံး(၅၉) လုံးကို အဆိပ်ငွေ့ဗုံးအပါအ၀င် လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နောင်ချိုမြို့ တောင်ခမ်းရွာက စစ်ကောင်စီတပ်ရဲ့ (၉၀၂) တပ်စခန်းနေရာကိုလည်း ထောက်ပို့ယာဉ် Y-8 နဲ့ ()ကြိမ် လက်နက်ခဲယမ်း အထုပ် (၆၀) လာရောက်ကြဲချခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက ရပ်စောက်မြို့နယ် ကျောက်ဂူကနေ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားပြန်လည်ဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် အခုလို နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်းလာသည့် စစ်သင်္ဘော ၃စီးအား ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်၊ သင်္ဘောတစ်စီး မီးလောင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီး ချင်းတွင်းမြစ်ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘော ၃စီးကို ရှေ့ထွက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက် သင်္ဘောတစ်စီး မီးလောင်သွားတယ်လို့ မုံရွာခရိုင် တပ်ရင်း (၁၅) တပ်ခွဲ (၄) Black Leopard Force (BLF) ထံက သိရပါတယ်။
Read More

လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးအား ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် KNDF ထုတ်ပြန်

ကရင်နီပြည်နယ် ၊ လွိုင်ကော်- ဒီးမော့ဆို - ဖရူဆို - ဘောလခဲ လမ်းမကြီးကို မြေပြင်စစ်ရေးအခြေအနေအရ စက်တင်ဘာလ (၂၃) ရက်ကစလို့ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ဖို့ အများပြည်သူကို အသိပေးကြောင်း KNDF က ဒီနေ့ ထုတ်ပြန်ပါတယ်။ 
Read More

ပေါ်တာဆွဲခံရပြီး ပြည်သူ့စစ် ဖြစ်လာသူ ၂ဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မန္တလေးခရိုင် ထံ လက်နက်နှင့်တကွ အလင်းဝင်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ တာဝန်ကျနေတဲ့ ပြည်သူ့စစ်၂ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ရင်ခွင်ကို ဝင်ရောက်ခိုလှုံလာကြောင်း မန္တလေးခရိုင် ပ.က.ဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အရာတော်တွင် ရိက္ခာသယ်ထွက်လာသည့် စစ်အုပ်စုများ နှစ်ဖက်ညှပ်တိုက်ခံရ၊ အထိအခိုက် အများအပြားဖြင့် ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ ရိက္ခာသယ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက နှစ်ဖက်ညှပ် တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိပြီး အပြေးအလွှား ပြန်လည်ဆုတ်ခွာသွားကြကြောင်း Ngwe Dwin Revolution Force တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

ငလျင်ဒဏ်သင့် မန္တလေးရဲ့ နာမည်ကျော် စျေးချို တောင်/မြောက်တိုက်တန်းကြီးမှ အဆောက်အအုံများကို ဖျက်သိမ်းမည်

ငလျင်ဒဏ်သင့်ခဲ့တဲ့ မန္တလေးရဲ့ နာမည်ကျော် စျေးချိုတော်ရဲ့ နေရာအချို့မှာ ကြံ့ခိုင်မှု အားနည်းနေတာကြောင့် ဖျက်သိမ်းမှုတွေ ပြုလုပ်သွားမယ်လို့ စျေးအကျိုးတော်ဆောင်အဖွဲ့တွေထံက သိရပါတယ်။
Read More

PLA ၊ ABSDF နဲ့ BPLA တို့ ပူးပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေ (ဓာတ်ပုံသတင်း)

လွတ်မြောက်ဒေသတစ်နေရာက စာသင်ကျောင်းတစ်ကျောင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၂၈ ရက်မှာ စာသင်ကျောင်းသန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။