မြန်မာ့နွေဦးတော်လှန်ရေးကို အမြန်ဆုံး အဆုံးသတ်အောင်မြင်နိုင်ရေးအတွက် အင်အားသစ်တွေ စုစည်းခိုင်မာရေးက အဓိကအကျဆုံး အချက်ဖြစ်တာကြောင့် အထူးတိုင်းစစ်ဌာနအနေနဲ့ တပ်ရင်း (၈၀၀၁) Ye Guerrilla Force (YGF) နဲ့ ဒရုန်းတပ်ဖွဲ့ (၁၈၁၉) Flying Focus Drone Force (FFDF) တို့ကို အတည်ပြုတိုးချဲ့ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါတယ်။

လက်ရှိ အထူးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုအောက်မှာ နည်းဗျူဟာ (၅) ခု ရှိပြီး တရားဝင် ကွပ်ကဲမှု ခံယူထားတဲ့ တိုက်ခိုက်ရေးတပ်ရင်း (၁၁) ရင်းနဲ့ စစ်ဆင်ရေးတွေကို ဖော်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်၊ ပဲခူး၊ မွန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေရဲ့ တိုက်ခိုက်ရေးစစ်ကြောင်း (၃) ကြောင်းနဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့ (၅) ဖွဲ့တို့ဟာလည်း တိုင်းစစ်ဌာနရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ တာဝန်ထမ်းဆောင်လျက်ရှိတယ်လို့ အထူးတိုင်းစစ်ဌာနကနေ ဆိုထားပါတယ်။

လက်ရှိမှာလည်း အင်အားတောင့်တင်း ခိုင်မာစေဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်ရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ အမှတ် (၈၀၀၁) တပ်ရင်းနဲ့ အမှတ် (၁၈၁၉) ဒရုန်းတပ်ဖွဲ့ တို့ကို စစ်ရုံးချုပ်ကနေ စိစစ်လက်ခံခဲ့တယ်လို့ သိရပါတယ်။

“အမှတ် (၈၀၀၁) တပ်ရင်းက လက်ရှိ ရေး-ထားဝယ်ဒေသမှာ အမှတ် (၃၃) နည်းဗျူဟာကွပ်ကဲမှုနဲ့ စစ်ရေးဆောင်ရွက်မှာဖြစ်ပြီး အမှတ် (၁၈၁၉) ဒရုန်းတပ်ဖွဲ့ကတော့ တိုင်းစစ်ဌာနတိုက်ရိုက်စစ်ဆင်ရေးကွပ်ကဲမှုနဲ့ လိုအပ်တဲ့နေရာတွေမှာ လှုပ်ရှားစစ်ဆင်ရေး ဆောက်ရွက်ရမှာပါ” လို့ အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက မောင်းကို ပြောပါတယ်။



ဒါ့အပြင် တိုင်းစစ်ဌာနအနေနဲ့ ကပဖ တိုက်ခိုက်ရေးစစ်ကြောင်းတွေကိုလည်း PDF တွေနဲ့မခြား လေ့ကျင့်စုဖွဲ့နေပြီး စစ်ရေးတွေမှာ အားလုံးအတူ ပူးပေါင်းလျက်ရှိတယ်လို့ သိရပါတယ်။

“တပ်ရင်းတွေ ထပ်မံတိုးချဲ့ဖွဲ့စည်းမိခြင်းက အင်အားတွေပိုတောင့်ပြီး အမိန့်ပေးကွပ်ကဲမှုလည်း ပိုထိရောက်တယ်၊ စစ်ဆင်ရေးအကောင်အထည်ဖော်အောင်မြင်ဖို့ အကောင်းဆုံး အလားအလာတစ်ခုပါ” လို့ ရဲဘော်အောင်စံရှားက ဆိုပါတယ်။

အခုလို ကွပ်ကဲမှုစနစ် (COC) နဲ့အညီ တပ်ရင်းတပ်ဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းခြင်းဟာ ခိုင်မာအားကောင်းတဲ့ တိုင်းစစ်ဌာနတစ်ခုဖြစ်ရေးအတွက် ရည်မှန်းချက်တစ်ရပ်ဖြစ်ပြီး တော်လှန်ရေးအတွက် လိုအပ်တဲ့ အခြေအနေကောင်းတွေကို ဖန်တီးတည်ဆောက်ခြင်းဖြစ်တယ်လို့လည်း တိုင်းစစ်ဌာနက ပြည်သူလူထုထံ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၇ ဦး ဒဏ်ရာရပြီး နေအိမ်အများအပြား ပျက်စီး

တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေရှိသလို နေအိမ်တွေလည်း ထိမှန်ပျက်စီးသွားတယ်လို့  ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ထံက သိရပါတယ်။
Read More

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း နိုင်ငံက အဆိုးဘက်ကနေ အကောင်းဘက်ကို ဦးတည်နေသည်ဟု အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက ဝါဒဖြန့်

စစ်တပ်ကတာဝန်ယူထားတဲ့  ၄နှစ်တာအတွင်း တိုင်းပြည်ဟာ အဆိုးဘက်ကနေအကောင်းဘက်ကိုပြောင်းလာတာကြောင့် ပြည်သူကအကဲခတ်နိုင်ပြီလို့ အာဏာသိမ်း စစ်တပ်က အငြိမ်းစားရယူထားတဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောပါတယ်။
Read More

ကရင်နီ အမျိုးသားလူငယ်အစည်းအရုံးက အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်းပြုလုပ်

ကရင်နီအမျိုးသားလူငယ်အစည်းအရုံးက ကရင်နီပြည် နယ်စပ် တစ်နေရာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့တယ်လို့ Karenni National Youth Organization- KNYO က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လှည်းကူးမြို့နယ် ကြံ့ခိုင်ရေးရုံးကို ပြောက်ကျား ၂ဖွဲ့ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ကြံ့ခိုင်ရေးပါတီရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးယူပေးတဲ့ ပျူစောထီးတွေ ထိခိုက်သွားကြောင်း Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ ၆ရက် မနေ့ညပိုင်းက လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီ မြို့နယ်ရုံးကို ပြင်အားမြင့် မိုင်း၂လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းမှာ လုံလောက်သည့် ကယ်ဆယ်ရေးများ မရောက်ရှိသေးတာကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရ

ငလျင်ဒဏ်ကြောင့် အသေအပျောက် များပြားနေတဲ့ စစ်ကိုင်းမြို့မှာ လူနာအရေအတွက်နဲ့ ဆေးရုံတွေ လုံလောက်မှု မရှိသလို လုံလောက်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း မဆောင်ရွက်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
Read More

သထုံအကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင် ကျဆုံး

မွန်ပြည်နယ်၊ သထုံအကျဥ်းထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင်ဟာ အကျဉ်းထောင်အတွင်းမှာပဲ ကျဆုံးသွားပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။