စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က ဖွံ့ဖြိုးရေးကျောင်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စုကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ် ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ရက်မှာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပနေချိန် စစ်ကိုင်းမြို့၊ အုန်းတောရွာ ဖွံ့ဖြိုးရေးကျောင်းဝင်းထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့အတူ Taw Twin Tup Pee LDF နဲ့ နယ်မြေပကဖတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်နက်ကြီးတွေဟာ ကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးကျည်တွေကြောင့် ကျောင်းဝန်းထဲက ကျောင်းအုပ်ကြီးနေထိုင်ရာ အိမ်နဲ့ ကတုတ်ကျင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်က အများအပြားထိခိုက်သွားခဲ့ပြီး စစ်ကိုင်းတပ်မ ၃၃ကနေပါ စစ်ကားတွေရောက်ရှိလာခဲ့တယ်လို့ Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အခြေအနေကတော့ စကစတွေ အထိနာပုံရတယ်။ ဒဏ်ရာရတွေကို ကားတွေနဲ့ တင်ခေါ်တာတွေရှိတယ်။ ပြီးတော့ ဖြစ်ပြီးချင်း တပ်မ ၃၃ ကနေ ခွေးကားတွေ ကျောင်းထဲကို တန်းဆင်းလာတယ်။ ကျနော်တို့ လက်နက်ကြီး ပစ်ရင်းနဲ့ကို စကစဘက်က လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာ အချိန်အတော်ကြာတယ်” လို့ Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တိုက်ခိုက်မှုအပြီး စစ်အုပ်စုဘက်က ပစ်ခတ်မှုတွေဆက်ရှိနေခဲ့ပေမယ့် တော်လှန်ရေးတပ်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

နပခ ကနေ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို CDF- Asho က လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိ…

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်မှာ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို လက်နက်တွေနဲ့ တကွ ဖမ်းဆီးရမိထားတယ်လို့ CDF- Asho က ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယခုနှစ် ၉ လအတွင်း အကြမ်းဖက်စစ်တပ်မှအလင်းဝင်သူ၊ လက်နက်ချသူနှင့် စစ်သုံ့ပန်း ၂၀၀၀ ကျော်ရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

ကန့်ဘလူမှာ စစ်ကောင်စီအထိုင်တပ်က ဒရုန်းနဲ့ ဗုံးသီးတွေကြဲချခဲ့လို့ ကျေးရွာ ၃ ရွာက အရပ်သားတွေသေဆုံး

"ပြည်သူအတွက်ကတော့ လေကြောင်းရော၊ ဒရုန်းရောက အကုန်ထိတ်လန့်စရာတွေပါပဲဗျ။ အခုလည်းစံပါယ်နံ့သာ အနီးတဝိုက် ကျေးရွာတွေအရေးပေါ် ရှောင်တိမ်းနေရပါတယ်။" လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကို ပြောပါတယ်။
Read More

စစ်အုပ်စု အများအပြား သေဆုံးခဲ့သည့် တိုက်ပွဲအတွင်းမှ ရရှိသော သေနတ် ၁၄ လက်အား တိုက်နယ် ပကဖများနှင့် UG ပကဖများထံ ဂုဏ်ပြုပေးအပ်

ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ စစ်လက်နက်တွေထဲက သေနတ် ၁၄ လက်ကို တိုက်နယ် ပကဖတွေနဲ့ UG ပကဖတွေထံ ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
Read More

စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု-SFT ၏ စစ်သင်တန်းတက်ရောက်မှုနှင့် သင်တန်းဆင်းပွဲ မှတ်တမ်းဓာတ်ပုံများ

စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု - SFT အနေနဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် (၂) ခု ပေးထားခဲ့ရာ တက်ရောက်ခဲ့တဲ့ သင်တန်းသားတွေရဲ့ သင်တန်း(၃)လတာ ကာလအတွင်း အခြေခံစစ်ပညာတွေ လေ့လာဆည်းပူးခဲ့တဲ့ သင်တန်းကာလ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

လက်ရုံးတပ်များ တဖြည်းဖြည်း ပြုတ်ကျလာနေသည့် စစ်ကောင်စီ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ အမှတ် ၂ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ် (စလစ ၂) နဲ့ အမတ (၃၆၆) တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။