မန္တလေးတိုင်း၊ တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက် သေဆုံးပြီး PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စဉ့်ကိုင်မြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းက တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို  စဉ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၆ ယောက် သေဆုံးကာ စစ်သုံးပစ္စည်းအချို့နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပြီး မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက ရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့ကာ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

”စစ်‌ေ-ွး ၆ ကောင် သေတယ်။ ထိခိုက်ဒဏ်ရာရတာ စစ်‌ေ-ွး ၄ ကောင်  အဲ့စခန်းက အင်အားကတော့ စစ်‌ေ-ွးတွေ ထပ်ဖြည့်ထားတာတွေနဲ့ဆိုရင် ၆၀ အထက်မှာပဲ ရှိတယ်။ ခွေးစခန်းမှာက ပစ ကတော့ တစ်ဝက်လောက်ရှိတယ်။ စစ်‌ေ-ွးဘက်က သိမ်းဆည်းရမိတာကတော့ ယူနီဖောင်း  တချို့ရယ် ဦးထုပ် တချို့ရယ် ခဲယမ်းလေး နည်းနည်းပါးပါးလေးပဲရတယ်။ စစ်‌ေ-ွးတွေက သေနတ်တွေယူပြီး ထွက်ပြေးသွားလို့ လက်နက်တော့ မရလိုက်ဘူး။ ကိုယ့်ရဲဘော်တွေလည်း တစ်ယောက်က ကျသွားတယ်။ စခန်းအပေါက်၀မှာ ကျသွားတယ်။ ၄ ယောက်က မစိုးရိမ်ရ ထိခိုက်မိတာတွေရှိတယ်။ စစ်‌ေ-ွးတွေဘက်က လေကြောင်း ပစ်ကူလာတော့ ကျနော်တို့ အချိန်မီ ပြန်ဆုတ်နိုင်ခဲ့ပါတယ်” လို့ စဉ့်ကိုင်မြို့နယ်ပကဖ က ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို စဉ့်ကိုင် ပကဖနဲ့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း လက်ရုန်း Drone တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – စဉ့်ကိုင်မြို့နယ် ပကဖ

0 Shares:
You May Also Like
Read More

ရေလယ်ကျွန်းသို့ စစ်ကြောင်းထိုးလာတဲ့ သီတာယုမွန် ပျူစစ်ကြောင်းကို ဒရုန်း ၆ စီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းထိုးလာတဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးစစ်ကြောင်းကို ဒီဇင်ဘာ ၁၉ ရက်က Fixed wing Drone ၆ စီးနဲ့ ဗုံးသီး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရဲဘော်ညီနောင်-ပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

အင်အားပြင်း ငလျင်လှုပ်ခတ်မှုအတွင်း Sky Villa ကွန်ဒို အပေါ်ဆုံးထပ် ရောက်ရှိနေသူများ (ရုပ်/သံ)

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်လှုပ်ခတ်မှုအတွင်း မန္တလေးမြို့ Sky Villa ကွန်ဒိုအပေါ်ဆုံးထပ်မှာ လူတချို့ရှိနေခဲ့ပြီး သူတို့ကိုယ်တိုင် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ဖေဖော်ဝါရီ ၁ ရက်က မဲဇလီတံတားတိုက်ပွဲအတွင်း အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ဟာ ဖေဖော်ဝါရီ ၃ ရက်က ပုသိမ်-မုံရွာလမ်း ၃ မိုင်ပေါက်ကို အင်အား ၁၅၀ ဝန်းကျင်နဲ့ စစ်ကြောင်း ထိုးဝင်ရောက်လာတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေက စတင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ ခရီးစဉ်အပေါ် ပြန်လည်သုံးသပ်ဖို့ တရုတ်ကို NUG တောင်းဆို (ရုပ်/သံ)

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်နိုင်ငံက ဖိတ်ခေါ်မှုအပေါ် ပြန်လည်သုံးသပ်ပယ်ဖျက်ပေးသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။
Read More

TNLA ဗိုလ်ချုပ် တားဘုန်းကျော်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀)ပြည့် မွေးနေ့အတွက် ဆုတောင်းစကားပြောကြား (ရုပ်/သံ)

ဒီနေ့ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အသက် (၈၀)ပြည့်မွေးနေ့အတွက် TNLA ဗိုလ်ချုပ် တားဘုန်းကျော်က မွေးနေ့ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
Read More

ရဲနှင့် စစ်သားများကို ငလျင်ကယ်ဆယ်မှုအတွင်း မတွေ့ရသည့်အပေါ် ပြည်သူများ မေးခွန်းထုတ် (ရုပ်/သံ)

ငလျင်ဒဏ်သင့် နေရာတွေကို ကူညီကယ်ဆယ်ရေးတွေ မလုပ်ဆောင်ဘဲ ဘုရားစောင်းတန်းနဲ့ မန္တလေးမြို့ရိုးမှာ ပြိုကျနေတဲ့ အုတ်နီခဲတွေကို သယ်ယူနေတဲ့ ရဲနဲ့ စစ်သားတွေကို ပြည်သူတွေက ဝေဖန်နေပါတယ်။