ရန်ကုန်-မန္တလေးအမြန်လမ်းမှာ PDF တပ်ဖွဲ့ဝင်တွေ လမ်းပိုင်းလုံခြုံရေးဆောင်ရွက်နေချိန် စကားလှမ်းပြောခဲ့တဲ့ အမျိုးသားကို PDF အားပေးမှုနဲ့ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားကြောင်း စစ်တပ်ဝါဒါဖြန့် လော်ဘီချန်နယ်တွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ရက် စစ်တပ် အတုအယောင်ရွေးကောက်ပွဲ ကျင်းပတဲ့နေ့က ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ကို PDF တပ်ဖွဲ့ဝင်တွေ တက်ရောက်ပြီး လုံခြုံရေးစိုးမိုးမှုရယူနေချိန် ကားပေါ်ကနေ စကားလှမ်းပြောခဲ့တဲ့ အမျိုးသားတစ်ယောက်ရဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် စစ်အုပ်စုက အဆိုပါ အမျိုးသားကို ဖမ်းဆီးခဲ့တာပါ။

ရုပ်သံဖိုင်အတွင်း PDF တပ်ဖွဲ့ဝင်တွေရှိရာကိုကြည့်ပြီး “မြန်မြန်ဆော်ဗျာ..” လို့ ပြောဆိုခဲ့တဲ့ အမျိုးသားကို ဖမ်းဆီးဖို့ စစ်အုပ်စုထောက်ခံတဲ့ ဝါဒဖြန့်ချန်နယ်တွေက ဖိအားပေးတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ အဲဒီလိုပြောဆိုခဲ့တဲ့ အမျိုးသားကို ဖမ်းဆီရမိပြီဖြစ်ကြောင်းနဲ့ အခင်းဖြစ်နေ့က မောင်းနှင်လာတဲ့ကားကိုပါ သိမ်းဆည်းထားလိုက်ကြောင်း စစ်အုပ်စုဝါဒဖြန့်ချန်နယ်တွေက အောင်ပွဲခံ ပြောဆိုနေကြပါတယ်။

ဖမ်းဆီးခံရသူဟာ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်နေ အသက် ၄၉နှစ်အရွယ် ကိုဘိုဘိုသိန်းဆိုသူဖြစ်ပြီး ဖမ်းဆီးခံထားရတဲ့ ဓာတ်ပုံကိုလည်း ထွက်ပေါ်လာပါတယ်။

ဒီဇင်ဘာလ ၂၈ရက်နေ့က ရန်ကုန်-မန္တလေးအမြန်လမ်း၊ ကျောက်ဆည်လမ်းခွဲနဲ့ ပြင်စည်လမ်းခွဲကြား မိုင်တိုင် ၃၃၂ မိုင်နားမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ PDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေက လမ်းပိုင်းစိုးမိုးမှုရယူခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနေ့က စစ်အုပ်စုရဲကင်းစခန်းကို တော်လှန်ရေးတပ်တွေက လာရောက်ပစ်ခတ်ရင်း ထိတွေ့မှုလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရသည့် ကိုဘိုဘိုသိန်းနှင့် သိမ်းဆည်းခံထားရသည့်ကား (ဓာတ်ပုံ စစ်အုပ်စု)

0 Shares:
You May Also Like
Read More

ရေမလုံလောက်မှုကြောင့် အိုးဘိုထောင်က အကျဉ်းကျခံထားရသူများ အရေပြားရောဂါ ဆိုးဝါးစွာခံစားနေရ

မန္တလေးမြို့က အိုးဘိုအကျဉ်းထောင်မှာ ရေလုံလောက်မှု မရှိတာကြောင့် ထောင်အတွင်းက အကျဉ်းသား၊ အကျဉ်းသူတွေဟာ ယားနာဖြစ်ပွားပြီး အရေပြားရေးဂါကို ဆိုးဝါးစွာ ခံစားနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူ၊ ဇီးကုန် ရဲစခန်းကနေ ရဲတပ်သား ၁ ယောက် သေနတ် ၁ လက်နက်နဲ့ အလင်းဝင်လာလို့ ဆုငွေချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်း ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ ယောက်က သေနတ် ၁ လက်နဲ့ အလင်းဝင်လာတာကြောင့် ဆုငွေချီးမြှင့်ခဲ့တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း ၄ ဆီက သိရပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ စောင်တွေကို ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် သပိတ်ကျင်းတိုက်နယ်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့က သပိတ်ကျင်းမြို့နယ် (ပကဖ) အဖွဲ့ ၊ နွေဦးမေနဲ့ သွေးချင်းညီမများအဖွဲ့နဲ့အတူ စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ စောင်တွေကို ဇန်နဝါရီလ ၇ ရက်မှာ သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မွန်ပြည်တော်လှန်ရေးတပ်၏ နိုင်ငံရေးသင်တန်း

မွန်ပြည်တော်လှန်ရေးတပ်ရဲ့ နိုင်ငံရေးသင်တန်း အမှတ်စဥ် (၁/၂၀၂၅) ကို အောင်မြင်စွာ ပို့ချပြီးစီးခဲ့ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ထုတ်ပြန်ပါတယ်။
Read More

ဘူးသီးတောင်မှာ စစ်ကောင်စီ လက်ပါးစေ လက်နက်ကိုင်အဖွဲ့တွေရဲ့ အခိုင်အမာစခန်းနေရာတွေကို ၄ နေရာကို သိမ်းပိုက်ပြီး အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ အခိုက်အမာစခန်းနေရာ ၄ ခု ကို တိုက်ခိုက်သိမ်းပိုက်ပြီး အကြမ်းဖက်သမား အလောင်းတွေနဲ့ အကြမ်းဖက်စစ်ကောင်စီက တပ်ဆင်ပေးထားတဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ကထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ လက်အောက်ခံ SNA တပ်နှင့် KIA ပူးပေါင်းတပ်များ ထိတွေ့မှုဖြစ်၊ ထိခိုက်သေဆုံးမှုများရှိသည့် SNA တပ်က ရွာသား ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား

ဗန်းမောက်နဲ့ ကချင်ပြည်နယ်အစပ်ရှိ ခေါင်းတုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူထံက သိရပါတယ်။