မကွေးတိုင်း၊ ချောက်မြို့အတွင်းရှိ စစ်ကော်မရှင်ရဲ့ မြို့အဝင်ဂိတ်၊ တပ်စခန်းနဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ The Commanding Office of Magway District က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းက ချောက်မြို့နယ် ဖိုးကုန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေဆုံးကာ ၆ ယောက် အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းမှာလည်း ချောက်မြို့မြောက်ဘက် မြို့အဝင် ကျောက်တဲဂိတ်အနီး တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ချောက်မြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲလုံခြုံရေးအတွက် ကျောက်ပန်းတောင်းမြို့ကနေ ထွက်လာတဲ့ အင်အား ၂၀၀ ကျော်ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းကို နင်းမိုင်း၊ ဆွဲမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေကို မကွေးခရိုင် အမှတ်(၁)၊ (၂)၊ (၃) တပ်ရင်း/တပ်ဖွဲ့တွေ၊ ဒေါင်းရင်သွေး (LPDF)နဲ့ မဟာမိတ်တပ်ရင်းတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Video-The Commanding Office of Magway District