မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ စစ်အုပ်စုတွေ တပ်စွဲထားတဲ့ ပျူစောထီးရွာတွေနဲ့ စစ်တပ်စခန်းတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်စစ်ဌာနထံက သိရပါတယ်။

ဒီဇင်ဘာ ၂၇ ရက် မနက် ၅ နာရီလောက်မှာ ဂန့်ဂေါခရိုင် စစ်ဌာနအနေနဲ့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ၊ မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ Yawland Operation စစ်ဆင်ရေးအဖြစ် စစ်အုပ်စုတွေ အထိုင်ချတပ်စွဲထားတဲ့ နေရာများစွာကို ဝင်‌ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ပျူစောထီးရွာ ၁၁ ရွာ ရှိပါတယ်။ ကိုယ့်ဘက်ကလည်း ထိခိုက်တာမျိုးတော့ ရှိတယ်။ အသေးစိတ်တော့ စစ်ရေးရည်မှန်းချက် ပြီးမြောက်မှ ပြန်လည်ထုတ်ပြန်ပါမယ်” လို့ ဂန့်ဂေါခရိုင်စစ်ဌာန တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ အကြမ်းဖက်စစ်တပ်ဘက်က လေကြောင်းအသုံးပြုပြီး အကြိမ်ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကော်မရှင်လက်အောက်ခံ ပျူရွာတစ်ရွာကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ဆင်ရေးကာလအတွင်း ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်တွေကို အထူးသတိပြုစေချင်ကြောင်း၊ တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်တွေအနေနဲ့ စစ်ရေးရည်မှန်းချက် ပြီးမြောက်တဲ့အခါ အသေးစိတ် အချက်အလက်တွေကို ထပ်မံထုတ်ပြန်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

တောင်ကိုရီးယားနိုင်ငံမှာ ဒီဇင်ဘာလအတွင်း ဗီဇာမဲ့ အဖမ်းခံရတဲ့ မြန်မာ ၁၄ ယောက်ကို လွတ်မြောက်အောင် NUG ကိုယ်စားလှယ်ရုံး လုပ်ဆောင်ပေးခဲ့

တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကိုယ်စားလှယ်ရုံးက ဒီဇင်ဘာလအတွင်း ဗီဇာမဲ့ အဖမ်းခံရတဲ့ မြန်မာ ၁၄ ယောက်ကို လွတ်မြောက်အောင် လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

နွေဦးတော်လှန်ရေးမှာ ပြည်ပရောက် မြန်မာလူမှုအဝန်းအဝိုင်း၏ ပါဝင်ထောက်ပို့မှု အထူးအရေးပါကြောင်း NUG သမ္မတရုံး ပြောခွင့်ရ ပြောကြား

နွေဦးတော်လှန်ရေးမှာ နိုင်ငံတကာကို ရောက်ရှိနေတဲ့ မြန်မာလူမှုအဝန်းအဝိုင်းရဲ့ ပါဝင်ထောက်ပို့မှုအခန်းကဏ္ဍက အထူးအရေးပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ​ပြောဆိုလိုက်ပါတယ်။
Read More

ငါန်းဇွန်မှာ စစ်အုပ်စုရှိနေတဲ့ မင်းနေကုန်းရဲစခန်း လက်နက်ကြီးပစ်ခံရပြီး ၄ ယောက်သေ၊ ၃ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ ​​မြင်းခြံခရိုင်၊ ​ငါန်းဇွန်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ ရှိနေတဲ့ မင်းနေကုန်းရဲစခန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးစစ်သား ၄ ယောက်​ သေဆုံးခဲ့ကြောင်းသိရပါတယ်။
Read More

ဖလမ်းမြို့တိုက်ပွဲအတွင်း CDF- Matupi မှ စစ်ဦးစီးဌာနမှူးကျဆုံး

"တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ လက်နက်ငယ်ထိပြီး ကျသွားတာပါ၊ dead body ကို ချက်ချင်းကျနော်တို့မကောက်နိုင်ပေမဲ့ ၄၊ ၅ မိနစ်လောက်တော့ ပစ်ခတ်အပြီး၊ ရန်သူဘက်မှပြန်ဆုတ်အသွားမှာ ကျနော်တို့ပြန်ကောက်နိုင်တာ" လို့ Chinland Defense Force - Matupi မှ တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

အနိမ့်ဆုံးလုပ်ခ တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးရန် မေဒေးနေ့မှာ တောင်းဆို

အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခကို တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးဖို့ ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့မှာ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) အပါအဝင် အလုပ်သမားအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
Read More

တနင်္သာရီမြို့နယ်က လမ်းပိုင်းတစ်နေရာမှာ လက်နက်တွေတင်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီရဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတင်ဆောင်လာတဲ့ ယာဉ်တန်းအပါအ၀င် လမ်းကင်းယူပေးတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)က ထုတ်ပြန်ပါတယ်။