မွန်ပြည်နယ်၊ ရေးမြို့မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ ခရိုင်နယ်ထိန်း တပ်ကြပ်ကြီးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့က ပြောပါတယ်။

ဒီဇင်ဘာ ၂၉ ရက် ညနေ ၄နာရီလောက်မှာ ခရိုင်နယ်ထိန်း တပ်ကြပ်ကြီး ဘုန်းမြင့်ဆိုသူ ရဲစခန်းက ထွက်လာချိန် သီရိခေမာရပ်ကွက်အရောက်မှာ တော်လှန်ရေးရဲဘော်တွေက အလစ်အငိုက် တိုက်ခိုက်ခဲ့တဲ့အတွက် ထိမှန်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“သူ့ကို ရှင်းလင်းဖို့ အချိန်ယူတာတော့ မကြာဘူး။ ဒါပေမယ့် သူ့ရဲ့ အင်ဖော်မေးရှင်း အချက်အလက်တွေ ယူတာတော့ နည်းနည်းကြာတယ်။ သူ့ကို ရှင်းလင်းတဲ့အချိန်မှာ ပြန်လည်ခုခံတာမျိုး မရှိလိုက်ဘူး။ ဘာလို့ဆို ကျနော်တို့က သူ့ကို အလစ်အငိုက် တိုက်လိုက်တာ” လို့ ရေးဘီလူး တပ်ရင်းမှူး ကိုထက်လှိုင်ဝင်းက မောင်းကို ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းပြီးတဲ့နောက် အခင်းဖြစ်ရာနေရာကို စစ်ကော်မရှင်တပ်သားတွေ ရောက်လာပြီး ရေးမြို့ အဝင်အထွက် လမ်းပိုင်းတွေကို ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။



“မနေ့ ညနေစောင်း ၄နာရီ ဝန်းကျင်လောက်မှာ သူ့ကို ပစ်ခွင့်ရတာပေါ့။ သူ့ဆီက ကျနော်တို့ သိမ်းဆည်းရမိတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် မထုတ်ပြန်တော့ဘူး။ လက်ရှိ အခင်းဖြစ်တဲ့နေရာကိုတော့ ရန်သူဘက်က ပိတ်ဆို့ထားပြီး ရေးမြို့ အဝင်အထွက်အားလုံးကို ဒီကောင်တွေက ပိတ်ထားတယ်” လို့ တပ်ရင်းမှူး ကိုထက်လှိုင်ဝင်းက ဆက်ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက်တုန်းကလည်း တနင်္သာရီအပိုင် ရာဖူးကျေးရွာအတွင်း တပ်စွဲထားတဲ့ ခလရ (၂၈၂) လက်အောက်ခံ စစ်အုပ်စုကို ရေးဘီလူးနဲ့ နယ်မြေခံ KNLA တပ်ရင်း (၂၇) တို့ သွားရောက် တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု အရာရှိအပါ ၃ယောက် သေဆုံးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဆီဆိုင်နှင့် မောက်မယ်မှာ အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ၁၀ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ဟု PNLA ပြော

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်မြို့နယ်နဲ့ မောက်မယ်မြို့နယ်မှာ အပစ်ရပ်ကာလအဖြစ် ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ၁၀ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမေရိကန်ဖွား ကာဒီနယ် ရောဘတ် ဖရန်စစ် ပရက်ဗော့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ကြေညာ

ရိုမန်ကတ်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အသက် ၆၉ နှစ်အရွယ် အမေရိကန်ဖွား ကာဒီနယ် ရောဘတ်ဖရန်စစ်ပရက်ဗို့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ဗာတီကန်မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ် စစ်အုပ်စုတပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တည်းဝင်တိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်အုပ်စု အခြေချတပ်စွဲထားတဲ့နေရာတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိကြောင်း Monywa Inventor အဖွဲ့တာဝန်ရှိသူ ကိုမိုးသောက်က မောင်းကိုပြောပါတယ်။
Read More

မုံရွာ အမှတ် (၂) ရဲစခန်းက ဒုရဲအုပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီရဲ့ အမှတ်(၂)ရဲစခန်းက ဒုရဲအုပ် ၁ ယောက် လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်အမှတ်(၂၅)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေကြောင့် ပေါက်မှာ နေအိမ် ၅လုံးပျက်စီးပြီး အရပ်သား၂ယောက်ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်လေးပင်ရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကအပြင်၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဧရာဝတီ ဗျူဟာ(၂၉) ၏ အခြေခံစစ်ပညာသင်တန်း ဆင်းပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ် မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ဧရာဝတီ တိုင်းစစ်ဌာန၊ နည်းဗျူဟာ (၂၉)၊ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၉ ရက်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း ဧရာဝတီတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။