မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ရိက္ခာပြတ်ကာ ပြည်သူနေအိမ်တွေကနေ အစားအသောက် ခိုးယူနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၂ ယောက် သေဆုံးခဲ့တယ်လို့ Rocket Fighter အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၈ ရက်က စလင်းမြို့နယ် စိဆွယ်ရွာအတွင်း တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ရိက္ခာပြတ်လပ်နေတဲ့အတွက် ကံစွယ်ရွာအတွင်း ဝင်‌ရောက်ကာ ပြည်သူနေအိမ်တွေကနေ အစားအသောက်တွေ ခိုးယူနေစဉ် တော်လှန်ရေးတပ်တွေက လက်နက်ကြီးတွေ ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားတွေ အထိနာ ထွက်ပြေးသွားပြီး ၂ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို နဂါးရိုင်းစစ်ကြောင်းရဲ့ ဦးဆောင်မှုနဲ့အတူ ညောင်ဦးခရိုင် အမှတ် (၃) တပ်ရင်းနဲ့ RocketFighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Rocket Fighter

0 Shares:
You May Also Like
Read More

တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများကို တော်လှန်‌‌ရေး တပ်များ ခုခံတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်းကြီး‌ကျေးရွာဘက်ကနေ သံဘိုရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ခုခံတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်နှင့် ပေါက်နယ်အစပ်တွင် စက်တပ်လေထီး လာရှာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၄ ဦး သေ၊ ပေါ်တာဆွဲခံရသည့် ပြည်သူ့စစ် ၃ ဦး အလင်းဝင် (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်နယ်နဲ့ ပေါက်နယ်အစပ်မှာ ပစ်ချခဲ့ရတဲ့ စက်တပ်လေထီးကို လာရှာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ယောက် သေဆုံးကာ ပေါ်တာဆွဲခံထားရတဲ့ ပြည်သူ့စစ် ၃ ယောက် လက်နက်နဲ့အတူ အလင်းဝင် ရောက်လာတယ်လို့ မြိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားအများအပြားသေဆုံးစေခဲ့တဲ့ ကျောက်ကြီးမြို့နယ်စခန်းသိမ်းတိုက်ပွဲရုပ်သံဖိုင်

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်း ၆ ခုကို KNLA ပူးပေါင်းတပ်တွေက တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားအ များအပြားသေဆုံးစေခဲ့တဲ့ ရုပ်သံဖိုင်ကို နဂါးနီစစ်ကြောင်းမှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂၆ ရဲဘော်တွေရဲ့ လေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂၆ က ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု ပုံရိပ်တွေကို ရိုးမခေါ်သံ ၂ က ထုတ်ပြန်ပြသထားပါတယ်။
Read More

တနင်္သာရီမြို့နယ်တွင် လမ်းကင်းယူဖို့လာသည့် စစ်ကောင်စီတပ်သားများ ဗုံးသီးကြဲချခံရပြီး တပ်ကြပ်ကြီး ၁ ဦး သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာထဲမှာ လမ်းကင်းယူဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ရာ တပ်ကြပ်ကြီး ၁ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီပကဖ ဇုန် ၃ အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်ကို အမြစ်ဖြတ်တိုက်ခိုက်နိုင်ဖို့ Black Panther Column မှ တပ်သားသစ်များ ခေါ်ယူ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက်စစ်ကြောင်း (Black Panther Column) က စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ခိုက်နိုင်ဖို့ တိုက်ခိုက်ရေးနဲ့ ချေမှုန်းရေးတပ်သားသစ်တွေ ခေါ်ယူနေပါတယ်။