အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်း ပကဖအဖွဲ့၊ စဉ့်ကိုင်မြို့နယ် ပကဖ၊ တံတားဦးမြို့နယ် ပကဖ အဖွဲ့များ ပူးပေါင်းပြီး ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ရှောင်တခင် စစ်ဆေးခဲ့တဲ့ ရုပ်သံဖိုင်ကို ပကဖအသံက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၈ မ‌နေ့က ထိုသို့ အမြန်လမ်းပေါ် ရှောင်တခင် သွားရောက်စစ်ဆေးချိန်မှာ စစ်ကော်မ ရှင်တပ်သားတွေနဲ့  ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

ထိတွေ့မှုဖြစ်စဉ်အတွင်း ‌တော်လှန်ရေးတပ်သားများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့  သိရပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့ အထိအခိုက်ရှိတယ်လို့ ကြားသိခဲ့ပေမဲ့ စာရင်းကိုတော့ အတည်ပြု စစ်ဆေးနေဆဲဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ် သေ့ဘောဘိုးစခန်းမကျစေရေး လက်နက်ကြီးနဲ့ ‌လေကြောင်းပစ်ကူပေးပြီး အပြင်းအထန် ခုခံတိုက်ခိုက် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သေ့ဘောဘိုးစခန်းမကျစေရေး စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေပေးနေပြီး အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါမြို့ ရဲစခန်းကို Fixed Wings ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ရဲစခန်းကို စက်တင်ဘာ ၁၆ ရက်က Fixed Wings ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သားတွေရဲ့ ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးထပ်မံကြဲချမှု အရပ်သားအများအပြား ထိခိုက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်ကို ယနေ့ ဇန်နဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ် ရဲ့ လေကြောင်းကနေ ခရိုင်ရုံးနဲ့ ညစျေးတန်းကို ဗုံးထပ်မံကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားအများအပြားထိခိုက်မှုရှိတယ်လို့ သိရပါတယ်။
Read More

ဟိတ် !! ထွက်ပေါက်မဟုတ်ဘူးနော်

ဟိတ် !! ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး ရွေးကောက်ပွဲအတုလုပ်လည်း တော်လှန်ရေးက ဆက်ချမယ် စစ်ကော်မရှင်က ဒီဇင်ဘာလအတွင်း ပြုလုပ်မယ့် အတု‌ယောင်ရွေးကောက်ပွဲမှာ မိဘပြည်သူများ မပါဝင်ကြဖို့ The Phoenix Army-TPA ရဲဘော်တွေက ယခုလိုပဲ သတိပေးတိုက်တွန်းထားပါတယ်။
Read More

ဇဂျမ်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်တွေ မြေပြင်ဝေဟင် စီးနင်းတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့နယ် ဇဂျမ်းတိုက်နယ်ရဲစခန်းကို ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းထံက သိရပါတယ်။
Read More

ထားဝယ်မြို့အဝင် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်ကို စီးနင်းတိုက်ခိုက်မှု စစ်သား ၇ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်မှာ ခရီးသွားပြည်သူတွေကို မတရားဖိနှိပ် ပိုက်ဆံတောင်းတာ၊ အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်တာတွေ လုပ်ဆောင်နေတဲ့ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၇ ရက် ညပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ YePhyu People Defence Force ထံက သိရပါတယ်။