မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ထဲက ပျုခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သီတာယုမွန်ရဲ့ လက်အောက်ခံ ပြည်သူ့စစ်မေ ၃ ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိထားတယ်လို့ ထနောင်းမြေစစ်ကြောင်းထံမှ သိရပါတယ်။

ဒီဇင်ဘာ ၂၇ ရက်နေ့မှာ မြင်းခြံမြို့နယ်အတွင်း ‌တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ထနောင်းမြေစစ်ကြာင်း နဲ့  မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်းတို့ ကင်းပုန်းဝပ်စောင့်ဆိုင်းနေချိန်မှာ မြို့ပေါ်ကနေ ထွက်လာတဲ့ ပျူခေါင်းဆောင်သီတာယုမွန်ရဲ့ ‌နောက်လိုက်‌ ၃ ဦးဖြစ်တဲ့ ပျူ ပြည်သူ့စစ်အမျိုးသမီး (၃)ယောက်ကို အခုလို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရတာပါ။

“မြို့ပေါ်ကနေ ထွက်ဆိုင်ကယ်နဲ့ ထွက်လာတာပါ၊ သူတို့မှာဘာလက်နက်မှပါမလာပါဘူး၊ သူတို့က သီတာယုမွန်နောက်လိုက်တွေဆိုတာ ကျနော်တို့က အစထဲကသိတယ်ဗျ၊ သူတို့ကလည်း အဲ့လိုဝန်ခံပါတယ်၊ သူတို့ကို စစ်သုံပန်းအနေနဲ့ပဲ ထားမှာပါ” လို့  ထနောင်းမြေစစ်ကြောင်းမှ တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ် ။

အဆိုပါ ပျုစောထီး ပြည်သူ့စစ်အမျိုးသမီး ၃ ယောက်ဟာ ဆိုင်ကယ်မောင်းပြေးတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်း‌ဆွဲတိုက်ခိုက်ခဲ့ရာ ထိမှန်ဒဏ်ရာအနည်းငယ်ရရှိသွားပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက ဆေးကုသမှု လုပ်ဆောင်ပေးထားတယ်လို့ သိရပါတယ်။

လက်ရှိမှာဖမ်းဆီးရမိထားတဲ့ ပျုစောထီးအမျိုးသမီး ၃ ယောက်ကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး စစ်ဆေးရရှိတဲ့ သတင်းအချက်အလက်များနဲ့ ကိုယ်ရေးအကျဉ်းအချက်အလက်တွေကို ဆက်လက်ထုတ်ပြန်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲ၊ ၅ နှစ်အရွယ် ကလေးငယ်အပါ အရပ်သား ၄ ဦး သေပြီး ၆ ဦး ဒဏ်ရာရ

စစ်ကိုင်တိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားတဲ့ သစ်ဆိမ့်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ရာ အသက် ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၄ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆ ယောက်ရှိခဲ့ကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများ အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကန်ဘလူတွင် ၁ လအတွင်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး ၂ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပြီး လူ ၈၀ နီးပါးကို ပေါ်တာဆွဲဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲမှာ အောက်တိုဘာလ ၁ လအတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သား အယောက် ၈၀ နီးပါးကို ပြန်ပေးဆွဲဖမ်းဆီးခဲံပြီး၊ အမျိုးသမီး ၂ယောက်ကို အဓမ္မကျင့်သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ -ကန့်ဘလူခရိုင်ထံက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကန့်ဘလူမြို့နယ်၊ ထန်းတပင်ရွာနေအရပ်သား ၂၉ ယောက်၊ ဇီးကုန်းရွာက ၁၈ ယောက် နဲ့ ဗျူဟာလမ်းကြောပေါ်သွားလာနေတဲ့ အရပ်သားအယောက် ၃၀ ထက်မနည်းကို စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
Read More

ထီးလင်းမြို့မရဲစခန်းနဲ့ ရုပ်သံကုန်းက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲ ဖြစ်ပွား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့က စစ်ကောင်စီတပ်စွဲရာ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းတို့ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာအမှတ် (၈၁) - ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်မှာ ထိခိုက်ဒဏ်ရာရလျှင် ရဲဘော်အချင်းချင်း အရေးပေါ်ပြုစု ကုသပေးနိုင်ရန် လက်တွေ့ သင်ကြား ပို့ချ

ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ရှိ ရှေ့တန်းစစ်မြေပြင်ရောက် တောကျီးကန်း (၇) ကောင်တပ်ရင်းက ရဲဘော်တွေ စစ်မြေပြင်မှာ ထိခိုက်ဒဏ်ရာရရှိရင် ရဲဘော်အချင်းချင်း အရေးပေါ်ပြုစု ကုသပေးနိုင်အောင် လက်တွေ့ သင်ကြားပို့ချခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNDF ၄နှစ်တာခရီး မှတ်တမ်းဓာတ်ပုံများ တပ်ရင်း (၅) ထုတ်ပြန် (ဓတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တည်ထောင်ခြင်း ၄နှစ်ပြည့်အဖြစ် မှတ်တမ်းဓာတ်ပုံများကို KNDFတပ်ရင်း (၅) က ဒီကနေ့ မေလ ၃၁ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

NUG ထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့ကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်

NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းက ခမ်းပတ်မြို့နဲ့ ကနန်ကျေးရွာကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူနှစ်ဦးသေဆုံးခဲ့ရကြောင်း ဒေသခံတွေထံက သိရပါတယ်။