ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ အာဏာသိမ်းစစ်တပ် ပြုလုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်သူများစွာ ဆန္ဒပြခဲ့ကြတယ်လို့ ကရင်လူငယ်အစည်းအရုံး (KYO) က ဖော်ပြထားပါတယ်။

ကရင်လူငယ်အစည်းအရုံးက ဦးဆောင်ပြုလုပ်တဲ့ ဒီဆန္ဒပြမှုဟာ ဒုတိယအကြိမ် ဖြစ်ပြီး ပြည်သူလူထု အင်အား ၄၀၀၀ ဝန်းကျင်က ကား၊ ဆိုင်ကယ်၊ ခြေလျင် ပုံစံမျိုးစုံနဲ့ ချီတက်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ အာဏာသိမ်းစစ်တပ်ဟာ လူမျိုးပေါင်းစုံ ပြည်သူတွေအပေါ် နှစ်ပေါင်း ၇၀ ကျော်ကြာ ရာဇဝတ်မှုတွေ ကျူးလွန်ထားတာဖြစ်ပြီး ဒါတွေကို ရပ်တန့်ဖို့ အတုအယောင် ရွေးကောက်ပွဲကို ပြည်သူနဲ့အတူ တော်လှန်တိုက်ဖျက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သောင်းကျန်သူ စစ်အုပ်စု အဆက်ဆက်ဟာ လူမျိုးပေါင်းစုံ ပြည်သူတွေရဲ့ အဓိက ဘုံရန်သူဖြစ်ပြီး စစ်အုပ်စု နှစ်ပေါင်းများစွာ ကျင့်သုံးလာတဲ့ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်မှသာ လူမျိုးပေါင်းစုံ ပြည်သူတွေ ဖိနှိပ်အုပ်ချုပ်မှုအောက်ကနေ လွတ်မြောက်ကာ ငြိမ်းချမ်းသာယာတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မယ်လို့ ကရင်လူငယ်အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အဦးတွေကို မြို့ပြတော်လှန်ရေးအဖွဲ့တွေ ဆက်တိုက်ဆိုသလို တိုက်ခိုက်လာ

အကြမ်းဖက်စစ်ကောင်စီရဲ့ အဓိကအာဏာတည်မြဲရာ ရန်ကုန်မြို့ပြမှာ မြို့ပြတော်လှန်ရေးအဖွဲ့တွေရဲ့လှုပ်ရှားမှုတွေ စက်တင်ဘာလထဲ ဆက်တိုက်ဆိုသလို တွေ့လာရပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပြည်သူ ၁ ယောက် သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်က ကမိုင်ကုန်းကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို)က ထုတ်ပြန်ထားပါတယ်။
Read More

သထုံခရိုင် PDF တပ်မဟာ လက်အောက်ခံ YARMA BRIGADE တပ်ဖွဲ့က တပ်သားသစ်များခေါ်ယူနေ

သထုံခရိုင် PDF တပ်မဟာ (၁)၊ တပ်ရင်း ၇၈၀၅ မှ တော်လှန်ရေးအတွက် ရဲဘော်အသစ်များကို ခေါ်ယူလျက်ရှိကြောင်း မောင်းကို အသိပေး ပြောဆိုပါတယ်။
Read More

ယခုနှစ်အတွင်း KIO/ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို စစ်အုပ်စု အသေခံဒရုန်းနဲ့ တိုက်ခိုက်မှု ၆ ကြိမ်အထိ ရှိလာပြီဟု KIA ထုတ်ပြန်

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/ KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို အကြမ်းဖက်စစ်အုပ်စုက အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ တရုတ် အကြင်လင်မယား နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ KIO/ KIA သတင်းပြန်ကြားရေးဌာနတစ်ခုဖြစ်တဲ့ Laiza TV က အောက်တိုဘာ ၁၈ ရက် မနေ့က ညပိုင်းမှာ သတင်းဖော်ပြပါတယ်။
Read More

စစ်မှုထမ်း မဲပေါက်ခဲ့သူ လက်နက်နှင့်တကွ အလင်းဝင်လာ

အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေကြောင့် မဲနှိုက်ကာ စစ်ကော်မရှင်တပ်ထဲ ရောက်သွားခဲ့တဲ့ တပ်သား ဖြိုးမင်းစံ ဆိုသူဟာ စက်တင်ဘာ ၉ရက် မနေ့က မနက်ပိုင်းမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ထံ လက်နက်နဲ့တကွ အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။
Read More

အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်ရှောင်စခန်းတွေကို ကျွေးမွေးလှူဒါန်းမှု (ဓာတ်ပုံသတင်း)

အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဟာ ဆားလင်းကြီးမြို့နယ်က ရက်ရှည်စစ်ရှောင်စခန်း နေရာ ၃ ခုကို ၃၇၅ နပ်မြောက် လှူဒါန်းမှုအနေနဲ့ မွေးနေ့ရှင်၊ အလှူရှင်တွေကိုယ်စား ကျွေးမွေးလှူဒါန်းမှု ပြုခဲ့တယ်လို့ သိရပါတယ်။