အာဏာသိမ်းစစ်တပ်က ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ အတုအယောင် ရွေးကောက်ပွဲ စတင်ကျင်းပနေချိန်အတွင်း PDF ရဲဘော်တွေက ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ကို တက်ပြီး လုံခြုံရေးစစ်ဆေးမှု လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲအတုအတွက် စစ်တပ်က လုံခြုံရေးတွေ တိုးမြှင့်ထားချိန်မှာပဲ PDF ရဲဘော်တွေက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၈ အနီးမှာ ဖြတ်သွားဖြတ်လာ ကားတွေကို စစ်ဆေးရေးလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီနေ့မနက်ပိုင်း ရန်ကုန်-မန္တလေး အမြန်လမ်းမှာပဲ မိုင်တိုင် ၃၃၁ အနီးမှာ PDF တွေနဲ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံတွေ မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါ တယ်။ အဆိုပါ ထိတွေ့မှုနဲ့ ပတ်သက်လို့တော့ မောင်းအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။