စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမတိုင်ခင်ညမှာ ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၇ ရက် ဒီနေ့ည ၈ နာရီကျော်လောက်မှာ မြဝတီမြို့ အမှတ် (၄) ရပ်ကွက်ရှိ ကြံခိုင်ရေးရုံး၊ ရှေ့တန်းရုံး နဲ့ မဲရုံဆောက်လုပ်ထားတဲ့နေရာတစ်ဝိုက်မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။

“မြဝတီဈေးရှေ့က ကြံ့ဖွတ်ရုံးရှေ့ပေါက်တော့၊ ရုံးနားက ကလေးမလေးတစ်ယောက် အစမှန်ပြီး ဆေးရုံးပို့လိုက်ရတယ်၊ ဗုံးနဲ့ပစ်တာလား မိုင်း လားဆိုတာက‌တော့ ကျနော်တို့လည်း တိတိကျကျတော့ မသိရသေးဘူး၊ ကွဲတဲ့အသံကတော့ အကျယ်ကြီးပဲလို့ ” လို့ မြဝတီနယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

‌ပေါက်ကွဲမှုဟာ မွန်ကျောင်းရှေ့ရှိ ဆရာစံပု အမက (၆) မဲရုံလုပ်ထားတဲ့ ကျောင်းနားမှာလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ် ။ အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တံတား (၂) နားမှာ နေထိုင်တဲ့ ပြည်သူတစ်ချို့ ထွက်ပြေးတိမ်းရှောင်တာတွေရှိတယ်လို့ ဆိုပါတယ်။

မနက်ဖြန် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုဟာ အတုအယောင်ရွေးကောက်ပွဲ‌တွေကို ကျင်းပပြုလုပ်တော့မှာဖြစ်တဲ့အတွက် မြို့နယ်၊ ကျေးရွာအသီးသီးရှိ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒေသခံပြည်သူများကို ကျေးရွာတွေကနေ ရှောင်တိမ်းခိုင်းပြီး၊ စစ်အုပ်စုနဲ့ နီးရာ မဲရုံရှိရာ နေရာတွေကို သွားလာခြင်းမပြုလုပ်ကြဖို့ကို သတိပေးထုတ်ပြန်ထားပါတယ်။
ပုံ-ဆိုရှယ်မီဒီယာ

0 Shares:
You May Also Like
Read More

သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်မြဲရေးကို ထောက်ခံကြောင်း ဆားလင်းကြီးမှာ ဆန္ဒပြတောင်းဆို

ကုလသမဂ္ဂမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ပြည်သူတွေ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
Read More

သီးလုံးကျေးရွာ ပျူစောထီးစခန်းကို RPG ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက သီးလုံးကျေးရွာက ပျူစောထီးဘန်ကာစခန်းကို RPG ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကင်းပုန်းဝပ်ဖို့လာသည့် စစ်ကောင်စီတပ်သား ၄ဦးပစ်ခတ် ခံရပြီး ၄ ဦးလုံး သေ၊ သေနတ် ၄ လက်နှင့် ဆိုင်ကယ် ၂ စီး သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အဝင်မှာ ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကင်းပုန်းဝပ် စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် -၁၂၂၂ က ရိက္ခာနဲ့ အသုံးအဆောင်တွေ ထောက်ပံ့ကူညီ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ဘေး ရှောင်ပြည်သူတွေဆီကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် -၁၂၂၂ ၊ ပြည်သူ့ဆက်ဆံရေးနှင့်စည်းရုံးရေးဌာနက ဆန်၊ ဆီ၊ အဝတ်အထည်တွေနဲ့ အခြားအသုံးဆောင်ပစ္စည်းတွေ သွားရောက် လှူဒါန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးတွင် အသက် ၈၀ ကျော် အဘွားအိုနှင့် မြေးဖြစ်သူကို သံတူဖြင့် ရိုက်နှက်ပြီး ရွှေတုံးနှင့် ပိုက်ဆံများ ယူဆောင်ခဲ့သည့် အဘွားအို၏တူမဖြစ်သူ အလယ်တန်းပြဆရာမကို ဖမ်းဆီးရမိဟု စစ်အုပ်စု ထုတ်ပြန်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ အသက် ၈၄ နှစ်အရွယ် အဘွားအိုနဲ့ မြေးဖြစ်သူတို့ကို အိမ်သုံး သံရိုက်တူနဲ့ ရိုက်နှက်ပြီး ရွှေတုံးနဲ့ ငွေတွေ ယူဆောင်သွားတဲ့ အဘွားအိုရဲ့ တူမဖြစ်သူကို ဖမ်းဆီးရမိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
Read More

ကျောက်ဂူဒေသကို စစ်ကောင်စီ တစ်ရက်အတွင်း ဗုံးသီး ၅၀ ကျော် ကြဲချ၊ ပြည်သူ ၃ယောက် သေဆုံးပြီး ၁၀ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ကျောက်ဂူဒေသကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်လို့ အရပ်သားပြည်သူ (၃)ယောက် အသက်ဆုံးရှုံးခဲ့ရပြီး (၁၀)ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) က ထုတ်ပြန်ပါတယ်။