တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရန်ကင်းတံတား ကာကင်းစခန်းက စစ်ကော်မရှင်တပ်သားတစ်ဦးဟာ ၄င်းတို့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ Dawei Guerrilla Revolutionary Force – DGRF တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကင်းကျေးရွာ၊ ရန်ကင်းတံတား ကာကင်းစခန်းမှာ တာဝန်ကျနေတဲ့ ခလရ (၂၅) တပ်ရင်းက တပ်သား ဦးဇင်မင်းဟာ Dawei Guerrilla Revolutionary Force – DGRF တပ်ဖွဲ့ထံ ဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ သိရတာပါ။

အလင်းဝင်ရောက်ပြီနောက် ဦးဇင်မင်းဟာ လွတ်မြောက်နယ်မြေကို သွားရောက်အလုပ်လုပ်ကိုင်ချင်တဲ့အတွက်ကြောင့် ၎င်းဆန္ဒအတိုင်း အလုပ်လုပ်နိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ် ။

တော်လှန်ရေးနဲ့ စစ်ရေးအရှိန် မြင့်လာတာနဲ့အမျှ ပြည်သူဘက်၊ အမှန်တရားဘက် ရပ်တည်လိုတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပျုစောထီးများ၊ ပြည်သူ့စစ်များနဲ့ စစ်ကော်မရှင် လက်အောက်ခံတပ်ဖွဲ့ဝင်များအနေနဲ့ ပြည်သူ့ရင်ခွင်ခိုလုံပြီး အမြန်ဆုံးပူးပေါင်းကြဖို့ Dawei Guerrilla Revolutionary Force – DGRF တပ်ဖွဲ့က အသိပေး ဖိတ်ခေါ်ထားပါတယ်။

ဒါ့အပြင် ပြည်သူများအနေနဲ့ အကြမ်းဖက်စစ်အုပ်စုက ကျင်းပပြုလုပ်တဲ့ တရားမဝင် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တာတွေ မပြုလုပ်ကြဖို့ နဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပတ်သက်တဲ့နေရာတွေကို သွားလာတာ‌တွေ မပြုလုပ်ကြဖို့ ကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

TNLA ရဲတပ်ဖွဲ့ဝင်တွေ နမ့်ခမ်းမြို့မှာ ကင်းလှည့်နေတဲ့ပုံရိပ်တွေ ထုတ်ပြန်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ နမ့်ခမ်းမြိုနယ်ရဲတပ်ဖွဲဝင်တွေ ကင်းလှည့်စစ်ဆေးဆောင်ရွက်‌နေမှု မှတ်တမ်းဓာတ်ပုံတွေကို ဒီဇင်ဘာလ ၁၈ ရက် ဒီနေ့မှာ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း တိုက်ပွဲများတွင် သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုဗိုလ်မှူးကြီး ဇော်မျိုးဝင်း အပါအဝင် အရာရှိနှင့် တပ်သား ၂၀ ကျော် ထိခိုက် သေဆုံးခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း အပါအဝင် အရာရှိနဲ့ တပ်သား ၂၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့သာယာဝတီခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

တစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ ပူးပေါင်းရန် MDY PDF ဖိတ်ခေါ်၊ အမှန်တကယ် စစ်တိုက်ရန် တပ်ဆင်ပံ့ပိုးနိုင်ရေး အပြည့်အဝ တာဝန်ယူသည်ဟု ဆို

တော်လှန်စစ် ဆင်နွှဲချင်တဲ့ မိတ်ဆွေရဲဘော်တွေကို တစ်ဦးတစ်ယောက်ချင်းဖြစ်စေ အစုအဖွဲ့လိုက်ဖြစ်စေ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ထုတ်လုပ်တဲ့ MTX-1A နှင့် MTX-1B လေယာဉ်တွေ စစ်ရေးမှာ ဘယ်လောက်ထိ အသုံးဝင်နိုင်လဲ

စစ်ကောင်စီဟာ ၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ သူတို့ ထုတ်လုပ်ထားတယ်ဆိုတဲ့ ကင်းထောက်လေယာဉ် MTX-1A နဲ့ MTX-1B ၂ စီး အပါအဝင် တခြားလေယာဉ်တွေနဲ့အတူ တပ်တော်ဝင်ခဲ့ပါတယ်။
Read More

ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလာသော စစ်မှုထမ်းစစ်သား ၄ ဦးကို ဖမ်းဆီးရမိ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းစစ်သား ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ (၃၃) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ ရဲတပ်ကြပ် ၁ ယောက် ဇနီးသည်နဲ့အတူ လက်နက်ယူဆောင်ပြီး အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရဲတပ်ကြပ်၁ယောက် ဇနီးသည်နဲ့အတူ လက်နက်ခဲယမ်းတွေပါ သယ်ဆောင်ပြီး မြိုင်ပကဖထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။