မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက တပ်မ (၁၀၁)လက်အောက်ခံ၊ ခလရ (၂၅၂)တပ်ရင်းနဲ့ ထောက်ပို့တပ်ရှိရာနေရာတွေကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ တပ်တွင်းထိခိုက်ပေါက်ကွဲမှုတွေ ရှိခဲ့ကြောင်း ပခုက္ကူမြို့နယ်ပကဖ၊ လက်နက်ကြီးတပ်ဖွဲ့-COBRA ONE တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်၊ မနေ့မနက်ပိုင်းက ခလရ (၂၅၂)တပ်ရင်းနဲ့ ထောက်ပို့တပ်ဝန်းအတွင်းကို စက်တပ်လေထီးတွေ ပြန်လည်ဆင်းသက်ဖို့လုပ်ဆောင်နေချိန်မှာ COBRA ONE တပဖွဲ့ဝင်တွေက အဝေးပစ် ရှော့တိုက်ဒုံး၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရတာပါ။

ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေဟာ စစ်တပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိ‌ခိုက်မှုတွေရှိခဲ့တယ်လို့လည်း ပခုက္ကူမြို့နယ်ပကဖ၊ လက်နက်ကြီးတပ်ဖွဲ့-COBRA ONE တာဝန်ရှိသူက ပြောပါတယ်။

“စက်တပ်လေထီးတွေ ထိမထိ၊ အဲ့လိုတော့ မသိရသေးဘူးဗျ။ လူတွေထိတာတော့ သိရပါတယ်။ ထိတာများတယ်။ အတိအကျ ဘယ်နှစ်ကောင်လည်းဆိုတာကိုသာ မသိရသေးတာ” လို့ ပခုက္ကူမြို့နယ်ပကဖ၊ လက်နက်ကြီးတပ်ဖွဲ့-COBRA ONE တာဝန်ရှိသူက မောင်းကိုဆက်ပြောပါတယ်။

စစ်အုပ်စုအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့ဖမ်းဆီးနိုင်ဖို့အတွက် အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးပိတ်ဆို့တာမျိုးတွေ ရှိခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ အဆိုပါတာဝန်ရှိသူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ၊ လက်နက်ကြီးတပ်ဖွဲ့-COBRA ONE တပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ ပစ်ခတ်ခဲ့အပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ပုံစာ- Cobra One တပ်ဖွဲ့ဝင်များ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်နေစဥ်

0 Shares:
You May Also Like
Read More

ဝမ်းတွင်းတွင် ဘော်ဒါနေ ကျောင်းသားပါမချန် စစ်ကောင်စီ ပေါ်တာဆွဲဖမ်းဆီး၊ စစ်ရှောင်လာသူများကို လက်မခံကြဖို့လည်း စစ်တပ်နှင့် ရပ်ကွက်အာဏာပိုင်များက လိုက်လံအမိန့်ပေးနေ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ စစ်ကောင်စီက မြို့အနှံ့ပတ်ပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေ နေ့စဥ်ရက်ဆက် လုပ်ဆောင်နေသလို စစ်ဘေးရှောင်လာသူတွေကိုလည်း မြို့နယ်အတွင်း လက်မခံဘဲ မောင်းထုတ်နေကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒီရက်ပိုင်းအတွင်း တရုတ်သွားမယ်ဟု ဆို

စစ်ကောင်စီကို ရာနှုန်းပြည့် ထောက်ခံအားပေးနေတဲ့ တရုတ်နိုင်ငံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က အခုရက်ပိုင်းအတွင်း သွားရောက်မယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

စစ်အာဏာသိမ်းမှုကြောင့် လူဦးရေ ၁၅ သန်းကျော်ဟာ စားနပ်ရိက္ခာအခက်အခဲနဲ့ လူမှုအကျပ်အတည်းတွေကိုပါ ခံစားနေရဟု UNOCHA က ထုတ်ပြန်

မြန်မာ့လူဦးရေ ၁၅ သန်းကျော် စားနပ်ရိက္ခာအခက်အခဲအပြင် လူမှုအကျပ်အတည်းမျိုးစုံ တပြိုင်နက်တည်း ရင်ဆိုင်ခံစားနေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကအသိပေးထုတ်ပြန်ပါတယ်။ 
Read More

စစ်ကိုင်းက နာမည်ကြီး ပျူခေါင်းဆောင် ရွှေကျားနဲ့အဖွဲ့ ပစ်ခတ်ရှင်းလင်းခံရပြီး ၇ ယောက် သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က နာမည်ကြီး ပျူစောထီး ခေါင်းဆောင် ရွှေကျားနဲ့အဖွဲ့ လိုက်ပါလာတဲ့ အိမ်စီးကားတွေ မင်းကွန်း-စစ်ကိုင်းလမ်းပိုင်းမှာ စောင့်ကြိုတိုက်ခိုက်ခံရပြီး ရွှေကျားအပါအဝင် သေဆုံးသူ ၇ ယောက်ရှိခဲ့ကြောင်း သိရပါတယ်။
Read More

“Hope & Resilience” Photo Exhibition ဒုဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်…

နွေဦးတော်လှန်ရေး လေးနှစ်ပြည့်အဖြစ် ဖေဖော်ဝါရီလ ၁ ရက် ဒီနေ့မှာ "Hope & Resilience" လေးနှစ်တာကာလ မြန်မာ့ဒီမိုကရေစီခရီးလမ်း မှတ်တမ်းဓါတ်ပုံပြပွဲကို ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Mulgrave community center မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပါပုတ်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိမှန်သေဆုံး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်းနဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။