မဟာမိတ်‌တော်လှန်ရေးတပ်ဖွဲ့များနဲ့အတူ တိုက်ပွဲဝင်နေတဲ့ 96 Soldiers- PDF တပ်ဖွဲ့ဝင်တစ်ယောက် စစ်အုပ်စုနဲ့ ဖြစ်ပွားတဲ့ ထိတွေ့တိုက်ပွဲအတွင်း ကျဆုံးသွားတယ်လို့ အထက်ပါတပ်ဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ရဲဘော်အောင်အောင်ဟာ မဟာမိတ်တပ်များနဲ့အတူတိုက်ပွဲဝင်နေစဥ်မှာ မြင့်မြတ်စွာကျဆုံးခဲ့တဲ့အတွက် 96 Soldiers – PDF က အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။

ရဲဘော်အောင်အောင်ဟာ နွေဦးတော်လှန်ရေးကာလကစပြီး 96 Soldiers – PDF တပ်ဖွဲ့ထဲ ပါဝင်ကာ စစ်အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန်ခဲ့သူလည်းဖြစ်ပြီး၊ သူဟာ စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲလမ်းခုလတ်မှာ မြင့်မြတ်စွာကျဆုံးခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ် ။

အခုလို ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အသက်ပေးလှူသွားတဲ့ ရဲဘော်အောင်အောင်အတွက်‌ ကြေကွဲဝမ်းနည်းကြောင်းနဲ့ စွန့်လွတ်အနစ်နာခံမှုအတွက် ဂုဏ်ယူကြောင်း၊ ထပ်မံပြီး မပြီးဆုံးသေးတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲကို ပြီးဆုံးအောင် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ပြည်သူများအရှေ့မှာ တပ်ဖွဲ့မှ ကတိသစ္စာပြုအပ်တယ်လို့လည်း 96 Soldiers – PDF ကထုတ်ပြန်ထားပါတယ်။
ပုံစာ – ကျဆုံးသွားတဲ့ ရဲဘော်အောင်အောင်

0 Shares:
You May Also Like
Read More

ယင်းမာပင် ပကဖ ရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ လက်ရုံးတပ်ဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပကဖ လက်ရုံးတပ်က ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ ခရိုင်လက်ရုံးတပ် ဖွဲ့စည်းခြင်းအခမ်းအနားတို့ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ နိုဝင်ဘာလ ၁၁ ရက်မှာ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ဝက်လက်နယ် ရှိန်းမကားတွင် အရပ်သား ၁၀ဦးထက်မနည်းကို စစ်ကောင်စီမှ သေနတ်ပစ်ခတ်ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စစ်ကိုင်း- မြစ်ကြီးနား အမှတ် (၃) လမ်းပေါ်မှာ အရပ်သား ၁၀ယောက်ထက်မနည်း စစ်​ကောင်စီတပ်ရဲ့ ပစ်ခတ် ဖမ်းဆီးခြင်း ခံထားရကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲမှ စစ်ကြောင်းပျက်ပြီး ပြေးလာသည့် ဒုတပ်ကြပ် ၁ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို လက်နက် ၃ လက်နှင့်အတူ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲကနေ စစ်ကြောင်းပျက်ပြီး ထွက်ပြေးလာတဲ့ ဒုတပ်ကြပ် ၁ ယောက်နဲ့ စစ်မှုထမ်း တပ်သားသစ် ၂ ယောက်ကို လက်နက် ၃ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ယင်းမာပင်မြို့နယ် ပကဖ (ULF စစ်ကြောင်း) က ထုတ်ပြန်ပါတယ်။
Read More

ဇီးကုန်းမှာ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို ဖမ်းဆီးရမိ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာကို ကင်းထောက်လာတဲ့ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF ထံက သိရပါတယ်။
Read More

တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့

ပြင်းထန်တဲ့ ငလျင်ကြောင့် မန္တလေးက တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

အရက်မူးကာ သွေးသစ္စာသီချင်း မြို့ပတ် အော်ဆိုခဲ့သည့် ကျောင်းအုပ်ဆရာကြီးအပါ ၃ ဦးကို စစ်တပ် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်မှာ အရက်မူးပြီး သွေးသစ္စာသီချင်းအော်ဆိုခဲ့တဲ့ ကျောင်းအုပ်ဆရာ ကြီး ၁ယောက် အပါအဝင် ပညာရေးဝန်ထမ်း ၃ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီ ဖမ်းဆီးထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။