မကြာခင်ကျင်းပပြုလုပ်တော့မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သူများကို အရေးယူမှုတွေပြုလုပ်သွားမယ်လို့ တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး (ဗဟို) အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီအတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ပါဝင်ကူညီဆောင်ရွက်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ်သိမ်းဆည်းသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် သိမ်းဆည်းသွားမယ့် ပိုင်ဆိုင်မှုများကို လွှဲပြောင်းခြင်း၊ ဝယ်ယူခြင်းများ လုံးဝ မပြုလုပ်ကြဖို့အတွက်ပါ အသိပေးထားပါတယ်။ အဆိုပါ သတိပေးမှုအတွင်း တမူးမြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေနဲ့ ပါဝင်ဆောင်ရွက်ခြင်း၊ အတုအယောင် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးခြင်းများ လုံးဝမပြုလုပ်ကြဖို့ကိုလည်း ဖော်ပြထားပါတယ်။

အဆိုပါ အတုအယောင်ရွေးကောက်ပွဲကိစ္စရပ်များမှာ ပါဝင်ပတ်သက်နေသူများကို လိုအပ်သလို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ အသိပေးဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

ဆိပ်ဖြူမှာ နိုင်ငံတစ်ဝန်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အသိပညာပေးစာစဥ်များ ဖြန့်ဝေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် သတိပြုဖို့ အချက်တွေ ပါဝင်တဲ့ စာစဉ် ဖြန့်ဝေပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်ခရိုင် ရဲမှူးရုံးမှ ဒုရဲအုပ်တစ်ဦး လက်နက်နှင့် အလင်းဝင်

အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်တစ်ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ကာ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးရဲဘော် ၂ ဦး၏ စျာပနအခမ်းအနား…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၈၀၅)တပ်ရင်း၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်က အကြမ်းဖက်စစ်တပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း ရရှိခဲ့တဲ့ဒဏ်ရာနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အမှတ်(၈၀၅)တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါတွင် ခလရ ၅၀ တပ်မှ စစ်ကြောင်းဝင်၊ ဒရုန်းဗုံးကြဲမှုများ ဆက်တိုက်လုပ်ဆောင်နေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ခလရ ၅၀ တပ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်တွေဟာ ပျားကျေးရွာကို ဝင်ရောက်ရင်း ကျေးရွာပတ်ပတ်လည်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ကလေးခရိုင် ပကဖ ရဲဘော်အတွက် ချီးမြှင့်ငွေ ထောက်ပံ့

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် အခမ်းအနားနဲ့ ချီးမြှင့်ငွေ ထောက်ပံ့ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး ၄ ယောက် သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့ကနေ လက်ပံတန်းမြို့နယ်အပိုင် ရိုးမထဲ စစ်ကြောင်းထိုးထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံက သိရပါတယ်။